.

Monday, November 3, 2014

အလွတ်သတင်းထောက်ကိုပါကြီးအသတ်ခံရလို့ အိုဘားမားရဲ့သတင်းထောက်တွေကြောက်ကြဘူးလား

Unknown | 1:31 PM | Unknown | 1:31 PM |
Unknown | 1:31 PM | Best Blogger Tips
 ဒီလထဲ  မြန်မာ အပါအဝင် အာရှဒေသတချို့ကို လာရောက်မယ့် အိုဘားမားရဲ့ ခရီးစဉ်မှာ လိုက်ပါလိုတယ်ဆိုရင်ဖြင့် သတင်းသမားတဦးကို ဒေါ်လာ ၆ဝ,ဝဝဝ  (ခြောက်သောင်း) ကျသင့်မယ်လို့ ဆိုတယ်။

အိုဘာမား(ဓာတ်ပုံ-Eric Lalmand/AFP/Getty Images)

ဒါဟာ လေယာဉ်စရိတ်ပဲ ရှိပါသေးတယ်။ တည်းခိုစရိတ်၊ စားစရိတ်တွေ၊ တခြားစရိတ်တွေ မပါသေးဘူး တဲ့။
တခြားစရိတ်ဆိုတာ ဟိုဟိုဒီဒီ သွားရေးလာရေး၊  သတင်းခန်းအဖြစ်သုံးမယ့် ဟိုတယ်ခန်းမ ငှားရမ်းရေး စသဖြင့်ပေါ့။

ဒီတော့... အိုဘားမားရဲ့ အာရှ အသွားအပြန် ၉ ရက်ခရီးမှာ လိုက်ပါမယ့် သတင်းသမားတဦးအတွက်   ဒေါ်လာ ၇ဝ,ဝဝဝ ကုန်ကျဖွယ်ရှိကြောင်း အိမ်ဖြူတော်သတင်းသမားတချို့က ခန့်မှန်းပါတယ်။

လေယာဉ်စရိတ် တယောက်  ၆ဝ,ဝဝဝ ဆိုတော့ သတင်းသမားတွေ အိုးမိုင်ဂေါ့ ဖြစ်နေကြပါပြီ။
ကမ္ဘာမှာ ငွေအရှာတတ်ဆုံးက အမေရိကန်အစိုးရ ဖြစ်လိမ့်မယ်လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။
ဟုတ်လည်း ဟုတ်ပါလိမ့်မယ်။
သို့သော်လည်း ဒီခရီးစဉ်လိုက်ပါမယ့် သတင်းသမားတွေအတွက် လေယာဉ်တစီး သီးသန့် ငှားရမ်းရတာဖြစ်တဲ့အတွက် အကုန်အကျ သိပ်များနေရခြင်းလို့ ဆိုတယ်။

အိုဘားမားက သူ့လေယာဉ်နဲ့သူလာမယ်၊ သတင်းသမားတွေအတွက်က အဲဒီလို လေယာဉ်တစီး  စီစဉ်ငှားရမ်း။

ကုန်ကျစရိတ်လျှော့ချနေကြတဲ့ခေတ်မှာ အမေရိကန်သမ္မတခရီးစဉ်လိုက်ပါမှုကို ဆက်မလုပ်တော့တဲ့ သတင်းဌာန များသည်ထက် များလာပါပြီ။

အိုဘားမားတို့ မြန်မာပြည်ဘက်လာမယ့် ဒီခရီးစဉ်မှာ လိုက်ပါဖို့ စာရင်းသွင်းထားတဲ့ သတင်းသမားအရေအတွက်က ၅၁ ဦးပဲ ရှိပါသေးတယ် တဲ့။
ဒါက ကြာသပတေးနေ့ စာရင်းပါ။ အိုဘားမားရဲ့ ယခင့်ယခင်ခရီးစဉ်တွေမှာ ပုံမှန်လိုက်ပါလေ့ရှိတဲ့ သတင်းသမားအရေအတွက်ရဲ့ ထက်ဝက်ပဲ ရှိတယ်လို့ ဆိုတယ်။
ထပ်လည်း တိုးလာမယ့်သဘော သိပ်မရှိလို့ ယူဆရပါတယ်။
ရလဒ်ကတော့ ဒီ ၅၁ ဦးက လေယာဉ်ငှားရမ်းခ ကုန်ကျစရိတ်ကို စုပြီး ကျခံရခြင်းပါပဲ။

