.

Wednesday, December 31, 2014

2015 ရဲ့ သည်နံက်ခင်းမှာ အမေ့ကိုဝန်ချတောင်းပန်ခွင့်ပြုပါ

Unknown | 9:10 PM | Unknown | 9:10 PM |
Unknown | 9:10 PM | Best Blogger Tips

သားရဟန်းဆိုတာ စာပေဝေါဟာရတစ်ခုရဲ့ အမှုန်အမွှားလေးပါအမေ၊
သို့သော်  .. 
တိုင်းပြည်ကိုချစ်တယ်၊ အမျိုးဘာသာကိုတန်ဘိုးထားတယ်၊
ဒီလိုနဲ့ ၊ စစ်ခွေးကြံဖွတ်အယုတ္တမာကောင်တွေကို တော်လှန်ခဲ့တယ်။
ရခိုင်ဘင်္ဂါလီအရေးအခင်းမှာ  . . .
ကိုယ့်ပြည်သား ရခိုင်များအတွက် သားသွေးနီတွေတစ်ထောင်းထောင်း
ဆူပွက်ခဲ့တယ်။
“ဒေါသော အတ္ထံ နဇာနာတိ” ဆိုတဲ့အတိုင်း သားရဟန်းရဲ့ဒေါသခိုးတွေ
ဟာ ဘင်္ဂါလီကုလားကို အမုန်းပွားခဲ့သလို ကြံ့ဖွတ်စစ်ခွေးတွေရဲ့ဝါဒမှိုင်းထဲမှာ
အမေ့ကိုလည်း ကုလားဘက်ပါရကောင်းလားဆိုတဲ့ အမြင်အထင်မှားစော်
ကားခဲ့ပါသည်။
စေတနာအဖြူစိတ်၊ ပြည်သူ့အပေါ်မေတ္တာယိုဖိတ်သောအမေ့ရဲ့နှလုံးသားကို
စစ်ခွေးကြံ့ဖွတ်တွေ ကြာကြာဖုံးဖိထားလို့မရပါဘူး။ ဒါ့ကြောင့် ရခိုင်အရေး
အခင်း မန္တလေးအရေးအခင်းတွေဟာ ကုလားနဲ့ဗမာအဓိကရုဏ်းဖြစ်အောင်
ဖန်တီးပြီး အမေ့ကိုမုန်းစေရန် အညှိုးတစ်ကွက်ဆိုတာ သားရဟန်းသိခဲ့ရပါပြီ
ထို့ကြောင့်  .. .
ကြံ့ဖွတ်စစ်ခွေးတွေရဲ့ နိုင်ငံရေးဂိမ်းထဲမှာ သားရဟန်းအသိမှားခဲ့တာကို
2015 မှာကြေပါစေတော့  . . . .
ပြေပါစေကြောင်း  . . .၀န်ချတောင်းပန်လိုက်ပါသည်  အမေ  . . .

ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်) 

No comments :

Post a Comment

Twitter Bird Gadget