ဒေါ်အေင်ဆန်းစုကြည် မွတ်ကုလားကိုလက်အုပ်ချီတဲ့ကိစ္စကြီး
အွန်လိုင်းပေါ်မှာ ပျံ့နှံအော်ဟစ်နေတုန်းက အလင်းရှင်ဒီဓာတ်ပုံ
ကို သတိမရဘူးဗျာ။ အခုမှ Data တွေထဲ လှန်လှောကြည့်ရင်း
တွေ့လို့ တင်ပေးလိုက်ပါတယ်။
ဒေါ်စုကြည်ကို ကန့်ကွက်နေတဲ့ မျိုးချစ်တွေ အကယ်၍ ဒေါ်စုသာ
ခရစ်ယန်ဖြစ်တဲ့ အိုဘားမားလို့ ဗုဒ္ဓဘာသာပင်ညောင်ပင်ကို
လက်အုပ်ချီကန်တော့ခဲ့ စိုက်ခဲ့ရင် ဘယ်လောက်များ အော်
နေကြမလည်းမသိဘူးနော် .. .
ဒါ့ကြောင့် မျိုးချစ်ဆိုသော ဒေါ်စုကို တိုက်ခိုက်နေတဲ့သူတွေရေ
မင်းတို့တွေ စာတွေဖတ်ကြပါဦးလို့ပဲပြောချင်ပါတယ်။
အခုအောက်မှာချိပ်ပေးလိုက်တဲ့လင့်တွေက အလင်းရှင်ကိုယ်တိုင်
အိုဘားမားလက်အုပ်ချီရှိခိုးတဲ့အကြောင်းကို လေ့လာရေးထားတဲ့
လင့်တွေပါ။
လက်အုပ်ချီတယ်ဆိုတာ နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့
နိုင်ငံတော်နဲ့နိုင်ငံသားတိုင်းငြိမ်းချမ်းရေးအတွက် သမ္မတတစ်
ယောက်ရဲ့ ပြယုဂ်တစ်ခုပါ။
ဒီလောက် လွယ်ကူတဲ့Thinking လေးတစ်ခုကို ပါဠိတော်
အဋ္ဌကထာ ဋီကာတွေ Reference လုပ်ပြီး ကိုးကားရေးပြဖို့
တောင်မလိုပါဘူး။
ဘာသားခြားကိုလက်အုပ်ချီလိုပျက်တယ်မပျက်ဘူးဆိုတာ
ထိုလက်အုပ်ချီသူရဲ့ ဟာဒယ၀တ္ထုဖြစ်တဲ့ စိတ်နဲ့ပဲဆုံးဖြတ်နိုင်တာပါ။
လက်အုပ်ချီသူဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ချီတယ်ဆိုတာကိုသိမှ
သရဏဂုဏ်ပျက်တယ်မပျက်ဘူးလို့ ဆုံးဖြတ်နိုင်တာပါ။
သိပ်သိချင်ရင် အလင်းရှင်ရဲ့ဘလော့မှာ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကဏ္ဍ)
မှာ ကျမ်းစာအုပ်ပေါင်း ထောင်ချီရှိတယ် ။အဲဒီအထဲမှာမှ
သရဏ၈ုံဝိနိစ္ဆယ ဆိုတဲ့ကျမ်းစာအုပ်ရှိတယ်။ အဲဒါကို Down
ပြီးတော့ဖတ်ကြ။ စာကြေရင် သိမယ်။မကြေရင်တော့မသိဘူး
ပေါ့ကွာ။
Facebook ပေါ်ရေးတင်ပြီးရင် ပြန်ရှာရတာလိုင်းမကောင်းတော့
ခက်တယ်။ blog ပေါ်ကတော့ Search ဘောစ်ရှိတော့ အဲဒီက
နေ ကိုယ်ရေးတင်ထားတာကို ပြန်ရှာရတာလွယ်တယ်လေ။
ဒါ့ကြောင့် Facebook လင့်ကို မချိပ်ပေးနိုင်တာပါ။
ဒါ့ကြောင့် အောက်က blog မှာ ၀င်ကြည့်ပါ ဓာတ်ပုံအပြည်အစုံ
တင်ထားပါတယ်။
(၁)
http://alinshin.blogspot.com/2015/02/blog-post_60.html
(၂)
http://alinshin.blogspot.com/2015/02/blog-post_11.html
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)


No comments :
Post a Comment