.

Tuesday, January 13, 2015

အကြမ်းဖက်အဖွဲ့ထဲတွင် နိုင်ငံတော်သမ္မတရုံး ၀န်ထမ်းတစ်ဦးပါဝင်နေ

Unknown | 9:51 AM | Unknown | 9:51 AM |
Unknown | 9:51 AM | Best Blogger Tips
အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟုဆိုသူများကို 
ရှမ်းပြည်နယ်တရားလွှတ်တော်ရုံးသို့ ခေါ်ဆောင်လာစဉ်
 (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)

နိုင်ငံတော်သမ္မတရုံး ၀န်ထမ်းတစ်ဦးပါဝင်သည့် လူ ၂၀ ဦးပါအဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်သည့် အမှုဖြင့် ထောင်ဒဏ်များချမှတ် လိုက်ရာတွင် သမ္မတရုံးမှ ဝန်ထမ်း တစ်ဦးပါဝင်ကြောင်း သတင်း ရရှိသည်။

တောင်ကြီးခရိုင်တရားရုံး တွင် ဇန်န၀ါရီ ၁၂ ရက်က အမိန့် ချမှတ်လိုက်ခြင်းဖြစ်ပြီး ၎င်းတို့ထဲ ၌ ထောင်ဒဏ်အပြစ်ပေးခံရသူ သမ္မတရုံး ၀န်ထမ်းမှာ ရုံးအမှတ် (၁၈)မှ (၅၅) နှစ်အရွယ် ဦးပိုက်ခမ်း ဆိုသူ ဖြစ်သည်။ ၎င်းကို ထောင် ဒဏ် ၁၄ နှစ် အမိန့်ချမှတ်ခဲ့ကြောင်းထိုအမှုနှင့် နီးစပ်သည့် ရဲအရာရှိ တစ်ဦးက ပြောသည်။ ဦးပိုက်ခမ်း မှာ ဖမ်းဆီးခံရချိန်တွင် နေပြည် တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ ယာဉ်မောင်းတာဝန်ထမ်းဆောင် နေသူဖြစ်ကြောင်း အဆင့်မြင့် အရာရှိကြီးတစ်ဦးက အတည်ပြု ပြောကြားသည်။

မှုခင်းဖြစ်စဉ်အစမှာ ၂၀၁၄ အောက်တိုဘာက တောင်ကြီး မှ ကွမ်ဟိန်းသို့သွားသည့် ကား တစ်စီးပေါ်၌ အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်သည်ဟု သံသယရှိသူအချို့ကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် အမှု၏ ကွင်းဆက်အနေဖြင့် နေပြည်တော်သမ္မတရုံးဝန်ထမ်း ဦးပိုက်ခမ်း နှင့် ကျောက်ဆည်မြို့မှ ဒေသခံ ခြောက်ဦးကို ဆက်လက်ဖမ်းဆီး ခဲ့သည်။

တောင်ကြီးနှင့် ကွမ်ဟိန်း ဒေသခံ ၁၂ ဦးအပါအ၀င် စုစု ပေါင်း ၂၀ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ကို အရေးပေါ်စီ မံမှုဥပဒေပုဒ်မ ၅(ည)၊ ပေါက်ကွဲ စေတတ်သော လက်နက်ဥပဒေ နှင့် လူထုကို စည်းရုံးလှုံ့ဆော်မှု ဥပဒေ ပုဒ်မ ၅(ဌ)တို့ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်အား ဆက်သွယ်မေးမြန်းရာ သမ္မတရုံး ရုံးအမှတ်(၁၈)မှာ သမ္မတရုံးဦးစီးနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသောရုံးမဟုတ်သည့်အတွက် လုံခြုံရေးကျိုးပေါက်သည်ဟု ဆို၍မရကြောင်း၊ ထို့အပြင် ဦးပိုက်ခမ်းက ၎င်းသည် ရုံးအမှတ်(၁၈)မှဝန်ထမ်းဟု ပြောသည် ဆိုသော်လည်း ထိုအချက် မှန်၊ မမှန် ပြည်ထဲရေး ၀န်ကြီးဌာနသို့ ပြန်လည် မေးမြန်းရဦးမည်ဖြစ်ပြီးထိုကိစ္စအပေါ် ၎င်းအနေဖြင့် မသိရှိသေးကြောင်း ဇန်န၀ါရီ ၁၂ ရက်ညက မှတ်ချက်ပေး ပြောကြားသည်။

ထို့အတူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးအား မေးမြန်းရာ သုံးသပ်ချက် တစ်စုံတစ်ရာမပေးဘဲ သမ္မတရုံး စီမံဌာနသို့သာ မေးမြန်းရန် အကြောင်းပြန်ခဲ့သည်။

သို့သော် ထိုဌာန ဖုန်းနံပါတ် ၀၆၇-၄၀၉၁၂၈ မှာ ကိုင်ဆောင် ဖြေကြားမည့်သူ မရှိခဲ့ပေ။
http://7daydaily.com/story/29307#.VLVXutKUd5d

No comments :

Post a Comment

Twitter Bird Gadget