.

Tuesday, December 23, 2014

ကြွေလွင့်သွားသော ... ကြယ်တစ်ပွင့်

Unknown | 11:27 AM | Unknown | 11:27 AM |
Unknown | 11:27 AM | Best Blogger Tips


သို့ /
ဒကာမကြီး ဒေါ်ခင်ဝင်းရေ . . .
ဦးဇင်းကြေကွဲဝမ်းနည်းစွာဖြင့် စာရေးလိုက်ပါတယ်။
ဒကာမကြီးဟာ အမျိုးဘာသာသာသနာတော်တစ်ရပ်လုံးအတွက်
တကယ်တာဝန်ကျေပွန်ခဲ့သူပါ။ ဦးဇင်းတို့သာ ဒကာမကြီးလို မစွန့်စား
ဝံ့သူတွေဖြစ်ပါတယ်။ ဒကာမကြီးရဲ့ အသက်ဟာ ဗုဒ္ဓဘာသာအမျိုးသမီး
ကောင်းတို့အတွက်သာမက ကမ္ဘာလူထုကြီးအတွက်ပါ အဖိုးအနဂ္ဃထိုက်
တန်လှပါတယ်။
တမလွန်မှာ စိတ်လက်ချမ်းသာစွာဖြင့် သတိပဋ္ဌာန်တရားများ လက်ကိုင်
ထားနိုင်ပါစေဟု ဆုတောင်းမိပါသည်။ အခုလို ယုတ်မာပက်စက်လှသော
စစ်ခွေးကြံ့ဖွတ်နှင့် တရုတ်ဝမ်ပေါင်တို့အား ဦးဇင်းတို့နှလုံးသားဝယ် ဒကာ
မကြီးကိုယ်စား သွေးကြွေးဆပ်ပါမည်ဟု ကတိပြုဝံ့ပါသည်။
အို  . . . ဒကာမကြီးရေ  . .
သွားနှင့်နော် . . .
သံသရာတစ်ကွေ့မှာ အခုလို သူယူတ်မာစစ်ခွေးကြံ့ဖွတ်များနှင့် မဆုံးဆည်း
ရပါစေနဲ့ဟု ဦးဇင်းဆုတောင်းပေးလိုက်ပါသည်။ ဖြစ်လေရာဘ၀အဆက်ဆက်
အခုလိုအမျိုးဘာသာသာသနာတော်တစ်ရပ်လုံးကို ဖျက်ဆီးနေကြကုန်သော
စစ်ခွေးကြံ့ဖွတ်များ၊တရုတ်မိစ္ဆာဝမ်ပေါင်နှင့် ယင်းတို့၏လက်ပါးစေမျိုးချစ်အ
ယောင်ဆောင်များအတွက် လက်ဖြောင့်တစ်ချက်တီးရုံမျှဖြင့် ပြာမှုန်အတိသို့
လားပါစေဟူသော စိတ်တန်ခိုးရှင်အဖြစ် တန်ပြန်ခြေမှုန်းနိုင်ပါစေဟု အဓိဋ္ဌာန်
ပြုမိပါသည်။
မှတ်ချက်။  ။
သင်သည် အမျိုးဘာသာသာသနာကိုချစ်မြတ်နိုးပါ Share ခြင်းဖြင့်
ဒကာမကြီးဒေါ်ခင်ဝင်းအား ဂုဏ်ပြုနှုတ်ဆက်လိုက်ပါလေ . . .
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Post a Comment

Twitter Bird Gadget