.

Tuesday, November 11, 2014

မေဘရဏီသော်နှင့်International Beauty Pageant 2014

Unknown | 6:08 PM | Unknown | 6:08 PM |
Unknown | 6:08 PM | Best Blogger Tips

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၁၁ ရက်နေ့ထိ ကျင်းပနေတဲ့ Miss International Beauty Pageant 2014 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေဘရဏီသော် ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။
သက်တမ်း ၅၄ နှစ်ရှိဖြစ်တဲ့ Miss International Beauty Pageant 2014 ပြိုင်ပွဲကို နိုင်ငံပေါင်း ၆၅ နိုင်ငံက အလှမယ်တွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဆုပေးပွဲကို Shinagawa Prince Hotel Hall မှာ ကျင်းပနေပါတယ်။
Miss Myanmar International 2014 အဖြစ် အလှမယ် ခင်ဝေဖြိုးဟန်မှ ရွေးချယ်ခြင်း ခံခဲ့ရ ပေမယ့် အသက် ၁၈ နှစ်ပြည့်ဖို့ လိုအပ်နေတာကြောင့် Miss International Organization က 1st Runner Up အလှမယ် မေဘရဏီသော် ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
မိမိအနေနဲ့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို အခြေခံပြီး အကောင်းဆုံးဖြစ်အောင် ယှဉ်ပြိုင် သွားမှာဖြစ်သလို မြန်မာပြည်သူတွေရဲ့ အားပေးမှုကို မျှော်လင့်နေတယ်လို့ အလှမယ် မေဘရဏီသော် က တိုကျိုမြို့မှာ ဒီဗွီဘီကို ပြောပါတယ်။
Miss International Beauty Pageant ကိုအိုကီနာဝါကျွန်းမှာ ၂၀၁၂ ခုနှစ်က ကျင်းပခဲ့တဲ့ ပွဲကစလို့ အလှမယ် နန်းခင်ဇေယျာ က မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံး စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၂၀၁၃ မှာ အလှမယ် ဂုဏ်ရည်အေးကျော်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

No comments :

Post a Comment

Twitter Bird Gadget