.

Sunday, October 5, 2014

Hacker သမားတွေကြာင့် ဂီတကြယ်ပွင့်အဆိုတော်အမျိုးသမီး၏အ၀တ်စားလစ်ဓာတ်ပုံများ အွန်လိုင်းပေါ်ပျံနှံ့နေသည်။

Unknown | 9:40 AM | Unknown | 9:40 AM |
Unknown | 9:40 AM | Best Blogger Tips
 


 

ဆိုက်ဘာ အဖျက်သမား Hacker များ၏ လက်ချက်ဟု ယူဆရသည့် အခြေအနေကြောင့် အမေရိကန်မှ ရုပ်ရှင်နှင့် ဂီတကြယ်ပွင့် အမျိုးသမီးများ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ အင်တာနက်တွင် ပျံ့နှံ့ခဲ့ကြောင်း သိရှိရသည်။
ဩဂုတ်(၃၁)ရက် နံနက်ပိုင်းမှ စတင်ကာ အော်စကာဆုရှင် မင်းသမီး ဂျနီဖာလောရင့်စ်နှင့် Pop ဂီတစတား ရီဟားနားတို့၏ ဓာတ်ပုံများ အပါအဝင် နာမည်ကျော်တို့၏ အဖော်အချွတ်ဓာတ်ပုံ အများအပြား Social Media များပေါ် ရောက်လာခြင်း ဖြစ်သည်။ “ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို တခြားသူတွေက ဆောင်ယူသွားတယ်လို့ ခံစားရတာက ထူးဆန်းတယ်၊ လက်ခံဖို့လည်း ခက်တယ်”ဟု The Hunger Games ဇာတ်ဆောင်မင်းသမီး လောရင့်စ်က Twitter ပေါ်တွင် ရေးသားခဲ့သည်။
အချို့သော နာမည်ကျော်များက မိမိတို့၏ ပုဂ္ဂိုလ်ရေး ဓာတ်ပုံများ လူသိရှင်ကြား ဖြစ်ခဲ့သဖြင့် စိတ်ပျက်မိကြောင်း ထုတ်ဖော် ဝန်ခံကြပြီး အချို့ကမူ ယင်းဓာတ်ပုံများသည် မိမိတို့၏ ပုံရိပ် အစစ်အမှန် မဟုတ်ဘဲ လုပ်ကြံဖန်တီးထားခြင်း သက်သက်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟီလာရီဒပ်ဖ်၊ အမ်ဘာဟတ်ဒ်တို့ကဲ့သို့ မင်းသမီးများ၊ အက်ဗရာလက်ဂ်ဗင်း ကဲ့သို့ အဆိုတော်များ၊ ကိတ်အပ်တန်ကဲ့သို့ ကိုယ်ဟန်ပြ မော်ဒယ်လ်များနှင့် အမေရိကန် အမျိုးသမီး လက်ရွေးစင် ဂိုးသမား ဟုပ်ဆိုလို၏ ဓာတ်ပုံများပါ အင်တာနက်ပေါ် ပျံ့နှံ့ခဲ့ကြောင်း သတင်းများက ဆိုသည်။
“လောရင့်စ်ရဲ့ ဓာတ်ပုံတွေကို ခိုးယူခြင်းဟု မူပိုင်ခွင့်ကို ချိုးဖောက်လိုက်တာပါပဲ။ ဒီကိစ္စအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဆက်သွယ်လာပါတယ်။ ဒီလုပ်ရပ်ကို ကျူးလွန်သူ ဘယ်သူ့ကိုမဆို ဥပဒေအရ အရေးယူနိုင်ဖို့ ကြိုးစားသွားမှာပါ”ဟု လောရင့်စ်၏ ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည်။
တက်သစ်စ အဆိုတော် မင်းသမီးလေး အေရီယာနာ ဂရန်ဒီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က အင်တာနက်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံများမှာ သူမ၏ အစစ်အမှန် ပုံရိပ်များ မဟုတ်ဟု ငြင်းဆိုခဲ့သည်။ မင်းသမီး မေရီအဲလိဇဘက်သ် ဝင်းစတက်ဒ်ကမူ သူမ၏ ပုဂ္ဂိုလ်ရေး လျှို့ဝှက်အပ်သော ဓာတ်ပုံများ ပေါက်ကြားသဖြင့် စိတ်ပျက်မိကြောင်း ဝန်ခံခဲ့သည်။ အဆိုပါ ဓာတ်ပုံများသည် iCloud ရှိ Account များမှ ခိုးယူခံရခြင်းဟု သတင်းများ ထွက်ပေါ်နေသည်။
အဲလိဇဘက်သ်က “ဒီဓာတ်ပုံတွေကို ကျွန်မရဲ့ ခင်ပွန်းသည်က ပြီးခဲ့တဲ့ နှစ်ပိုင်းတွေတုန်းက ရိုက်ပေးထားတာပါ။ ဒါဟာ ကျွန်မတို့ အိမ်ရဲ့ ပုဂ္ဂိုလ်ရေး ပိုင်ဆိုင်မှု တစ်ခု ဖြစ်ပါတယ်။ အခုတော့ လူတကာလက်ထဲ ရောက်နေပြီ။ ကိုယ်သာ ဒီလို ကြုံရရင် ဆိုတာမျိုး တွေးကြည့်ပြီး ခံစားပေးဖို့ မျှော်လင့်ပါတယ်”ဟု Twitter တွင် ရေးသားထားသည်။

_Ref: Channelnewsasia

No comments :

Post a Comment

Twitter Bird Gadget