.

Friday, October 31, 2014

Gay ဖြစ်ရသည်ကို ဂုဏ်ယူမိကြောင်း Apple CEO တင်မ်ကွတ်ဆို

Unknown | 11:57 AM | Unknown | 11:57 AM |
Unknown | 11:57 AM | Best Blogger Tips
Apple ၏ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ တင်မ်ကွတ်က မိမိအနေဖြင့် 
မိန်းမလျာ (gay) တစ်ဦးဖြစ်ရသည့်အတွက် ဂုဏ်ယူမိကြောင်း လူသိရှင်ကြား
ထုတ်ဖော်ပြောဆို လိုက်ပြီဖြစ်သည်။

မိမိတို့၏ အခြေအနေအမှန်အား ဖွင့်ဟရန် ခက်ခဲနေသူများအတွက် ယခုကဲ့သို့ လူသိရှင်ကြား ကြေညာချက်ဖြင့် အကူအညီပေးရန် ရည်ရွယ်သည်ဟု 
တင်မ်ကွတ်က ဆိုသည်။

ယခုသီတင်းပတ်အတွင်း မစ္စတာတင်မ်ကွတ်သည် ၎င်း၏ မွေးရပ်ဇာတိဖြစ်
သည့် အလာဘားမားပြည်နယ်တွင် မိန်းမလျာများနှင့် လိင်ပြောင်းလဲထား
သူများ၏ အခွင့်အရေး ရရှိစေရန်လည်း စိန်ခေါ်မှုများပြုလုပ်ခဲ့သည်ဟုဆိုသည်။

တင်မ်ကွတ်သည် အလာဘားမားပြည်နယ်တွင် တစ်ချိန်က မာတင်လူသာကင်း 
မိန့်ခွန်းပြောစဉ်က လိင်သဘာဝအပေါ်မူတည်၍ တန်းတူအခွင့်အရေးများ ပေးရန်
တာင်းဆိုခဲ့မှုကိုလည်း ကိုးကားပြောဆိုခဲ့သည်။

ထို့ပြင်တင်မ်ကွတ်က ယူကေရှိ LGBT များအနေဖြင့် အလုပ်သို့ရောက်သည့်အခါ 
တွင် အလုံပိတ်ဗီရိုထဲ၌ ၀င်နေရသည်က သာ၍ ဘေးကင်းလုံခြုံလိမ့်မည်ဟု 
ခံစားနေကြရကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

**LGBT = lesbian, gay, bisexual and transgender

Ref:BBC
 စည်သူကျော်စွာ
https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.343551955682612/760496170654853/?type=1&relevant_count=1
Photo: Gay ဖြစ်ရသည်ကို ဂုဏ်ယူမိကြောင်း Apple CEO တင်မ်ကွတ်ဆို
---- ---- ----

Apple ၏ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ တင်မ်ကွတ်က မိမိအနေဖြင့် မိန်းမလျာ (gay) တစ်ဦးဖြစ်ရသည့်အတွက် ဂုဏ်ယူမိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆို လိုက်ပြီဖြစ်သည်။

မိမိတို့၏ အခြေအနေအမှန်အား ဖွင့်ဟရန် ခက်ခဲနေသူများအတွက် ယခုကဲ့သို့ လူသိရှင်ကြား ကြေညာချက်ဖြင့် အကူအညီပေးရန် ရည်ရွယ်သည်ဟု တင်မ်ကွတ်က ဆိုသည်။ 

ယခုသီတင်းပတ်အတွင်း မစ္စတာတင်မ်ကွတ်သည် ၎င်း၏ မွေးရပ်ဇာတိဖြစ်သည့် အလာဘားမားပြည်နယ်တွင် မိန်းမလျာများနှင့် လိင်ပြောင်းလဲထားသူများ၏ အခွင့်အရေး ရရှိစေရန်လည်း စိန်ခေါ်မှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

တင်မ်ကွတ်သည် အလာဘားမားပြည်နယ်တွင် တစ်ချိန်က မာတင်လူသာကင်း မိန့်ခွန်းပြောစဉ်က လိင်သဘာဝအပေါ်မူတည်၍ တန်းတူအခွင့်အရေးများ ပေးရန် တောင်းဆိုခဲ့မှုကိုလည်း ကိုးကားပြောဆိုခဲ့သည်။ 

ထို့ပြင်တင်မ်ကွတ်က ယူကေရှိ LGBT များအနေဖြင့် အလုပ်သို့ရောက်သည့်အခါ တွင် အလုံပိတ်ဗီရိုထဲ၌ ၀င်နေရသည်က သာ၍ ဘေးကင်းလုံခြုံလိမ့်မည်ဟု ခံစားနေကြရကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။ 

**LGBT = lesbian, gay, bisexual and transgender

Ref:BBC

စည်သူကျော်စွာ

No comments :

Post a Comment

Twitter Bird Gadget