.

Monday, December 8, 2014

တစ်စက္ကန့်လျှင် ၁၀၀ ဘီလီယံ fps ဖြင့် ရိုက်ကူးနိုင်သော 2D ကင်မရာကို ပညာရှင်များ ဖန်တီး

Unknown | 6:46 PM | Unknown | 6:46 PM |
Unknown | 6:46 PM | Best Blogger Tips
ဝါရှင်တန် တက္ကသိုလ်ရှိ သုတေသီများသည် အလင်းနှင့် ပတ်သက်သည့် တွေ့ရှိမှု သစ်များဖြင့် အထောက်အပံ့ ပြုလုပ်ထားသော ကင်မရာသစ်အား ဖန်တီးခဲ့ကြောင်း သိရသည်။

သုတေသီများက ယခု ကင်မရာသည် ကမ္ဘာ့အ မြန်ဆန်ဆုံး 2D ပုံရိပ်သာ လက်ခံသေးသည့် ကင်မရာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဓာတ်ပုံများကို Compressed Ultra Photography နည်းပညာ အသုံးပြုထားကာ ၁၀၀ ဘီလီယံ fps နှုန်းဖြင့် ဓာတ်ပုံများကို ရိုက်ကူးနိုင်မည် ဖြစ်သည်။ လက်ရှိတွင် တစ်စက္ကန့်လျှင် ၁၀ သန်း fps မြန်နှုန်းရှိ ပုံရိပ်များကို လက်ခံနိုင်သည့် ကင်မရာ ဓာတ်ပုံများသည် ချစ်ပ်အတွင်း သိုလှောင်မှုနှင့် အချက်အလက် ဖော်ပြမှု နှုန်းများကြောင့် ကန့်သတ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခုအခါတွင် လူသားများသည် ပျံသန်းနေသော အလင်း လမ်းကြောင်းများကို တွေ့မြင်နိုင် တော့မည်ဖြစ်ကြောင်း ဇီဝဗေဒ ဆိုင်ရာ ဆေးပညာ အင်ဂျင်နီယာ Gene K. Beare ဂုဏ်ထူးဆောင် ပါမောက္ခ PhD သုတေသန ခေါင်းဆောင် လီဟုန်ဝမ်က ပြောကြားခဲ့သည်။ ဆက်လက်ပြီး ၎င်းက ပုံရိပ်ဖော် frame rate အဆင့်မြင့် နည်းပညာသည် အလွန် အရေးပါလာပြီး အမြင်သစ်များဖြင့် ဖော်ထုတ်ရမည့် ခေတ်သစ်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ လွန်စွာ အဆင့်မြင့်သည့် နည်းစနစ်သစ် တစ်ခုတိုင်းတွင် တွေ့ရှိချက်သစ် များစွာပေါ်ပေါက် လာလေ့ရှိကြောင်း ပြောဆိုခဲ့သည်။
အဆိုပါ နည်းပညာသည် အဏုကြည့် ကိရိယာနှင့် အဝေးကြည့် မှန်ပြောင်းတို့ဖြင့် ချိတ်ဆက်ထားသော မှန်ဘီလူးများမှ ဖြစ်ရပ်များကို ရိုက်ကူးနိုင်သည့် ထုတ်ကုန်အမျိုးမျိုးတွင် ပါဝင်ကြောင်း သိရသည်။ ထိုထုတ်ကုန်များတွင် streak ကင်မရာဟု ခေါ်ဆိုသည့် နည်းပညာကို အဓိက အသုံးပြုထားပြီး အချိန်တစ်ခု အတွင်း ဖြတ်သန်း သွားသော အလင်းသွားနှုန်းကို တိုင်းတာပေးနိုင်သည့် အလွန်လျင်
မြန်သော ထုတ်ကုန် ဖြစ်သည်။
-စိုးထက်
(Ref : CNET)  http://internetjournal.media/new/544

No comments :

Post a Comment

Twitter Bird Gadget