.

Thursday, May 15, 2014

တရုတ်လူမျိုးပိုင် စက်ရုံများကို ဗီယက်နမ်ပြည်သူများ ဖျက်ဆီး

Unknown | 11:29 PM | Be the first to comment! Unknown | 11:29 PM | Be the first to comment!
Unknown | 11:29 PM | Best Blogger Tips

A general view of a damaged Chinese owned shoe factory is seen in Vietnam's southern Binh Duong province 

တောင်တရုတ်ပင်လယ်ထဲက ဗီယက်နမ်ရေပိုင်နက်မှာ တရုတ်နိုင်ငံက ရေနံလာတူးနေတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဗီယက်နမ်ပြည်သူတွေ မနေ့က တရုတ်လူမျိုးပိုင် စက်ရုံအလုပ်ရုံတွေကို ဖျက်ဆီးခဲ့ကြပါတယ်။
ဗီယက်နမ်နိုင်ငံ ဘင်ဒူန်းခရိုင်နဲ့ ဒေါင်နိုင်ခရိုင်တွေမှာဖြစ်ပွားခဲ့ပြီး မီးရှို့ဖျက်ဆီးမှုတွေမှာ ထိုင်ဝမ်စက်ရုံတွေကို တရုတ်နိုင်ငံသားပိုင်စက်ရုံတွေအဖြစ် အထင်မှားဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဗီယက်နမ်-စင်ကာပူ စက်မှုဇုန်မှာလည်း အခုလို အကြမ်းဖက်ဖျက်ဆီးမှုတွေဖြစ်ပွားခဲ့ပြီး ဥပဒေစိုးမိုးရေးကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ စင်ကာပူအစိုးရက ဗီယက်နမ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။
နာမည်ကျော်အားကစားဖိနပ်တွေကို ထုတ်လုပ်ပေးနေတဲ့ ဟောင်ကောင်အခြေစိုက်ဖ ဖိနပ်စက်ရုံလည်း တရုတ်ဆန့်ကျင်ရေး ဆန္ဒပြတွေကြောင့် ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ဖျက်ဆီးမှုတွေအတွင်း ဗီယက်နမ်လူမျိုး ၅ ဦးနဲ့ တရုတ်လူမျိုး ၁၆ ဦး သေဆုံးခဲ့တယ်လို့ ဗီယက်နမ်သတင်းစာတွေမှာ ရေးသားဖော်ပြကြပါတယ်။
ဗီယက်နမ်နိုင်ငံမှာ အခုလိုတရုတ်လူမျိုးတွေရဲ့ အကျိုးစီးပွားတွေကို တိုက်ခိုက်ဖျက်ဆီးနေမှုတွေကို တားဆီးပေးဖို့နဲ့ တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာကို လေးစားဖို့ ဗီယက်နမ်အစိုးရကို တရုတ်အစိုးရက တိုက်တွန်းခဲ့ပါတယ်။
ပဋိပက္ခတွေကြောင့် ဗီယက်နမ်နိုင်ငံမှာ အလုပ်လာလုပ်နေကြတဲ့ ထိုင်ဝမ်တရုတ်တွေဟာ ထိုင်ဝမ်ကို မေ ၁၃ ရက်နေ့က အများအပြား ပြန်လာခဲ့ကြပါတယ်။
မေ ၁၂ ရက်နေ့က ဖိနပ်စက်ရုံနဲ့ အထည်ချုပ်စက်ရုံလုပ်သား ၇၀၀၀ လောက် ဆန္ဒပြပွဲကနေစတင်ပြီး တရုတ်အကျိုးစီးပွားဖျက်ဆီးရေးတွေ ဆက်လက်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
တောင်တရုတ်ပင်လယ်တွင်း ဗီယက်နမ်နဲ့ တရုတ်သင်္ဘောတွေ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပြီး ၁၀ ရက်အကြာမှာ အခုလို ဗီယက်နမ်နိုင်ငံက တရုတ်စက်ရုံတွေ ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ထဲမှာ ဗီယက်နမ်နိုင်ငံနဲ့ရော၊ ဖိလစ်ပိုင်နိုင်ငံနဲ့ပါ နယ်မြေအငြင်းပွားမှုတွေ တချိန်တည်းမှာဖြစ်ပွားနေပြီး ဂျပန်နိုင်ငံနဲ့လည်း အရှေ့တရုတ်ပင်လယ်မှာ နယ်နိမိတ်အငြင်းပွားမှု ဖြစ်ပွားနေတာပါ။
အလင်းရှင်
 
