.

Monday, May 11, 2015

ရွှေတိဂုံကို ကာကွယ်ပါ

Unknown | 6:21 PM | Unknown | 6:21 PM |
Unknown | 6:21 PM | Best Blogger Tips

မဘသ၊969 ၊ မဟန စတဲ့သံဃခေါင်းဆောင်ဟုအမည်ခံအဖွဲ့
တွေဟာ စစ်ခွေးကြံ့ဖွတ်ရဲ့ လက်ကိုင်တုတ်မျှသာဖြစ်တယ်ဆို
တာ ပေါ်လွင်ထင်ရှားလှသည်။ တရုတ်ကြီးဆိုရင် ကြောက်သည်။
ကုလားဆိုရင် မုန်းသည်။
အခုလည်းရွှေတိဂုံစေတီတော်ကို ကာကွယ်ဖို့ အတွက် သူတို့ရှေ့
တန်းထွက်မလာခဲ့ကြပေ  .. .
ပြည်သူကို ကုလားနဲ့ရန်တိုက်ပေးဖို့ဆိုရင် သေချာတယ်  . .သူတို့
ရှေ့ဆုံးကပေါ့။
(ဖာသည်မ)လို့ ဆဲဖို့ဆိုရင်  . .. သူတို့ရှေ့ဆုံးကပေါ့ .. ။
တကယ့်အရေး တကယ့်ဘေး ဖြစ်တဲ့ ရွှေတိဂုံစေတီတော်နှင့်တကွ
အခြားသော ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီသိမ်တွေကို
တရုတ်ကြီးစစ်ခွေးတို့ ဖျက်မယ်ဆိုရင် အဲဒီ (မဘသ) ၊ (969) (မဟန)
တို့က ဖျက်ကောင်းတယ်ဟုပင်  . . .ပါဠိတော် ၊အဋ္ဌကထာ၊ ဋီကာ၊များ
ဖြင့်ပင် အားပေးအားမြောက်ပြုသည်ကို ပိဋကက်စာပေလေ့လာနှံ့စပ်
သူများသိကြပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
မူရင်းသတင်းဆောင်းပါး
ကမ္ဘာကျော် အမွေအနှစ် ဆုံးရှုံးရမည့် အန္တရယ်
ရွှေတိဂုံဘုရားနားမှာ ရွှေတိဂုံဘုရားလမ်းဘေးက စစ်တပ်ကွာတာ
ဟောင်းတွေဖြိုပြီးကွန်ဒိုစီမံကိန်းကြီး တခုစတော့မယ်လို့သိရပါတယ်။ 
တပ်ပိုင်တာတွေဦးပိုင်တာတွေ အဘပိုင်တာတွေ ဘာတွေညာတွေ 
တခုမှ ကျနော်မပြောလိုပါ ။ 

ကျနော်ပြောချင်တာကတော့ (အများပြောနေကြတဲ့ ရွှေတိဂုံစေတီ
တော်ကြီးထက်မြင့်သွားမယ်ကွယ်သွားမယ် အေးချမ်းတဲ့အရသာပျက်
သွားမယ် ဆိုတာတွေထက်) ဘူမိဗေဒအမြင်အရပြောချင်တာပါ။

အဲသည်လောက်ကြီးမားတဲ့ အထပ်မြင့် အိမ်ယာများ ဆောက်လုပ်ရေး
စီမံကိန်းအတွက် Foundation အတွက် မြေအောက် Car Park တွေ
အတွက် မြေကိုအတော်နက်နက် (အနည်းဆုံး မီတာ ၂၀လောက်တော့) 
တူးဖော်ရပါမယ်။ 
ဒီအခါမှာရွှေတိဂုံစေတေီတော်ကြီးရဲ့အောက်မှာ ရှိနေတဲ့ မြေသားတွေရဲ့
အမျိုးအစားပေါ်မူတည်လို့ အကယ်၍ ရေအောင်းမြေလွှာ Acquifier 
Layer ရှိနေခဲ့မယ်ဆိုရင်ထိုမြေလွှာထဲတည်ရှိနေတဲ့ မြေအောက်ရေဟာ
မြေအောက် နိမ့်ရာ မျက်နှာပြင်အပွင့်ရှိရာ ကွန်ဒိုစီမံကိန်းအတွက်တူး
ထားတဲ့ တွင်းကြီး ဘက်ကိုစီးဆင်းထွက်လာပါလိမ့်မယ်။ Ground Water 
Seepage လို့ခေါ်ပါတယ်။ 
လူ့အမြင်မှာအဝေးကြီးပါလို့ထင်ရပေမဲ့ မြေအောက်ဘူမိနေထားတွေ
ဟာ မိုင်ပေါင်းများစွာဝေးနေလည်းဆက်စပ်နေတာပါ။ ဒီအခါမှာမြေလွှာ
ဟာ ရေတွေထွက်သွားတဲ့အတွက်ပိုမို သိပ်သည်းလာပြီး ထုထည်နည်း
လာကာ စေတီတော်ကြီးထိုင်နေတဲ့မြေမျက်နှာပြင်မှာ နိမ့်ကျလာနိုင်ပါ
တယ်။ Settlement လို့ခေါ်ပါတယ်။
နေ့ချင်းညချင်းမဖြစ်ပဲ လနဲ့နှစ်နဲ့ချီ လာမှသိသာလာမှာပါ။ စေတီတော်
ကြီးတည်ထားတာ ဘာ Pile / Deep Foundation မှရှိခဲ့တာမဟုတ်ပါ
ဘူး။တောင်ပေါ်မှာ အုတ်စီထားယုံပါ။ ကန်တော်မင်ပန်းခြံက ရေကန်ဟာ
လည်း သူ့ဟာသူနေနေရင်သူ့ဟာသူနေနေရင်ဘာမှ မဖြစ်ပေမဲ့ အနားမှာ 
Deep Excavation ကြီး 
ရှိလာတဲ့အခါ မြေအောက်ရေ ရွေ့လျောဖို့ အကြောင်းတခုဖြစ်လာနိုင်
ပါသေးတယ်။ပြီးတော့ အဲဒီကွန်ဒိုတွေအတွက် ဘယ်ကရေကိုပေးမှာလဲ။
အဲဒီမှာပဲ အ၀ီစိတွင်းတူးရင်တော့ အင်း......တဖြေးဖြေးနဲ့ .... ။

