.

Friday, October 31, 2014

ဂျပန်မှမြန်မာသို့လှူဒါန်းသည့် ကူးတို့သင်္ဘောသုံးစီးရောက်ရှိ

Unknown | 11:52 AM | Unknown | 11:52 AM |
Unknown | 11:52 AM | Best Blogger Tips
ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ကူးတို့သင်္ဘောသစ်သုံးစီးကို တင်ဆောင်လာသော သင်္ဘောကြီးတစ်စီး မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း NHK သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါသင်္ဘောများအား ရန်ကုန်မြစ်အတွင်း ရေချရန် အလုပ်သမားများက
ကြီးမားသည့် ၀န်ချီစက်ကြီးများ အသုံးပြုခဲ့ရသည်ဟု ဆိုသည်။

ကူးတို့သင်္ဘောတစ်စီးလျှင် တန်ချိန် ၂၉၀ အလေးချိန်ရှိသည်။ အဆိုပါ 
သင်္ဘောများကို ဂျပန်နိုင်ငံတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဖွံ့ဖြိုးတိုး 
တက်မှုစီမံကိန်း တရားဝင် သဘောတူညီချက်အရ မြန်မာနိုင်ငံသို့
ပးအပ်ခြင်း ဖြစ်ကြောင်း NHK တွင် ဆိုထားသည်။

အဆိုပါသင်္ဘောများအား လက်ရှိအသုံးပြုနေသည့် နှစ် ၇၀ သက်တမ်းရှိ 
သင်္ဘောများ နေရာတွင် အစားထိုးသွားမည်ဟု သိရသည်။

အဆိုပါသင်္ဘောသုံးစီးကို မြန်မာနိုင်ငံသို့မောင်းနှင်လာရန် စဉ်းစား
မိခဲ့သော်လည်း တိုင်ဖွန်းမုန်တိုင်းရာသီကြောင့် သင်္ဘောကြီးတစ်စီးဖြင့် 
တင်ဆောင်လာရခြင်းဖြစ် ကြောင်း ဂျပန်သင်္ဘောကုမဏီမှ တာဝန်ရှိသူ
တစ်ဦးက ဆိုသည်။ ဂျပန်မှ မြန်မာသို့ရောက်ရှိရန် ရေကြောင်း ခရီးဖြင့် 
ကိုးရက်ကြာမြင့်ခဲ့ ကြောင်း သိရသည်။

Ref:NHK

photo credit>>myanmarinternationaltv

စည်သူကျော်စွာ
https://www.facebook.com/NewsWatchJournal?hc_location=timeline

(ဓာတ်ပုံတွင် ပန်းဆိုးတန်းဆိပ်ကမ်းသို့ ရောက်ရှိနေသော သင်္ဘောကြီးများကို တွေ့မြင်ရသည်)
Photo: ဂျပန်မှမြန်မာသို့လှူဒါန်းသည့် ကူးတို့သင်္ဘောသုံးစီးရောက်ရှိ
---- ---- ----

ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ကူးတို့သင်္ဘောသစ်သုံးစီးကို တင်ဆောင်လာသော သင်္ဘောကြီးတစ်စီး မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း NHK သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ 

အဆိုပါသင်္ဘောများအား ရန်ကုန်မြစ်အတွင်း ရေချရန် အလုပ်သမားများက ကြီးမားသည့် ၀န်ချီစက်ကြီးများ အသုံးပြုခဲ့ရသည်ဟု ဆိုသည်။ 

ကူးတို့သင်္ဘောတစ်စီးလျှင် တန်ချိန် ၂၉၀ အလေးချိန်ရှိသည်။ အဆိုပါ သင်္ဘောများကို ဂျပန်နိုင်ငံတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်း တရားဝင် သဘောတူညီချက်အရ မြန်မာနိုင်ငံသို့ ပေးအပ်ခြင်း ဖြစ်ကြောင်း NHK တွင် ဆိုထားသည်။ 

အဆိုပါသင်္ဘောများအား လက်ရှိအသုံးပြုနေသည့် နှစ် ၇၀ သက်တမ်းရှိ သင်္ဘောများ နေရာတွင် အစားထိုးသွားမည်ဟု သိရသည်။ 

အဆိုပါသင်္ဘောသုံးစီးကို မြန်မာနိုင်ငံသို့မောင်းနှင်လာရန် စဉ်းစားမိခဲ့သော်လည်း တိုင်ဖွန်းမုန်တိုင်းရာသီကြောင့် သင်္ဘောကြီးတစ်စီးဖြင့် တင်ဆောင်လာရခြင်းဖြစ် ကြောင်း ဂျပန်သင်္ဘောကုမဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဂျပန်မှ မြန်မာသို့ရောက်ရှိရန် ရေကြောင်း ခရီးဖြင့် ကိုးရက်ကြာမြင့်ခဲ့ ကြောင်း သိရသည်။ 

Ref:NHK 

photo credit>>myanmarinternationaltv

စည်သူကျော်စွာ

(ဓာတ်ပုံတွင် ပန်းဆိုးတန်းဆိပ်ကမ်းသို့ ရောက်ရှိနေသော သင်္ဘောကြီးများကို တွေ့မြင်ရသည်)

No comments :

Post a Comment

Twitter Bird Gadget