အလင်းရှင်အားတပည့်ကောင်းအဖြစ်သတ်မှတ်တော်မူကြပါ

Unknown | 9:06 PM | Be the first to comment! Unknown | 9:06 PM | Be the first to comment!
Unknown | 9:06 PM | Best Blogger Tips
Photo: အလင်းရှင်အားတပည့်ကောင်းအဖြစ်သတ်မှတ်တော်မူကြပါ
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ 
အလင်းရှင်ရဲ့ ဖေ့ဘွတ်ဓမ္မမိတ်ဆွေတွေထဲတွင်  . .
စာပေးနှံ့စပ်သော ရဟန်းတော်များပါရှိသည်ကိုတွေ့ရသလို
လူပုဂ္ဂိုလ်များကိုလည်းတွေ့ရသည်။ နာမည်နှင့်တကွဖေါ်ပြချင်သော်လည်း
ယင်းသို့ဖေါ်ပြမိပါက ပုဂ္ဂလပညတ်သို့လိုက်သည်ဟုအချို့သူများထင်မြင်
မိခြင်းဖြင့်စိတ်မညစ်နူးစေရန်ချန်လှပ်မိခြင်းဖြစ်ပါသည်။
အချို့ဆိုလျှင် အဂ္ဂိယတ်ပညာများကိုပါ လေ့လာလိုက်စားထားသည်ကို
ယင်းတို့ရေးသားထားသော စာများကဖေါ်ပြထားသည်။ ထို့ကြောင့်
အလင်းရှင်တောဝင်လျှင် ထိုပုဂ္ဂိုလ်များကို နှုတ်ဆက်၍ မိမိကိုယ်တိုင်
လေ့လာဆည်းပူးထားသောအဂ္ဂိယတ်ပညာခြင်းနှီးနှောမည်၊ တပည့်အဖြစ်
ခံယူဦးမည်ဟု စဉ်းစားထားမိပါသည်။ အဘယ့်ကြောင့်ဆိုသော် ၊ထိုပညာရပ်
များကို မိမိသည် ငယ်စဉ်ကတည်းက ၀ါသနာပါလာသောကြောင့်ဖြစ်ပါသည်။
ထို့ကြောင့် ယခုစာကိုဖတ်ရှု့ကြကုန်သော  .. .
ရဟန်းပညာရှိကြီးများ  . . 
လူပညာရှိကြီးများ  .. အလင်းရှင်ကလောင်ဖြင့်ရေးသားသောမိမိကိုပစ်ခက်
မသွားမိကြပါစေနှင့်ဟု လိုလိုလားလာားဆုတောင်းမိပါသည်။
█ ░ အလင်းရှင် ░ █

ကဲ . . ပြောချင်ရာတွေတော့ ပြောလို့မ၀သေးတဲ့အပြင် (မဘသ)

Unknown | 10:59 AM | Be the first to comment! Unknown | 10:59 AM | Be the first to comment!
Unknown | 10:59 AM | Best Blogger Tips
ကဲ  . . ပြောချင်ရာတွေတော့ ပြောလို့မ၀သေးတဲ့အပြင် (မဘသ)
ဆရာတော်ရေးခိုင်းတဲ့ (မဟန)အကြောင်းကလည်းရေးလို့မပြီးသေး။
ဒီလို အလုပ်တွေတန်းလန်းကြီးနဲ့သာ သေပါက . .
(၁) နတ်ပြည်သုဓမ္မာဇရပ်၌ နတ်သားအဖြစ်ဖြင့် တရားများဟောနေရဦးမှာလား
 နာကြားရဦးမှာလား 
(၂) ၊Nymphs ဒေ၀စ္ဆရာလေးတွေနဲ့ ပန်းသီရဦးမှာလား။ အဲဒီအလုပ်ကြီးတော့မလုပ်ချင်ဘူးကွယ်။ သိပ့်စိတ်မရှည်ဘူး။
သားစိုးတို့  . . ကိုရဲနောင်တို့ကတော့သိပ့်ကြိုက်ပေါ့။ တို့ကတော့ 
ကိုယ်နဲ့မတော်တဲ့ အင်္ကျီကြီးကို မ၀တ်ချင်ဘူး။ တော်တဲ့သင်္ကန်းလေး
နဲ့ပဲနေချင်တယ်။ လောဘအပူဒေါသအပူတွေက အင်္ကျီဝတ်သမားတွေ
ကပိုဆိုးတယ်။ နတ်ပုဆိုးဆိုတာလည်း ဒါပါပဲ။ 
ဟိုနတ်သမီးကတစ်မျိုး ၊ ဒီနတ်သမီးကတစ်ပေါက်နဲ့ ၊ကြာရင်ကိုယ်ပါဂေါက်
သွားလိမ့်မည်။
အေး ဟေ့  ..  မင်းတို့ကို ကြော်ငြာဝင်မလို့ စကားတွေကဘယ်ရောက်ကုန်မှန်း
မသိဘူး။ စိတ်တွေ  . .စိတ်တွေ  ..  ဒါ့ကြောင့်ဘုရားကပြောတာကိုး  .. 
မျက်စေ့တစိမှိတ်တင် စိတ်ရဲ့ဖြစ်မှုပျက်မှုက ကုဋေအသိန်းမကဘူးတဲ့။
ကဲ  ..  ပြောမယ်  . . မှတ်ထားကြပါတော့။ ကျန်တဲ့ဟာတွေမမှတ်နဲ့။
Nymphs တွေကိုလည်းမမှတ်နဲ့။ 
ဒီလင့်လေးကိုမှတ်  . .. . 
http://alinshin.blogspot.com/search/label/%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%81%80%E1%80%AB%E1%80%92
အဲဒီလင့်လေးမှာ  .. . 
ပိဋကတ်သုံးပုံမြန်မာပြန်ရှိတယ်။ မင်းကွန်း၊ မဟာဂန္ဓာရုံ၊ အပြင်အခြား
လူပညာရှိကြီးများရဲ့ စာအုပ်များရှိတယ်။ ဓမ္မဒါနပေါ့ကွာ။
အလင်းရှင်
ကဲ . . ပြောချင်ရာတွေတော့ ပြောလို့မ၀သေးတဲ့အပြင် (မဘသ)
ဆရာတော်ရေးခိုင်းတဲ့ (မဟန)အကြောင်းကလည်းရေးလို့မပြီးသေး။
ဒီလို အလုပ်တွေတန်းလန်းကြီးနဲ့သာ သေပါက . .
(၁) နတ်ပြည်သုဓမ္မာဇရပ်၌ နတ်သားအဖြစ်ဖြင့် တရားများဟောနေရဦးမှာလား
နာကြားရဦးမှာလား
(၂) ၊Nymphs ဒေ၀စ္ဆရာလေးတွေနဲ့ ပန်းသီရဦးမှာလား။ အဲဒီအလုပ်ကြီးတော့မလုပ်