အဲဒီလိုဖြစ်လာရင် မပြောကောင်းမဆိုကောင်းစေတီတော်ကြီး တိမ်းစောင်း
လာတာတို့ ကွဲအက်တာတို့ဖြစ်လာနိုင်ပါတယ်။ ရင်ပြင်တော် တဘက်
စောင်းကျတာ ကွဲအက်တာတွေ စေတီရံတွေ ဆောင်းတန်းတွေ အကုန် 
သက်ရောက်လာနိုင်ပါတယ်။ အနားက မဟာ ၀ိဇယစေတီတော်လည်း
ထည့်စဉ်းစားရ မှာပါ။
ဖြစ်လာမှ ပြုပြင်လို့မရတော့ပါ။ အခု ဘာမှမဖြစ်တာက အနီးအနားမှာအဲ
သည်လို Deep Excavation / Deep Foundation နဲ့ဆောက်တဲ့ အေ
ဆာက်ဦး ရှိမှမရှိခဲ့သေးတာ။ ကမ္ဘာကျော် အမွေအနှစ်ကြီးတခုခုဖြစ်ရင် 
ဆုံးရှုံးမှုကြီးမားလှပါမယ်။ 
ဒဏ္ဍာရီပြောပြော ဘာပြောပြော ရွှေတိဂုံစေတီတော်ကြီးနဲ့ ပင်လယ်ဝနဲ့ 
ဆက်နေတဲ့ မြေအောက်ရေကြောလိုလို လှိုဏ်ခေါင်းလိုလို မြေအောက်မှာ 
ရှိခဲ့တယ်ဆိုတဲ့အချက်ကိုလည်း လျစ်လျူရှုထားလို့တော့မဖြစ်ပါ ။

ဒါတွေက စေတီတော်ကြီးအတွက်သာမကပါဘူး။ ဆောက်လုပ်မဲ့ ကွန်ဒို
တွေနဲ့ ၀င်းကြီးတခုလုံးအတွက် Technicallyရေရှည် စိတ်ချရအောင် 
အရေးတကြီး ထည့်သွင်းစဉ်းဖို့ပါ။ Deep Excavation မတူးဘူး။ Multi 
Storeyed Car Park ကိုလည်း မြေပေါ်မှာပဲ အဆင့်ဆင့်လုပ်မယ်ဆို
ရင်တော့ တော်သေးမှာပါ။ 
ဒါတောင် အုတ်မြစ်အတွက် Deep Piles တွေ တူးရဦးမှာပါပဲ။ ဆောက်မဲ့
နေရာက စေတီတော်ကြီးနဲ့အရမ်းဝေးပါတယ် အပူလွန်နေတယ်လို့ပြော
ရင်လည်း မပြောလိုတော့ပါဘူး။ ကျနော် ကန့်ကွက်နေတာလည်းမဟုတ်ပါ။
တွေးသင့်လုပ်သင့် တယ်ထင် တာလေးကိုပြောပြကြည့်တာပါခင်ဗျ ။ 
ကျနော် ပူပင်စိုးရိမ်တဲ့အနေအထားကို ပုံကြမ်းလေးဆွဲပြထားပါတယ်။
သတင်းဓါတ်ပုံ-Min Aung Khaing.
https://www.facebook.com/photo.php?fbid=10203250651427236&set=pcb.10203250651787245&type=1



No comments :

Post a Comment

Twitter Bird Gadget