.

Thursday, December 11, 2014

စစ်ခွေးကြံ့ဖွတ်၏ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုလား

Unknown | 1:45 AM | Unknown | 1:45 AM |
Unknown | 1:45 AM | Best Blogger Tips




ဗုဒ္ဓရုပ်ပွားပုံတော်ပေါ်၌ VGastro.bar, Buddha bar ဟု
ရေးသားကာ Ear Phone အား ရုပ်ပွားတော်၏နားတော်တွင်
တပ်ဆင်ထားသည့်သဏ္ဍာန် ဒီဇိုင်းပြုလုပ်ရေးဆွဲ၍ဖော်ပြခဲ့သဖြင့်
ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ရွှေတောင်ကြားလမ်းရှိ
 VGastro Bar ဆိုင်အား အရေးယူ ပြီး ဒီကနေ့ဒီဇင်ဘာလ ၁၁
ရက်နေ့ ၁၂ နာရီ အချိန် တွင် ဗဟန်း တရား ရုံးတွင် အဆိုပါ
VGastro Bar ၏ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်၊
အထွေထွေ မန်နေဂျာ နယူးဇီလန်နိုင်ငံသား Mr.Philip တို့အား
ပထမဆုံး အကြိမ် ရုံးထုတ် စစ်ဆေးပါတယ်။ အဆိုပါ ဗုဒ္ဓရုပ်ပွား
ပုံတော်အား Mr.Philip မှ လူမှုကွန်ယက်တွင် ဖော်ပြခဲ့ဖြစ်ကြောင်း
သိရှိရပါတယ်။
သူတို့(၃)ဦးကိုသာသနာအကြည်ညိုပျက်အောင်လုပ်မှု သာသနာ
ညိုးနွမ်းစေမှု နဲ့ ရုံးထုတ်စစ်ဆေးပြီး အင်းစိန်အကျဉ်းထောင်ကို
ပို့လိုက်ပါတယ်။ လာမယ့် ဒီဇင်ဘာလ (၁၈)ရက်နေ့မှာ ဒီအမှုကို
ဆက်လက် စစ်ဆေးမယ်လို့ သိရပါတယ်။
BBC Burmese 
သတင်းဓာတ်ပုံတွေကိုတွေ့တော့ သတိထားသိချင်တာက  . .
ဘာဖြစ်လို့ အချုပ်သားက ရူးဖိနပ်စီးခွင့်ရတာလည်း။
အချုပ်သားမှန်ရင် ရူးဖိနပ်စီးခွင့်မရတဲ့အပြင် သားရေစိမ်း
ဖိနပ်များလည်း စီးလို့မရပါဘူး။
အခု ဓာတ်ပုံမှာ ရူးဖိနပ်ကြီးစီးထားတာတွေ့တော့ ငါ့စိတ်ထဲ
ဒီပြဿ        နာကြီးက စစ်ခွေးကြံ့ဖွတ်ရဲ့ ရုပ်ရှင်တစ်ကားလားလို့
ထင်မိပါတယ်။
သတင်းအဆက်များဖတ်ရန် လင့်
http://alinshin.blogspot.com/2014/12/blog-post_35.html
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Post a Comment

Twitter Bird Gadget