.

Thursday, December 11, 2014

အင်္ဂလိပ်အုပ်ချုပ်စဉ်ကဆန္ဒပြပွဲရယ်လို့မဖြစ်ခဲ့တဲ့ဟောင်ကောင်ဟာ တရုတ်ကြီးအုပ်ချုပ်လိုက်တဲ့အခါမှာတော့

Unknown | 12:32 AM | Unknown | 12:32 AM |
Unknown | 12:32 AM | Best Blogger Tips

10 ဒီဇင်ဘာ 2014


ကျောင်းသားတွေ ဆုတ်ခွာဖို့ ဟောင်ကောင် အရာရှိ တိုက်တွန်း
ဟောင်ကောင်မှာ အဓိက သပိတ်စခန်းကို မရှင်းလင်းမီ တစ်ရက်
အလိုမှာ ဆန္ဒပြ ကျောင်းသားတွေကို သပိတ် စခန်းကနေ
ဖယ်ရှားကြဖို့ ဟောင်ကောင် ထိပ်တန်း အရာရှိ Carrie Lam က
တိုက်တွန်း လိုက်ပါတယ်။
အထက် တရားရုံးရဲ့ အမိန့်နဲ့ ကြာသပတေးနေ့ မနက်မှာ Admiralty
အရပ်က သပိတ်စခန်းကို ဖယ်ရှား ရှင်းလင်းဖို့ ဟောင်ကောင် အာဏာ
ပိုင်တွေက ပြင်ဆင် နေကြပြီ ဖြစ်ပါတယ်။
ကျောင်းသား ခေါင်းဆောင်တွေ ကတော့ နောက်ဆုံး အချိန်အထိ
သပိတ်စခန်းမှာပဲ ငြိမ်းငြိမ်းချမ်းချမ်း ဆက်နေကြဖို့ ပိုင်းဖြတ်
ထားကြပါတယ်။
ဆန္ဒပြသူတွေဟာ ဟောင်ကောင် အုပ်ချုပ်ရေး အကြီးအကဲကို
ရွေးချယ်ရာမှာ ဒီမိုကရေစီ နည်းလမ်း အပြည့်အဝနဲ့ ရွေးချယ်နိုင်ဖို့
တောင်းဆို နေကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လကလည်း Mong Kok သပိတ်စခန်းကို ရှင်းလင်းခဲ့ရာမှာ
နှစ်ဖက် လုံးထွေး သတ်ပုတ်မှုတွေ ဖြစ်ခဲ့ပါတယ်။


http://www.bbc.co.uk/burmese/world/2014/12/141210_hong_kong_urges_student_to_leave
ဒီသတင်းကိုဖတ်ရတော့  . ..
ကမ္ဘာမှာ အာဏာရှင်တွေအုပ်ချုပ်နေရင် ဘယ်တော့မှ မငြိမ်းချမ်းဘူးဆို
တဲ့အတွေးကို တွေးမိတယ်။ မြန်မာပြည်မှာလည်း စစ်အာဏာရှင်ကြံ့ဖွတ်
စစ်ခွေးတွေလက်က လုံးဝလွတ်မှသာလျှင် ပြည်သူသည် ငြိမ်းချမ်းရေး
အစစ်အမှန်ကိုရပါလိမ့်မည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Post a Comment

Twitter Bird Gadget