.

Thursday, January 15, 2015

ဘုန်းကြီးအမှု ရွာပတ်

Unknown | 2:39 AM | Unknown | 2:39 AM |
Unknown | 2:39 AM | Best Blogger Tips
လှည်းကူးရှိ တည်ဆောက်ဆဲဗုဒ္ဓရုပ်ပွားတော်ကြီးအားဖယ်ရှားရန်
သံဃနာယကညွှန်ကြားချက်အား ရွာသူရွာသားများ ကန့်ကွက်

ဘုန်းကြီးအမှု ရွာပတ်။
ဘုန်းကြီးလောဘအတောမသတ်။
ဆံပင်ရှုတ်ရင်ရှင်းလို့ရတယ်-ကတုံးရှုတ်ရင်ရှင်းလို့မရ။
ဘုန်းကြီးရူးနဲ့ လှေလူး။
ပျိုတို့မောင်ဝါ၀ါဝတ် ဒေါင်းတွေကခွပ်။
စသည်ဖြင့် စသည်ဖြင့် စကားပုံများစွာပေါ်ထွက်ခဲ့ဖူးပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် မှန်ကုန်းကျေးရွာ ငြိမ်းချမ်းကျော် ရွှေမန်းကျောင်းတိုက်အတွင်းရှိ တည်ဆောက် ဆဲ ဗုဒ္ဓရုပ်ပွားတော်ကြီးအား ဖယ်ရှားရန် သံဃနာယကအဖွဲ့၏ ညွှန်ကြားချက်အား ရွာသူရွာသားများစုပေါင်း ကန့်ကွက်စာ ပေး ပို့လိုက်ကြောင်း သိရသည်။
တည်ဆောက်ပြီးစီးမှု ၇၅ ရာခိုင်နှုန်း ကျော်ရှိနေပြီဖြစ်သည့်အတွက် ရွာသူရွာသား ၁၄၂ ဦးတို့က ဖျက်ဆီးဖယ်ရှားပေးရန် ငြင်း ဆန် ကန့်ကွက်နေကြခြင်းဖြစ်ကြောင်း သိ ရသည်။

''ဘုန်းဘုန်းအနေနဲ့ကတော့ ကိုယ့်အ ဖေ ကိုယ်ပြန်သတ်ရမယ့်ကိစ္စ ဖြစ်နေတဲ့အ တွက်ကြောင့် ဘုန်းဘုန်းမလုပ်နိုင်ပါဘူး။ ဝန် ခံကတိ လက်မှတ်ထိုးထားရတာဆိုတော့ ဘုန်းဘုန်းကို ထောင်ချရင်လဲချ၊ သတ်ရင် လဲ အသေသာခံသွားမယ်၊ ဒီလိုတော့ မလုပ် ဝံ့ဘူး''ဟု ငြိမ်းချမ်းကျော် ရွှေမန်းကျောင်း တိုက်ဆရာတော် ဦးဥတ္တရကမိန့်သည်။
အဆိုပါ ဗုဒ္ဓရုပ်ပွားတော်နှင့် ကျောင်း ဆောင်သစ်တည်ဆောက်ရာ မြေနေရာမှာ အလှူရှင် ဒေါ်ညိုညိုအေးက ပိုင်ဆိုင်ပြီး လွန်ခဲ့သည့် ၂ဝ၁၂ခုနှစ်က နှုတ်ကတိဖြင့် လှူ ဒါန်းခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ မလှူ ဒါန်းနိုင်တော့ဟုဆိုကာ ပြန်လည်တောင်း ယူခြင်းမှစပြီး ယခုလို အမှုအခင်းဖြစ်ပွားရ ခြင်းဖြစ်ကြောင်း သိရသည်။

အလှူရှင်အမျိုးသမီး၏ ပြန်လည်တောင်းယူမှု ကြောင့် ကျောင်းထိုင်ဆရာတော်ဦးဥတ္တရက မြေကို ပြန်လည်ပေးအပ်ခဲ့သော်လည်း အပ်နှံပြီး ၄၅ ရက် အကြာတွင် မြေပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်အား ဖယ်ရှား ရှင်းလင်းပေးရန် သံဃနာယကအဖွဲ့မှ အသိပေးစာ ရောက်ရှိလာပြီး မဖယ်ရှားပါက ဥပဒေအရအရေးယူ မည်ဖြစ်ကြောင်း ဆရာတော်အား ခံဝန်ကတိထိုးစေ သည်ဟု သိရသည်။

ထို့ကြောင့် ရွာသူရွာသားများအနေဖြင့် ၄င်းတို့ ရွာတွင် ကိုးကွယ်စရာ ဗုဒ္ဓရုပ်ပွားတော်မရှိသဖြင့် တည် ဆောက်ခြင်းဖြစ်ပြီး ရုပ်သွင်တော်ပေါ်လွင်၍ တည် ဆောက်ပြီးစီးနေပြီဖြစ်၍ ရှင်းလင်းဖယ်ရှားရန် မဝံ့ ဖြစ်နေသည်ဟု ရွာသူ၊ရွာသားများ၏ ပြောဆိုချက် များအရ သိရသည်။
ဗုဒ္ဓရုပ်ပွားတော်မှာ ညဏ်တော်အမြင့် ဆယ့်ရှစ် တောင်၊ အကျယ်အဝန်း ဆယ့်ရှစ်ပေခန့်ရှိပြီး ခုနစ် ဆယ့်ငါးရာနှုန်းခန့်ပြီးစီးနေပြီ ဖြစ်ကာ ဖယ်ရှားရန် အခ က်အခဲရှိနေပြီး မြေပိုင်ရှင်အနေဖြင့်လည်း ဈေးနှုန်း ညှိ၍မရသေးကြောင်းသိရပြီး ရွာသူရွာသားများအ နေ ဖြင့်လည်း ဗုဒ္ဓရုပ်ပွားတော်မြတ်အား မည်သည့် နည်းနှင့်မျှ မဖျက်ဆီးနိုင်ဟုဆိုပါသည်။
ခင်မမအောင် / Photo - ခင်မမအောင်
Yangon Media Group

No comments :

Post a Comment

Twitter Bird Gadget