.

Monday, December 22, 2014

ကားတစ်စီး ထက်ပိုရင်အခွန်ကောက်မည်၊မိန်းမတစ်ယောက်ထက်ပိုလျှင် ထောင်ချမည်

Unknown | 9:17 PM | Unknown | 9:17 PM |
Unknown | 9:17 PM | Best Blogger Tips
ဒီသတင်းကတော့  .. . .
ကားမရှိ မယားမရှိသူတွေအတွက် ၀မ်းမြောက်ဖွယ်ရာ
ဥပဒေသတင်းစကားပါပဲ  . .
ထို့ကြောင့်  . .. အလင်းရှင်တို့ကဲ့သို့သော
ကားမရှိ မယားမရှိသူများ ၀မ်းသာကြပါကုန်လော့  . . .
http://alinshin.blogspot.com/2014/12/blog-post_644.html
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
မိသားစုတစ်စုလျှင် ကားတစ်စီးထက် ပိုမိုပိုင်သူများကို ပိုင်ဆိုင်မှုအခွန် (Property Tax) ကောက်ခံတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကားအစီးရေ တိုးတက်လာမှု ထိန်းချုပ်ရန် ကားတစ်စီးအပြင် အခြားတစ်စီး အပိုရှိပါက ဆောင်ရမည့်အခွန်မှာ နဂိုထက် ပိုများမည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

သို့ရာတွင် ပိုင်ဆိုင်မှုအခွန် စတင်ကောက်ခံမည့်ကာလကိုမူ မပြောသေးပေ။

‘‘ကားစီးရေပမာဏ ရှိသင့်တာထက် ပိုရှိနေမယ်ဆိုရင် ကားကျပ်တာ ဆက်ဖြစ်နေမယ်။ ဒါကြောင့် ကားပိုရှိတဲ့သူတွေကို အခွန်ပိုဆောင်ခိုင်းမယ်။ ဒါကို စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ အခွန်အထူး ဘုတ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တာပါ’’ ဟု အထက်ပါဝန်ကြီးဌာန အကြံပေး ဒေါက်တာမောင်အောင်ကပြောသည်။

မူဝါဒတစ်ခု(သို့မဟုတ်) စည်းကမ်းတစ်ခု ချမှတ်ပါက ထိခိုက်နစ်နာသူရှိမည်ဖြစ်ပြီး အစိုးရ အဖွဲ့အနေဖြင့် အများအတွက် စဉ်းစားရမည်ဖြစ်ကာ ရန်ကုန်မြို့ တွင် ကားကျပ်ရသည့် အချက် (၂၂) ချက်၌ ကားတင်သွင်းခြင်းကြောင့် ပါဝင်သည်။ ထို ကြောင့် ကားကျပ်ခြင်းကို ဖြေရှင်းမည့်နည်းလမ်းများကို အဆင့်ဆင့် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘ဒီကိစ္စက ကားရောင်းတဲ့သူအတွက် တိုက်ရိုက်ထိခိုက်မှာ မဟုတ်ပေမယ့် ၀ယ်သူတွေအပေါ်မှာ ထိခိုက်နိုင်တယ်။ အရင် ပိုင်ထားတဲ့သူတွေကို စစ်မယ်ဆိုတော့ နောက်ကြောင်းပြန်လှည့် စစ်ရမယ်။ အလုပ်ဖြစ်၊ မဖြစ် စောင့်ကြည့်မှသိမယ်။ ဒါမျိုးက တစ်ခါမှ မလုပ်ဖူးသေးဘူး’’ ဟု Capital Automotive Ltd အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ထွန်းက ပြောသည်။
ထိုကဲ့သို့အခွန်ကောက်ပါက ကားဈေးကွက်တွင် အနည်းအများ ထိခိုက်မှုရှိမည်ဖြစ်ပြီး ယခင်ကတည်းက အခွန်ရှောင်သည်များရှိနေ၍ နာမည်ပြောင်းကာ အခွန်ရှောင်မှုများ ရှိလာနိုင်ကြောင်းနှင့် ယခုလုပ်ငန်းအပေါ် မည်မျှ အကောင်အထည်ဖော်လုပ်နိုင်မည်ကိုစောင့်ကြည့်သင့်ကြောင်း ၎င်းက  ဆက်လက်ပြောသည်။

‘‘အခွန်ကောက်မယ်ဆိုပေးမယ်။ ဒါက နိုင်ငံတော်အတွက် အကျိုးရှိတာ လုပ်ပေးမယ်ဆိုရင် အခွန်ဆောင်ရတာ ကိစ္စမရှိဘူး။  နှစ်စီးလောက်ပိုင်တဲ့ လူကျတော့  အခွန်ကောက်ပြီး အများကြီးပိုင်တဲ့လူကျတော့ မကောက်ဘူးဆိုရင် ဒါက မတရားတာပဲ’’ ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ကား နှစ်စီးပိုင်ရှင် ကိုဝင်းကြိုင်က ပြောသည်။

ပိုင်ဆိုင်မှုအခွန် (Property Tax) ကို အခြားနိုင်ငံများတွင် ကားသာမက အိမ်ခြံမြေ အစရှိသည်များ၌ ကောက်ယူကြကြောင်း၊ မြန်မာနိုင်ငံတွင် ယင်းအခွန် ကောက်သင့်ကြောင်းနှင့် ကား အများအပြား ပိုင်ဆိုင်ထားသည်မှာ ချမ်းသာသည့် ပုဂ္ဂိုလ်များဖြစ်ပြီး အခွန်ကောက်သော်လည်း ၎င်းတို့အတွက် ထိခိုက်မည်မဟုတ်ဘဲ နိုင်ငံတော်အတွက် အခွန်ငွေပိုရမည်ဖြစ်ကာ မလိုအပ်ဘဲ ကားဝယ်ထားခြင်းကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း အငြိမ်းစား မြို့နယ်အခွန်ဦးစီးမှူးတစ်ဦးက ပြောကြားသည်။
http://7daydaily.com/story/27630#.VJjfqc1rYA

No comments :

Post a Comment

Twitter Bird Gadget