.

Sunday, December 21, 2014

တေဇမှ သစ်ခုတ်မှုအပေါ် တောင်းပန်ခြင်း

Unknown | 9:47 PM | Unknown | 9:47 PM |
Unknown | 9:47 PM | Best Blogger Tips
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~

တေဇ တောင်ပန်းမှုက ဟတ်မထိပါ
19 October 2013  တေဇက သစ်ခုတ်တာ မှားယွင်းကြောင်း ၀မ်းနည်းမိပါကြောင်း ၀န်ခံသွားပြီတဲ့....သေချာပြီ ..မြန်မာပြည်က ...ငအတွေအကြောင်းကို တွေဇက ..ကလီဇာ လှိုက်နေအောင်သိနေတာ...မြန်မာပြည်သားတွေက...တောင်ပန်ရင်ကြေနပ်ကြတဲ့အမျိုးဆိုပြီး ..ပြော...နေကြတာ တေဇသိတယ်...ကဲခုတောင်းပန်ပါပြီဗျာ ကြေနပ်ကြသလား? မကြေနပ်တော့ရော ဘာလုပ်မှာလဲဆိုတဲ့ ဒဏ်ပြန် အကျိုးသက်ရောက်လာမှုကို တေဇက စမ်းသပ်ကြည့်တာပဲ... တေဇကို ...အစွယ်ငေါငေါထွက်နေတဲ့ ..စစ်ဘီလူးများက ပြောသတဲ့ ..မင်းအရင် ပြည်သူတွေကို လူသိရှင်ကြားမဟုတ်ရင်တောင် ..သတင်းပုံစံလေးနဲ့တောင်းပန်လိုက်ကြည့်ပါလားတဲ့.. တပြည်လုံးက ငြိမ်ပြီးနေ နေရင် ငါတို့လုပ်ထားတာတွေ အများကြီးကို တောင်ပန်လိုက်ရုံပဲ... ကဲ ..တိုင်းသူပြည်သား လူအများတို့..... တရားဥပဒေသည် လက်စားချေခြင်းမဟုတ်တာ သေချာပါသည်။ သို့သော် ပစ်ဒဏ်ပေးဆုံးမ ထိန်းကျောင်းပေးရသော ချိန်ခွင်တခုဖြစ်သည်ကို နားလည်စေလိုပါသည်။ မိမိတို့၏ သဘောဆန္ဒအရ ခွင့်လွှတ်ခြင်းသည် သူတဦးတယောက်နှင့်သာ သက်ဆိုင်ပြီး တရားဥပဒေအရ ပစ်မှုအထင်ရှားကျူးလွန်သူတို့အပေါ် ခွင့်လွှတ်ခြင်း မရှိနိုင်ပါ။ သို့သော် ဆုံးမထိန်းကျောင်းခြင်း ရှိပါသည်။ သို့ကြောင့် တရားဥပဒေနှင့်ပတ်သက်သော ခုံရုံးကနားတို့သည် ပစ်မှုကျူးလွန်သူများအား တောင်ပန်ခွင့်ပြုကာ၊ ကြေးအေးပေးသော ဌာန မဟုတ်ကြောင်း ပြဆိုဖို့လိုပါသည်။ ရိုမေးနီးယား နှင့် အင်ဒိုနီးရှား တို့၏ ခေတ်ပြောင်း တော်လှန်ရေး ကိုင်တွယ် တည့်မတ်ပုံနှင့် ဖိလစ်ပိုင်နှင့် ဘော်စနီးယားတို့၏ ပစ်ဒဏ်ပေး ပုံ ပြုပြင် တည့်မတ်ပုံတို့အား တိုင်းသူပြည်သား လူအများအား သိစေလိုပါသည်။ သို့သော် လက်ယျာ ဂိုဏ်းသားတို့၏ေ၇ပေါ်ဆီ မူဝါဒများဖြင့် အကျွန်တို့၏ တိုင်းပြည်သည် တရားဥပဒေကျင့်ထုံးဆိုင်ရာများ အငွေ့ပျံ၍ မတရားဥပဒေ ဒိုက်သရိုက်များဖြင့် ပြည့်လျံပုတ်ပွနေတော့မည်။
ဂိုလ်ရှယ်လေး
http://8888newgenerations.blogspot.com/2013/10/blog-post_3443.html

No comments :

Post a Comment

Twitter Bird Gadget