.

Wednesday, April 9, 2014

တက္ကစီမောင်းသူအမျိုးသားကို အမျိုးသမီးမှဓါးထောက်မုဒိန်းကျင့်

Unknown | 9:32 PM | Be the first to comment! Unknown | 9:32 PM | Be the first to comment!
Unknown | 9:32 PM | Best Blogger Tips
အိန်ဂျလီနာ ဂျိုလီနဲ့ ရုပ်ချင်းဆင်တူပြီး အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ Luminita Perijoc ဆိုသူ ရိုမေးနီးယန်း အမျိုးသမီးကို တက္ကဆီမောင်း သူအား ရန်ပြုတိုက်ခိုက်ခဲ့တဲ့အတွက် ထိန်းသိမ်း ထားခဲ့တဲ့  ဖြစ်ရပ် တစ်ခု  ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါအမျိုးသမီးဟာ အသက် ၃၅နှစ်ရှိ တက္ကဆီမောင်းသူ Nicolae Stan နဲ့၂၀၁၂ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ သူမဈေးဝယ်ပြန်လာရာကနေ သူမအိမ်ရှိရာ Tulcea မြို့ကို ပြန်ဖို့အတွက် Nicolae ရဲ့ ကားကို ငှားခဲ့ခြင်း ဖြစ်ပါတယ်။ သူမအိမ်ရောက်တဲ့အခါမှာ သူ့ရဲ့ဖုန်းနံပါတ်ကို တောင်းခဲ့ပါတယ်တဲ့။ ဒါကလည်း နောက်တစ်ကြိမ် သူမကားငှားဖို့အတွက်လို့ အကြောင်းပြခဲ့ပါတယ်။

သူ့ဖုန်းနံပါတ်ပေးပြီးနောက် အချိန်အတော်ကြာပြီး သူမက ၀ိုင်ပုလင်းများစွာ သွားယူပြီး သူမထံလာပို့ပေးနိုင်မလားလို့ မေးမြန်းခဲ့ပါတယ်။ ဒါနဲ့ သူသဘောတူပြီး သူမအိမ်ကို သွားပို့ပေးခဲ့ပါတယ်။ အိမ်ရောက်တဲ့အခါမှာတော့ သူ့ကို သူမက ပွေ့ဖက်ပြီး အိမ်ထဲခေါ်ဆောင်ကာ သူမနဲ့ လိင်ဆက်ဆံဖို့ အတင်းအကျပ် စေခိုင်းခဲ့ပါတယ်။

သူငြင်းဆန်တဲ့အခါမှာတော့ သူမက ၁၀ စင်တီမီတာ ပမာဏရှည်တဲ့ ဓါးကို ထုတ်ပြီး အ၀တ်အစားများ ချွှတ်စေခဲ့ပါတယ် လို့ သူက တရားရုံးမှာ ထွက်ဆိုပါတယ်။ သူဟာ အိပ်ခန်းထဲကို အတင်းပြေးဝင်ပြီး ရဲကို အကြောင်းကြားနိုင်ခဲ့လို့သာ လွတ်မြောက်ခဲ့ခြင်း  ဖြစ်တယ်လို့ ပြောပါတယ်။

ရဲတွေ ရောက်ရှိလာတဲ့အချိန်မှာတော့ ကိုယ်တစ်ပိုင်းချွတ်အမျိုးသမီးတစ်ဦးနဲ့ ဒါဇင်ဝက် အရေအတွက်ရှိတဲ့ ဓါးထိုးရာတွေနဲ့ Mr Stan ကိုတွေ့ခဲ့ရပါတယ်။

သူမဟာ တရားခံဖြစ်ကြောင်း သိသာထင်ရှားတဲ့အတွက် တရားရုံးက ထောင်ဒဏ်ငါးနှစ်ကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ သို့သော်လည်း သူမရဲ့ လက်ရှိကျန်းမာရေး အခြေအနေဲ့ စိတ်ဝေဒနာကြောင့်  လေးနှစ် စောင့်ကြည့်ခံရဖို့  ပြင်ဆင်ချမှတ်ခဲ့ပါတယ်။

အဆိုပါ ပြင်ဆင်ချမှတ်လိုက်တဲ့ အမိန့်ကိုတော့ တရားလို Mr Stan က ယခုလို ပြောဆိုခဲ့ပါတယ်။ သူမကို ယခုလို အမိန့်ချမှတ်လိုက်တာဟာ ကျွန်တော့်ကိုတော့ အသိတွေ သူငယ်ချင်းတွေရဲ့ လှောင်ပြောင်ခြင်း ခံရဖို့ တစ်သက်လုံးစာ အမိန့်ချလိုက်သလိုပါပဲတဲ့။ အခုဆိုရင် ကျွန်တော်ဟာ ဖျော်ဖြေရေး သမားတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေပါပြီ။ ကျွန်တော့်အကြောင်းကို လူတိုင်းက ပြောနေကြပြီလို့ ဆိုပါတယ်။

