.

Wednesday, December 3, 2014

သံဃာအတုနှင့် သာသနာ့အရေခြုံ အလှူခံသူများကို ဖမ်းဆီးမည့်စီမံချက်စတင်

Unknown | 8:58 PM | Unknown | 8:58 PM |
Unknown | 8:58 PM | Best Blogger Tips
ရန်ကုန်မြို့တွင် သံဃာ အတုအယောင်များနှင့် သာသနာ့ အရေခြုံပြီး အလှူခံတောင်းရမ်း နေသူများ ဖမ်းဆီးစစ်ဆေးမှုများကို ဒီဇင်ဘာ ၃ ရက်မှ စတင်ကာ စီမံချက်ဖြင့် လုပ်ဆောင်နေ ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သံဃမဟာနာယ က၏ စီမံချက်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ပြီး စတင်ဖမ်းဆီးသည့်နေ့ တွင် ကမာရွတ်မြို့နယ်၌ သီလရှင်အတုအယောင်နှစ်ပါးနှင့် သာသ နာ့အရေခြုံ၍ တောင်းရမ်းနေသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးမိခဲ့ သည်။
ဒီဇင်ဘာ ၃ ရက် နံနက်က ကမာရွတ်မြို့နယ်တွင် သံဃာ အတုအယောင်များနှင့် သာသနာ့ အရေခြုံပြီး အလှူခံတောင်းရမ်း နေသူများကို ကမာရွတ်မြို့နယ် ရှိ ကျောင်းတိုက်သံဃာတော်များ က အဖွဲ့လေးဖွဲ့ခွဲကာ နေရာလေး နေရာတွင် ဖမ်းဆီးစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့သည်။
‘‘မနက်က ကျောင်းတိုက်မရှိ တဲ့ သီလရှင်တစ်ပါးတွေ့တယ်။ ညနေမှာလည်း သီလရှင်လေး တစ်ပါးတွေ့တယ်။ မေးကြည့် တော့ ကျောင်းတိုက်တွေ မပြော နိုင်ကြဘူး။ အဲဒါနဲ့ပြောဆိုပြီး ၀န် ခံချက်တွေတောင်းပြီး ပြန်လွှတ် လိုက်တယ်။ အခုက ပထမဆုံးအ ကြိမ်ဆိုတော့ ဖမ်းဆီးတာတွေမ လုပ်သေးပါဘူး။ ဒုတိယအကြိမ် ထပ်တွေ့ရင် ဖမ်းတော့မယ်။ နောက်ပြီး လမ်းမှာ မသင်္ကာတဲ့ သံဃာတွေတွေ့ရင်လည်း စစ် ဆေးသွားမယ်။ အချိန်မရှိ လက် ဖက်ရည်ဆိုင်တွေ ထိုင်နေတာ တွေလည်း စစ်ဆေးသွားမယ်’’ဟု သံဃာ အတုအယောင်များနှင့် သာသနာ့အရေခြုံများအား ဖမ်းဆီးစစ်ဆေးရေးအဖွဲ့ ကမာရွတ်မြို့နယ်ဥက္ကဋ္ဌ ထန်းတပင်ကျောင်း တိုက်၊ ဆရာတော် ဦးသောဘနက မိန့်သည်။
ထို့အပြင် လှည်းတန်းဈေး အနီး၌ အတွင်းတွင်ရှပ်အင်္ကျီဝတ် ထားသည့် သာသနာ့အရေခြုံ သင်္ကန်းဝတ်တစ်ဦးကို တွေ့ရှိ ခဲ့သော်လည်း ထွက်ပြေးလွတ် မြောက်သွားကြောင်း စစ်ဆေး ဖမ်းသည့် ဆရာတော်များက ပြောသည်။
သံဃာအတုအယောင်များ ဖမ်းဆီးစစ်ဆေးမှုကို နေ့စဉ် နေ့တိုင်း ရန်ကုန်တစ်မြို့လုံး၌ ပြုလုပ်သွားမည်ဟု ဆရာတော်က ဆက်လက်မိန့်သည်။
မန္တလေးမြို့ရှိ သံဃာအတု အယောင်များ ဖမ်းဆီးခြင်းကို ၂၀၁၂ အတွင်း စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ပဲခူးမြို့တွင်လည်း သံဃာအတုအယောင်များက အရက် သောက်ပြီး ပိုက်ဆံတောင်းမှုများပြုလုပ်၍ မြို့နယ်သံဃဂိုဏ်းပေါင်းစုံအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က စက်တင်ဘာ ၁၄ ရက် ပဲခူးမြို့နေရာအများအ ပြားတွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ သံဃာအတုအယောင်များ စစ်ဆေးဖမ်းဆီးခြင်းများကို ပဲခူးမြို့တွင် ယခုနှစ် ဇန်န၀ါရီအတွင်း စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သံဃာအတုအယောင် ၁၀ ပါး ဖမ်းဆီးမိကာ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
http://www.7daydaily.com/story/26241#.VH_o49KUeSo

No comments :

Post a Comment

Twitter Bird Gadget