.

Thursday, December 4, 2014

အဆိပ်ခပ် ခံနေရသောမြန်မာပြည်

Unknown | 8:48 PM | Unknown | 8:48 PM |
Unknown | 8:48 PM | Best Blogger Tips
ကျွန်တော် ယိုးဒယားနယ်စပ်တွင် တာဝန်ထမ်းဆောင်စဉ်ကဖြစ်သည်။ 
နယ်စပ်တွင် ယိုးဒယားအအေးဈေးကွက် အလွန်ကြီးမားပါသည်။
ရောက်ခါစဆိုတော့ ဈေးသက်သာသဖြင့် ကဒ်လိုက်သုံးစွဲပါသည်။ 
တစ်လလောက်အကြာ လူမှာလေးလံထိုင်းမှိုင်းပြီး မအီမသာ
ရက်ဆက်ခံစားရလေသည်။


တစ်နေ့ ရင်းနှီးသော ယိုးဒယားနိုင်ငံသားလေး အိမ်ကိုလာလည်ပါသည်။
ကျွန်တော်လည်း သူတို့နိုင်ငံထုတ်အအေးဘူးနှင့် ဧည့်ခံတော့ မသောက်
ပါရစေနှင့်ဟု အတွင်တွင်ငြင်းပါသည်။ ပြီးတော့ သူတို့နိုင်ငံသားများ
မသောက်ဖို့ အစိုးရကညွှန်ကြားထားသည်ဟု ပြောပါသည်။ 
အဆ်ုပါအအေးများမှာ မြန်မာပြည်သားများအတွက် သီးသန့်ဖြစ်
ပါကြောင်း ပြောပါသည်။ သူတို့ယိုးဒယားနိုင်ငံတွင် ယိုးဒယားလူမျိုး 
အားရောင်းချပါက ဖမ်းဆီးအရေးယူ ကြောင်းပြောသည်။
ကျွန်တော် စိတ်ဝင်စားသွားသည်။ အအေးကြိုက်သူကျွန်တော်လေ။ 
ဒါဆိုဘယ်လို ခွဲခြားမလဲ မြန်မာလူမျိုးအများစုက ယိုးဒယားစာမှမ္တ်တာ 
ဟုမေးတော့ သူကရှင်းပြသည်။

(မြန်မာနိုင်ငံအတွက်ဆိုလျှင် ပုလင်းခွံတွင တံဆိပ်ကို ပလတ်စတစ်ပတ်
ထားကြောင်း၊ ယိုးဒယားနိုင်ငံတွင် စက္ကူပတ်သာ ရောင်းချရကြောင်း။ 
ဘူးတွင်For Export Only ပါလျှင် လုံးဝမသောက်သင့်ကြောင်း)

သူကပြောသည်။ ကျွန်တော်လန့်သွားသည် ။ ထို့နောက်ပိုင်းကျွန်တော်
ယိုးဒယားမှလာသော အအေးများဖြတ်လိုက်သောအခါ လူမှာ ပုံမှန်
လန်းဆန်းလာသည်။ မြန်မာပြည်သူများ ဆင်ခြင်နိုင်ဖို့ ပြန်လည်မျှဝေပါသည်။
သတိထားသင့်သော အအေးများ
......................................
1.Singer Beer
2.Look Htaung(လူထု)
3.M.150
4.Karabaung(ကျွဲခေါင်းစိမ်း)
5.DeeDo
ယိုးဒယားနိုင်ငံမှ အခြားအအေးများစွာရှိပါသေးသည်။ 
အထက်ပါ တံဆိပ်များမှာ ယိုးဒယားနိုင်ငံသားများ မသုးံကြပါ။ 
စက္ကူတံဆိပ်ကပ်ထားလျှင်၊ For Export Only မပါလျှင် သုးံကြသည်။

ကျေးဇူးတင်စွာဖြင့်...  Online Advertising Group
အထက်ပါသတင်းကိုဖတ်ရတော့  . . .
မြန်မာပြည်မှာ တရုတ်အစားအသောက်ကို ကြောက်ရတာတစ်မျိုး
ယိုးဒယားအစားအသောက်ကို ရှောင်ရတာတစ်ဖုံ
ကိုးရီးယားအသားချောင်းက မစားဖို့ကတစ်မျိုး
နေ့စဉ်ကြော်နေတဲ့ မွတ်ဆလင်ဒယ်အိုးထဲက ကြက်ကြော်ကို
အလကားကျွေးတာတောင်မစားရဲရတာကတစ်ဖုံ  . .
သြော်  . . မြန်မာပြည်ဟာ အဆိပ်ခပ်ခံနေရပါတော့လား  . .
ကြာရင် အချစ်တွေကိုပါ အဆိပ်မိနေဦးတော့မှာ သေချာပြီ  . .
ဟုတ်ပါတယ်  . . မြန်မာပြည်ဟာ ခေတ်အဆက်ဆက် 
အာဏာရူးတို့ရဲ့ အဆိပ်သင့်ခြင်းကိုခံခဲ့ရသလို  . .
ဘာသာရေးခေါင်းဆောင် အတ္တသမားတို့ရဲ့ ဗုဒ္ဓရဲ့အနတ္တ၀ါဒထဲ
အတ္တအဆိပ်တွေ ချရေးခြင်းခံလိုက်ရပြန်သည်။
တစ်ဖန် ယင်းအာဏာရှင်တို့ရဲ့လက်ပါးစေ  . .. 
ခရိုနီတို့ရဲ့ ဘောလုံးအဆိပ်သင့်ခြင်း ၊ ရေခဲတောင်အဆိပ်သင့်ခြင်း
စတဲ့ အဆိပ်မျိုးစုံသင့်နေသော နိုင်ငံတော်ကြီးပါတကားဟု  .. .
ဘဒ္ဒ န္တကောဝိဒ (အလင်၇ှင်)

No comments :

Post a Comment

Twitter Bird Gadget