သူတို့တွေ ကျွန်တော်ဘာလို့ ဒီမိန်းမကို ငြင်းဆန်ခဲ့တယ်ဆိုတာ နားလည်မှာ မဟုတ်ဘူး။ ဓါးထောက်  အော်ဟစ်ပြီး  လိင်ဆက်ဆံခိုင်းနေတဲ့ အရူးမတစ်ယောက်နဲ့ ဘယ်သူက ဆက်ဆံချင်မှာလဲ။ ဒါတွေ သူတို့မသိကြဘူးလို့ ပြောပါသေးတယ်။

သူတို့က အဲဒီမိန်းမကို ကြည့်လိုက် ကျွန်တော့်ကိုကြည့်လိုက်နဲ့ ရယ်ကြတယ်ဗျာ။ အဲဒီမိန်းမကလည်း ရူးသာရူးတာ။ နာမည်ကျော် မင်းသမီး အိန်ဂျလီနာ ဂျိုလီနဲ့ တူတာကိုးဗျ။ မသိတဲ့သူကဆိုရင် Miss Romania က လည်ပင်းကို ဓါးထောက်ပြီး လိင်ဆက်ဆံခိုင်းတယ် ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့တောင် ပြောကြမယ့် သဘောရှိတယ်လို့ သူက ဆိုပါသေးတယ်။

ကလေးသုံးယောက် ဖခင် ကားသမားဖြစ်သူက ထပ်ပြောပါသေးတယ်။ ကျွန်တော်ထင်တယ် ဒီအမျိုးသမီး တစ်ခါမှ အငြင်းမခံရဖူးနဲ့ တူတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ငြင်းလိုက်တဲ့အခါ သူမ အရမ်းကို ဒေါသထွက်သွားတယ်။ ဒါနဲ့ ဓါးနဲ့ထောက်ပြီး ကျွန်တော့်ကို အ၀တ်တွေ ချွှတ်ခိုင်းပြီး သူမနဲ့ ဆက်ဆံခိုင်းတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ နှစ်ကြိမ်တိုင်တိုင် ဆက်ဆံပေးခဲ့ပါတယ်။

 ဒါပေမယ့် သုံးကြိမ်မြောက် မှာတော့ ကျွန်တော်လည်း ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ ဒါနဲ့ သူမလည်း အလိုမပြည့်ဘဲ ကျွန်တော့်ကို ဓါးနဲ့ထိုးတော့တာဘဲ။ ကျွန်တော် သူစိတ်ကျေနပ်အောင် oral sex လုပ်ပေးပေမယ့် ကျွန်တော့်ကို ဓါးနဲ့ ဆက်ထိုးနေခဲ့တယ်လို့ ပြောပါတယ်။

သူမဟာဆိုရင် ဂျိုလီရဲ့ ပရိသတ်တစ်ဦး ဖြစ်ပြီး Tomb Raider star မှာ သူမကိုယ်သူမ မော်ဒယ်တစ်ဦး ကဲ့သို့ သတ်မှတ်ထားကြောင်း သိရပါတယ်။

World Myanmar
သစ်ထူးလွင်
အလင်းရှင်

အိုဘားမား ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်အဖြစ် အခုလာမယ့် နိုဝင်္ဘာလအတွင်း သွားရောက်ပါလိမ့်မယ်။

Unknown | 9:23 PM | Be the first to comment! Unknown | 9:23 PM | Be the first to comment!
Unknown | 9:23 PM | Best Blogger Tips
နယူးယောက်မြို့မှာ အင်္ဂါနေ့က ကျင်းပတဲ့ (Asia Society Policy Institute) အာရှလူ့ဘောင်မူဝါဒသိပ္ပံ တရားဝင် စတင်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး William Burns က လာ မယ့် ဆောင်းဦး ရာသီမှာ သမ္မတအိုဘားမားဟာ APEC ခေါ် အာရှ ပစိဖိတ်ဒေသ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးညီလာခံ အပါအဝင် ဒေသဆိုင်ရာညီလာခံတချို့ကို တက်ရောက်ဖို့အတွက် မြန်မာ၊ တရုပ်နဲ့ သြစတေးလျနိုင်ငံတွေကို သွားရောက်မယ်လို့ ပြောကြားခဲ့ပါတယ်။ RFA ကရတဲ့ သတင်းအရ သမ္မတ အိုဘားမား ဟာ နေပြည်တော်မှာ လာမယ့် နိုဝင်္ဘာ ၉ ရက် သို့မဟုတ် ၁ဝ ရက်နေ့ စတင်ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံကို တက်ရောက် ရင်း မြန်မာခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ APEC ထိပ်သီးညီလာခံကိုလည်း အဲဒီရက်ပိုင်း အတွင်းမှာပဲ တရုပ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပဖို့ ရှိပါတယ်။

