.

Saturday, January 10, 2015

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးအား ဖြုတ်ချပေးရန် စစ်ကိုင်းမြို့တွင် ဇန်နဝါရီ ၈ ရက်က တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှု ပြုလုပ်

Unknown | 2:50 AM | Unknown | 2:50 AM |
Unknown | 2:50 AM | Best Blogger Tips
လက်ပံတောင်းပဋိပက္ခအတွင်း သေဆုံးခဲ့သူ ဒေါ်ခင်ဝင်းကိစ္စနှင့်
ပတ်သက်၍ တာဝန်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်
အားဖြုတ်ချပေးရန် ဇန်န၀ါရီ ၈ ရက်က တစ်ကိုယ်တော်ဆန္ဒပြနေစဉ်
လက်ပံတောင်းတောင်ပဋိပက္ခအတွင်း သေဆုံးခဲ့ရသူ ဒေါ်ခင်ဝင်းကိစ္စအပေါ် လုံးဝတာဝန်ရှိသော တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးအား ဖြုတ်ချပေးရန် စစ်ကိုင်းမြို့တွင် ဇန်နဝါရီ ၈ ရက်က တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်မှုအား ကိုသန်းထိုက်ဦး က တရားဝင်ခွင့်ပြုချက်ဖြင့် ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီခွဲတွင် တကောင်းရပ်ကွက်ရှိ ဘဝအလင်းဆေးခန်းရှေ့မှစ၍ မြို့မဈေးရှေ့သို့သွားရောက်ကာ မြန်မာနိုင်ငံနှင့် မလွတ်လပ်သေးသော ဗမာပြည်သူဟူသောခေါင်းစဉ် ဖြင့် ဟောပြောခဲ့ပြီး ထိုမှတစ်ဆင့် မြို့တော်ခန်းမရှေ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့များသို့ ပတ်ကာ မိမိတိုင်းဒေသကြီးအတွင်း မှ ပြည်သူလူထုကို ကာကွယ်မပေးနိုင်သော စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်အား ဖြုတ်ချပေး၊ စီမံခန့်ခွဲမှုညံ့ဖျင်းသော စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် အလိုမရှိ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်သမ္မတကြီးမှ တာဝန်ယူမှုမရှိသော စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်အားဖြုတ်ချ ပေးစသည့် တောင်းဆိုကြွေးကြော်မှုများဖြင့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

လက်ပံတောင်းတောင်စီမံကိန်း ခြံစည်းရိုးခတ်ရာမှစ၍ ဝမ်ပေါင်ကုမ္ပဏီနှင့် ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားရာမှ မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်း သေနတ်မှန်သေဆုံးမှုမှာ စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသာအေးအပေါ်တွင် လုံးဝတာဝန်ရှိခြင်းကြောင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်သမ္မတမှ ဖြုတ်ချပေးနိုင်ရန် တောင်းဆိုဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်” ဟု တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့သူ ကိုသန်းထိုက်ဦးက ပြောကြားသည်။

“ဦးသာအေး တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ယူတဲ့အချိန်ကနေ ကနေ့အထိ စစ်ကိုင်းတိုင်းဟာ ဖွံ့ဖြိုးမှုမရှိခဲ့ဘူး။ လက်ပံတောင်းဒေသမှာ ပထမအကြိမ် သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ အပစ်ခံရတယ်။ အခု ဒီဇင်ဘာ ၂၃ ရက်မှာ သေနတ်ပစ်ခတ်လို့ ဒေါ်ခင်ဝင်းသေဆုံးခဲ့ရတယ်။ ဒါတွေက တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ ညံ့ဖျင်းမှုတွေဖြစ်တဲ့အတွက် ဝန်ကြီးချုပ်တာဝန်နဲ့ မထိုက်တန်လို့ ဖြုတ်ချပေးဖို့ တောင်းဆိုပါတယ်”ဟု ကိုသန်းထိုက်ဦးက ဆိုသည်။
Writer:
မင်းသန့်
http://news-eleven.com/

No comments :

Post a Comment

Twitter Bird Gadget