.

Sunday, April 12, 2015

ဝဋ်ကျွေးတုံ့တင် .. ရှိပါရင်သော်

Unknown | 7:55 AM | Unknown | 7:55 AM |
Unknown | 7:55 AM | Best Blogger Tips



... လက်နက်မဲ့ ပြည်သူကို သေနတ်နဲ့ ချိန်ပြီး ပြေးရိုက်လိုက်၊ ပြေးကန်လိုက် နဲ့
သတ္တိပြခဲ့တဲ့ စစ်သွေးကြွ တပ်က စစ်သားတွေ၊ ....

... ငွေကြာရံ ဘုန်းကြီးကျောင်းကို ဝင်စီးပြီး ဘုန်းကြီးတွေကို သေနတ်ဒင်နဲ့ထု၊ စစ်ဖိနပ်နဲ့
ကန်ခဲ့တဲ့ စစ်သွေးကြွတပ်က စစ်သားတွေ ...

.. အခု သူတို့ ရှေ့က သေနတ်နဲ့ ချိန်ထားတဲ့ လူတွေကို ပြေးကန်ပြီး သတ္တိ မပြနိုင်တော့ပါလား ..။

ကိုထိုက်
(ဓါတ်ပုံ - ကိုဂါမဏိထံမှ)
ဝဋ်ကျွေးတုံ့တင်  ..   ရှိပါရင်သော်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
အထက်ပါစကားရပ်ကို ထောက်ဆမိလေသော်  . ..
ဝိပါက၀ဋ်ကျွေးအကြောင်းကို ပိဋကတ်မုံသောက် ပါဠိသူရဲကြီး
ဖြစ်သူ မာန်လည်ဆရာတော်ဘုရားကြီးမိန့်ကြားသည်ကို အမှတ်ရမိပါသည်
̏ အကုသိုလ်နှင့် ၊ ကုသိုလ်ဟုမည် ၊ ကံနှစ်တည်သည် ၊ လက်သည်ပြုသူ၊
တိုက်တွန်းသူတို့ ၊ ထိုသူနှစ်မျိုး ၊ ပြစ်အကျိုးမျှ ၊အတူရ၏˝
(မဃဒေ၀- မာန်လည်ဆရာတော်)
ထို့ကြောင့်  . . . .
မြန်မာနိုင်ငံအ၀ှမ်းလုံးရှိ  . . .
စေတီပုထိုးဘုရားကျောင်းကန်ဇရပ်များနှင့်ရဟန်းရှင်လူကျောင်းသားပြည်သူ
ထုတို့အား မိုက်မဲစွာသတ်ဖြတ်နှိပ်စက်ထောင်ချခဲ့ကြကုန်သော စစ်သား၊ရဲများ
တရားသူကြီးစသည်တို့သည် အမိန့်ပေးသူ စစ်ခွေးဗိုလ်ချုပ်ကြီးများနှင့်တစ်ညီတစ်
မျှ ထိုကြီးမားသောအကုသိုလ်အထုတ်အပိုးကြီးကို သံသာရခရီးတစ်လျှောက်
သည်သွားကြရမည်မှာ ယခုပစ္စုပ္ပန် မျက်မှောက်မြင်နေရသည်မဟုတ်ပါလား
သဗ္ဗေ သတ္တာ ကမ္မဿ  ကာ
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Post a Comment

Twitter Bird Gadget