.

Tuesday, December 30, 2014

ခင်ဝင့်ဝါ၏ဖေါ်ချွတ်ပြထားသောခဲ့ပချီပုံတူအားသန်းနှင့်ချီ၍ ၀ယ်ယူမည်

Unknown | 9:37 AM | Unknown | 9:37 AM |
Unknown | 9:37 AM | Best Blogger Tips

ဘီလာရုစ်မှာ ကျင်းပနေတဲ့ Miss Supranational 2013 ကိုဝင်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံကိုယ် စားပြု အလှမယ် ခင်ဝင့်ဝါ၏ ခဲခြစ်ပုံတူအား ခင်ဝင့်ဝါပရိသတ်တစ်ဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးမှ သိန်းရာဂဏန်းနီးပါးဖြင့် ၀ယ်ယူရန် ဆက်သွယ်လာကြောင်း ခဲခြစ်ပုံတူဆွဲသူထံမှ ပြောကြား ခဲ့တယ်လို့ သိရသည်။

မည်သည့် ငွေပမာဏဖြင့် ၀ယ်ယူမည်ဆိုသည်ကို တိတိကျကျမသိရသေးပေ။

ဝယ်ယူရတဲ့ အကြောင်းရင်းက ယခုကဲ့သို့ နိုင်ငံတကာနှင့်ယှဉ်၍ မြန်မာဆိုတာ ကမ္ဘာသိအောင် အရှက် တရားကို ဘေးချိတ်ပြီး Miss Supranational 2013မှာ မြန်မာ့ဂုဏ်ဆောင်ခဲ့ခြင်း ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ခဲခြစ်ပုံတူဆွဲသူကလည်း အဆိုပါရောင်းလို့ ရရှိလာမယ့် ငွေတွေကို ခင်ဝင့်ဝါကို ပေးအပ်ဖို့စီစဉ်သွား မှာ ဖြစ်ပြီး လက်မခံပါက လူမှုရေးလုပ်ငန်းတွေမှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

အရှက်ကိုမငဲ့ကွက်ဘဲ မြန်မာဆိုတာ ကမ္ဘာကသိဖို့ Bikini ၀တ်ယှဉ်ပြိုင်ရဲတဲ့ ခင်ဝင့်ဝါ အပေါ် အွန်လိုင်း ပေါ်မှ ချီးကျူးမှုတွေများပြားခဲ့ပြီး အဆိုပါ ခဲခြစ်ပုံတူကို သိန်းချီပေးဝယ်မည့်သူအား ချီးကျူးလျက်ရှိကြောင်း သိရပါတယ်။




No comments :

Post a Comment

Twitter Bird Gadget