.

Wednesday, November 19, 2014

မွတ်ဆလင်father land ကို ဖမ်းဝရမ်းထုတ်ထားခြင်း

Unknown | 3:34 AM | Unknown | 3:34 AM |
Unknown | 3:34 AM | Best Blogger Tips

Father Land ဆောက်လုပ်ရေးပိုင်ရှင်အား ဖမ်းဝရမ်းထုတ်ထားသည့်ကိစ္စနှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေတင်ပြရန် ရဲတပ်ဖွဲ့ကို နိုဝင်ဘာ ၂၄ ရက်တွင် ချိန်းဆိုထား

Written by: 
အောင်မျိုးသန့်
Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား ဖမ်းဝရမ်းထုတ်ထားသည့် ကိစ္စနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေ တင်ပြရန် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ကို ကျောက်တံတားမြို့နယ် တရားရုံးက နိုဝင်ဘာ ၂၄ ရက်တွင် ချိန်းဆိုထားကြောင်း သိရသည်။

“ဖမ်းဝရမ်းထုတ်ထားခြင်းနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၄ ရက်မှာ သက်ဆိုင်ရာရဲတပ်ဖွဲ့ကို ဖမ်းဝရမ်းထုတ်ခံထားတဲ့သူ ဖမ်းမိခြင်း ရှိမရှိဆိုတာ အတည်ပြုပေးဖို့ ချိန်းထားတာပါ။ အတည်ပြုမပေးနိုင်ရင်တော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးတို့ရဲ့ တင်ပြချက်ပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ကျောက်တံတားမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ပြောကြားသည်။



ဖြစ်စဉ်မှာ ကျောက်တံတားမြို့နယ် အမှတ် (၄) ရပ်ကွက်၊ ပန်းဆိုးတန်း အလယ်ဘလောက် အမှတ် ၁၈၁/၁၈၇ မြေပိုင်ရှင်ဖြစ်သူ ဦးစိုးမိုးထက်နှင့် Father Land ဆောက်လုပ်ရေးကုမ္ပဏီမှ ခေတ်မီလေးခန်းတွဲ ၁၂ ထပ်တိုက်အား နှစ်နှစ်အတွင်း ဆောက်လုပ်ပေးရန် စာချုပ်ချုပ်ဆို အပ်နှံခဲ့ကြောင်း၊ မြေရှင် သဘောတူညီသည့် ပုံစံအတိုင်းမဟုတ်ဘဲ ၎င်းစိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ မြေရှင်လက်မှတ် အတုများဖြင့်  စည်ပင်မှခွင့်ပြုချက်ရယူ ဆောက်လုပ်ခဲ့ကြောင်း၊ ၂ဝ၁၂ ခုနှစ်တွင် လူနေထိုင်ခွင့်ရမည် ဖြစ်သော်လည်း လေးနှစ်ကျော် ကြာမြင့်သည့်တိုင် ပြီးစီးအောင် ဆောက်လုပ်ပေးခြင်းမရှိ၍ အရေးယူပေးရန် စက်တင်ဘာ ၉ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး နိုဝင်ဘာ ၁ဝ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံးက Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း ကျောက်တံတား မြို့မရဲစခန်းမှ သိရသည်။
အဆိုပါဖြစ်စဉ်ကို ကျောက်တံတားမြို့မ ရဲစခန်းက (ပ)၃၆၂/၂ဝ၁၄၊  ပုဒ်မ- ၄၂ဝ/၄၆၈၊ ကျင့် ၅၁၂ အမှုဖွင့်ထားကြောင်း သိရသည်။

No comments :

Post a Comment

Twitter Bird Gadget