ချင်ဘူးကွယ်။ သိပ့်စိတ်မရှည်ဘူး။
သားစိုးတို့ . . ကိုရဲနောင်တို့ကတော့သိပ့်ကြိုက်ပေါ့။ တို့ကတော့
ကိုယ်နဲ့မတော်တဲ့ အင်္ကျီကြီးကို မ၀တ်ချင်ဘူး။ တော်တဲ့သင်္ကန်းလေး
နဲ့ပဲနေချင်တယ်။ လောဘအပူဒေါသအပူတွေက အင်္ကျီဝတ်သမားတွေ
ကပိုဆိုးတယ်။ နတ်ပုဆိုးဆိုတာလည်း ဒါပါပဲ။
ဟိုနတ်သမီးကတစ်မျိုး ၊ ဒီနတ်သမီးကတစ်ပေါက်နဲ့ ၊ကြာရင်ကိုယ်ပါဂေါက်
သွားလိမ့်မည်။
အေး ဟေ့ .. မင်းတို့ကို ကြော်ငြာဝင်မလို့ စကားတွေကဘယ်ရောက်ကုန်မှန်း
မသိဘူး။ စိတ်တွေ . .စိတ်တွေ .. ဒါ့ကြောင့်ဘုရားကပြောတာကိုး ..
မျက်စေ့တစိမှိတ်တင် စိတ်ရဲ့ဖြစ်မှုပျက်မှုက ကုဋေအသိန်းမကဘူးတဲ့။
ကဲ .. ပြောမယ် . . မှတ်ထားကြပါတော့။ ကျန်တဲ့ဟာတွေမမှတ်နဲ့။
Nymphs တွေကိုလည်းမမှတ်နဲ့။
ဒီလင့်လေးကိုမှတ် . .. .
အဲဒီလင့်လေးမှာ .. .
http://aungminkhoung.blogspot.com/search/label/ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ
ပိဋကတ်သုံးပုံမြန်မာပြန်ရှိတယ်။ မင်းကွန်း၊ မဟာဂန္ဓာရုံ၊ အပြင်အခြား
လူပညာရှိကြီးများရဲ့ စာအုပ်များရှိတယ်။ ဓမ္မဒါနပေါ့ကွာ။
အလင်းရှင်

အာဖရိကတိုက် ။ ယုဂန္ဓာနိုင်ငံရှိဗုဒ္ဓဘာသာရဟန်းတော်

Unknown | 10:04 AM | Be the first to comment! Unknown | 10:04 AM | Be the first to comment!
Unknown | 10:04 AM | Best Blogger Tips

တင်ထားတဲ့ ဓာတ်ပုံတွေကတော့ အာဖရိကတိုက် ယုဂန္ဓာနိုင်ငံ
ထေရ၀ါဒဗုဒ္ဓဘာသာကျောင်းမှ ရဟန်း သာမဏေ သီလရှင်နှင့်
ဥပါသကာများပါ။ အောက်ဖေါ်ပြပါလင့်တွင်ဝင်ရောက် ဖတ်ရှု့နိုင်ပါသည်။
http://www.ugandabuddhistcenter.org/home.php
အလင်းရှင်

Twitter Bird Gadget