သမ္မတအိုဘားမားဟာ မြန်မာနိုင်ငံကို ၂ဝ၁၂ ခုနှစ်နိုဝင်္ဘာလက ပထမအကြိမ် သွားရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်နဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တွေ့ဆုံခဲ့ပါတယ်။
အခုလာမယ့် နိုဝင်္ဘာလ ခရီးစဉ်အတွင်း မြန်မာအစိုးရခေါင်းဆောင်တွေ နဲ့ တွေ့ဆုံရာမှာတော့ လတ်တလောဖြစ်ပွါးခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး ဆိုင်ရာ မငြိမ်မသက်မှုတွေအပါအဝင် လူ့အခွင့်ရေးဆိုင်ရာပြသနာတွေကို အဓိက ထားဆွေးနွေး ပြောကြားမယ် လို့ မျှော်လင့်ရပါတယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး William Burns က မြန်မာပြည်က မငြိမ်မသက်မှုတွေ အထူးသဖြင့် ရခိုင်ပြည်နယ်က ပြသနာတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးစိုးရိမ်ပူပန်နေကြောင်း နယူးယောက်မြို့ အခမ်းအနားမှာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

RFA Burmese
သစ်ထူးလွင်


█ ░ အလင်းရှင် ░ █




ကမ္ဘာတလွှား ကွန်ပြူတာသုံးစွဲသူတွေအား သတိပေးလိုက်ခြင်း

Unknown | 9:10 PM | Be the first to comment! Unknown | 9:10 PM | Be the first to comment!
Unknown | 9:10 PM | Best Blogger Tips
အင်တာနက် လုံခြုံမှု ဘယ်လောက် ရှိသလဲ
ကမ္ဘာတလွှားက ကွန်ပြူတာ သုံးစွဲသူတွေ အနေနဲ့ passwords ပြောင်းပစ်ဖို့ အင်တာနက် လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

သိန်းသန်းချီတဲ့ ဝက်ဘ်ဆိုက်တွေက သုံးတဲ့ ကွန်ပြူတာ လည်ပတ်ရေး စံနစ် OpenSSL ထဲမှာ Heartbleed လို့ခေါ်တဲ့ ဗိုင်းရပ်စ် ပိုးတမျိုးကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။

Heartbleed ကနေ သူများတကာရဲ့ ကွန်ပြူတာ လုံခြုံရေး စံနစ်ထဲ ခိုးဝင်သူ Hacker တွေက ကိုယ်ရေး အချက်အလက်တွေ ဖြစ်တဲ့ passwords တွေနဲ့ အကြွေးဝယ်ယူခွင့် ကဒ်ပြား credit card အသေးစိတ် အချက်အလက်တွေကို ဝင်ကြည့်နိုင်တာ ဖြစ်ပါတယ်။

အခုလို လုံခြုံရေး အရ စိုးရိမ်ပူပန်စရာတွေ ရှိနေတဲ့ အတွက် အင်တာနက် ကနေ တဆင့် လျှပ်စစ် မီတာခ တောင်းခံတဲ့ ဝန်ဆောင်မှုကို လူတွေ ဝင်ကြည့်လို့ မရအောင် ယာယီ ဖြတ်တောက် ထားလိုက်တယ်လို့ ကနေဒါ နိုင်ငံ အခွန်အခ ကောက်ခံရေး အေဂျင်စီက ပြောပါတယ်။

အခုလို အင်တာနက် လုံခြုံရေး ပျက်သွားခဲ့ပြီးတဲ့ နောက်ပိုင်း ဝက်ဘဆိုက်တွေ တိုက်ခိုက်ခံရတာ မကြားရသေးပါဘူး။
ဘီဘီစီ (မြန်မာပိုင်း)
သစ်ထူးလွင်


█ ░ အလင်းရှင် ░ █



Twitter Bird Gadget