.

Thursday, April 30, 2015

သီရိလင်္ကာ အမျိုးသားရေးအစွန်းရောက်အဖွဲ့ကို တရားစွဲဖို့ တရားရုံးက ရဲဌာနကို ညွှန်ကြား

Unknown | 6:40 PM | Unknown | 6:40 PM |
Unknown | 6:40 PM | Best Blogger Tips
ဧပြီ ၂၉၊ ၂၀၁၅
M-Media
IMG_5865~1.jpg-214092
– သီရိလင်္ကာနိုင်ငံရှိ အမျိုးသားရေးဝါဒီဘုန်းကြီးများ တည်ထောင်ထားသည့် ဘီဘီအက်စ် ခေါ် Bodu Bala Sena အဖွဲ့ဝင်များကို တရားစွဲဆိုရန်အတွက် ကိုလံဘိုတရားရုံးက ရဲဌာနကို ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
ဧပြီ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ယင်းညွှန်ကြားချက်ကို ပြင်းထန်သည့် ရာဇ၀တ်မှုများ ကိုင်တွယ်သည့် Colombo Fort Magistrate တရားရုံးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် နိုင်ငံသား မွတ်စလင်များအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ရာ၌ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဘီဘီအက်စ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ်သည့် ဘုန်းကြီး Ven Galagodaaththe Gnanasara Thero ကို ဦးတည်ပြီး စွဲချက်တင်ရန် ဖော်ပြထားသည်။
စွဲချက်များထဲတွင် ကိုလံဘိုမြို့ရှိ နိပွန်ဟိုတယ်ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်မှု ၊ Jathika Bala Sena (JBS) မှ ကျင်းပသည့် မီဒီတွေ့ဆုံပွဲကို နှောင့်ယှက်ဖျက်ဆီးမှုများအပြင် ၊ ရဲဌာနတစ်ခု၏ မျက်နှာချင်းဆိုင်တွင် ကုရ်အာန်ကျမ်းကို ဆန့်ကျင်ရှုတ်ချသည့် မှတ်ချက်များ ဟောပြောတင်မှုတို့ ပါဝင်ကြောင်း သိရသည်။
Ref: Colombopage

No comments :

Post a Comment

Twitter Bird Gadget