.

Wednesday, April 9, 2014

အိုဘားမား ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်အဖြစ် အခုလာမယ့် နိုဝင်္ဘာလအတွင်း သွားရောက်ပါလိမ့်မယ်။

Unknown | 9:23 PM | Unknown | 9:23 PM |
Unknown | 9:23 PM | Best Blogger Tips
နယူးယောက်မြို့မှာ အင်္ဂါနေ့က ကျင်းပတဲ့ (Asia Society Policy Institute) အာရှလူ့ဘောင်မူဝါဒသိပ္ပံ တရားဝင် စတင်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး William Burns က လာ မယ့် ဆောင်းဦး ရာသီမှာ သမ္မတအိုဘားမားဟာ APEC ခေါ် အာရှ ပစိဖိတ်ဒေသ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးညီလာခံ အပါအဝင် ဒေသဆိုင်ရာညီလာခံတချို့ကို တက်ရောက်ဖို့အတွက် မြန်မာ၊ တရုပ်နဲ့ သြစတေးလျနိုင်ငံတွေကို သွားရောက်မယ်လို့ ပြောကြားခဲ့ပါတယ်။ RFA ကရတဲ့ သတင်းအရ သမ္မတ အိုဘားမား ဟာ နေပြည်တော်မှာ လာမယ့် နိုဝင်္ဘာ ၉ ရက် သို့မဟုတ် ၁ဝ ရက်နေ့ စတင်ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံကို တက်ရောက် ရင်း မြန်မာခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ APEC ထိပ်သီးညီလာခံကိုလည်း အဲဒီရက်ပိုင်း အတွင်းမှာပဲ တရုပ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပဖို့ ရှိပါတယ်။

သမ္မတအိုဘားမားဟာ မြန်မာနိုင်ငံကို ၂ဝ၁၂ ခုနှစ်နိုဝင်္ဘာလက ပထမအကြိမ် သွားရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်နဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တွေ့ဆုံခဲ့ပါတယ်။
အခုလာမယ့် နိုဝင်္ဘာလ ခရီးစဉ်အတွင်း မြန်မာအစိုးရခေါင်းဆောင်တွေ နဲ့ တွေ့ဆုံရာမှာတော့ လတ်တလောဖြစ်ပွါးခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး ဆိုင်ရာ မငြိမ်မသက်မှုတွေအပါအဝင် လူ့အခွင့်ရေးဆိုင်ရာပြသနာတွေကို အဓိက ထားဆွေးနွေး ပြောကြားမယ် လို့ မျှော်လင့်ရပါတယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး William Burns က မြန်မာပြည်က မငြိမ်မသက်မှုတွေ အထူးသဖြင့် ရခိုင်ပြည်နယ်က ပြသနာတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးစိုးရိမ်ပူပန်နေကြောင်း နယူးယောက်မြို့ အခမ်းအနားမှာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

RFA Burmese
သစ်ထူးလွင်


█ ░ အလင်းရှင် ░ █




No comments :

Post a Comment

Twitter Bird Gadget