သတင်းစာ ဂျာနယ်လိုမျိုး ပုံနှိပ်မီဒီယာ နဲ့ အွန်လိုင်းမီဒီယာဌာနတွေက သတင်းသမား ၁ ယောက် သို့မဟုတ် ၂ ယောက်စီ စေလွှတ်ဖွယ် ရှိပါတယ်။
ရုပ်မြင်သံကြားဌာနဆိုရင်တော့ ၁ ယောက် ၂ ယောက်နဲ့ မရတော့ပါဘူး။
The New York Times အပါဝင် သတင်းဌာနတချို့ကတော့ တတ်နိုင်သမျှ လူအင်အား နည်းနည်းပဲ သုံးကြပါလိမ့်မယ်။
The Washington Post သတင်းစာက ၁ ယောက် ထည့်မယ်လို့ ဆိုတယ်။

AP,  Bloomberg, Reuters, AFP, the Wall Street Journal နဲ့ Tribune သတင်းစာတိုက်တို့ကလည်း သူတို့သတင်းသမားတွေကို ထည့်ပါမယ်။

အိုဘားမားရဲ့သမ္မတသက်တမ်းကလည်း သိပ်အများကြီးမကျန်တော့တဲ့အချိန်ဖြစ်တဲ့အတွက် သတင်းဌာနတချို့က အိုဘားမားလှုပ်ရှားမှုကို သိပ်ပြီး စိတ်မ၀င်စားတော့လာ ဖြစ်နိုင်တယ်လို့ အိမ်ဖြူတော် သတင်းသမားတချို့က ဆိုပါတယ်။

ခရီးစဉ်အတွင်း တရုတ်နဲ့မြန်မာ ၂ နိုင်ငံမှာ အစိုးရ အရာရှိကြီးတွေကို တွေ့ဆုံမေးမြန်းခွင့်ရဖို့ ခက်ခဲတာကြောင့် တချို့က ဒီခရီးစဉ်မှာ သူတို့သတင်းသမားကို မလွှတ်ကြခြင်း ဖြစ်ပါလိမ့်မယ်။
ဒီ ၂ နိုင်ငံဟာ သတင်းသမားနဲ့ သိပ်ပြီး ဟက်ဟက်ပက်ပက် မရှိလှပါ။

သို့သော်လည်း ဒီခရီးစဉ်က အိုဘားမားအတွက် အရေးပါပါတယ်။
တရုတ်၊ အမေရိကန်ရဲ့ အာရှဆိုင်ရာ မူဝါဒ၊ ထွန်းသစ်လာတဲ့မြန်မာပြည် စတာတွေအကြောင်း သမ္မတခရီးစဉ်မှာ တိုက်ရိုက် သတင်းပို့ကြဖို့ဆိုရင်တော့ အမေရိကန် နဲ့ နိုင်ငံတကာမီဒီယာအဖွဲ့တွေဟာ ငွေအကုန်ခံရပါလိမ့်မယ်။
နေရာတိုင်းမှာ ကိုယ့်သတင်းသမား အလုံအလောက် မထားနိုင်ရင်တော့ ဒီခရီးစဉ်မှာ ဒီလိုပဲ အကုန်အကျ ခံရမှာ ဖြစ်ပါတယ်။

အိုဘားမားက မနှစ်တုန်းက ဒီအချိန်မှာ ရန်ကုန်ကို လာခဲ့ပါသေးတယ်။
အခု မြန်မာပြည်ကို ဒုအကြိမ် လာပါမယ်။
အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ မြန်မာပြည်ဟာ အာဆီယံနဲ့မိတ်ဘက်များရဲ့ထိပ်သီးဆွေးနွေးပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့အတွက် အိုဘားမားက ထိပ်သီးအစည်းအဝေးတခုကို တက်ဖို့ မြန်မာပြည်ကို ထပ်ပြီး လာရောက်ဖို့ ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။

ဇာနည်ဝင်းကိုးကား -

 The Washington Post
http://blog.irrawaddy.org/2014/11/60000.html

No comments :

Post a Comment

Twitter Bird Gadget