.

Saturday, November 8, 2014

မင်းသားကြီး ရောဘင်ဝီလီယံ ကိုယ်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းဖြစ်

Unknown | 8:49 AM | Unknown | 8:49 AM |
Unknown | 8:49 AM | Best Blogger Tips

ဟာသ မင်းသားကြီး ရောဘင်ဝီလီယံ သြဂုတ်လက သေဆုံးသွားတာဟာ 
မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်းမှု ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ မာရင် နယ်မြေ အရာရှိတွေက နိုဝင်ဘာ ၇ ရက်နေ့မှာ 
တရားဝင် အတည်ပြုပါတယ်။

မင်းသားကြီး ရော်ဘင်ဝီလီယံ
မင်းသားကြီး ရော်ဘင်ဝီလီယံ

အသက် ၆၃ နှစ်အရွယ် မင်းသားကြီး ၀ီလီယံရဲ့ အလောင်းကို သြဂုတ်လ 
၁၁ ရက်နေ့မှာ သူ့ရဲ့ လက်ထောက်က ဆန်ဖရန် စစ္စကိုကမ်းခြေဒေသ က
နေအိမ် မှာ တွေ့ရှိခဲ့ရတာပါ။

မာရင်နယ်မြေ သေ မှုသေခင်း စုံစမ်းရေးရုံးရဲ့ အခုနောက်ဆုံး ကြေညာချက်မှာတော့ 
မင်းသားကြီး ၀ီလီယံဟာ ကြိုးဆွဲချလို့ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးတယ်လို့ ဆိုပါတယ်။

အခုနောက်ဆုံး ထုတ်ပြန်ချက်ဟာ ကနဦး စစ်ဆေးတွေ့ရှိချက်တွေနဲ့လည်း ထပ်တူကျပါတယ်။

မင်းသားကြီး ရောဘင် ၀ီလီယံဟာ စိတ်ကျဝေဒနာ ခံစားရပြီး သိပ်မကြာခင်က သေကြောင်းကြံစည်ခဲ့တာ ဖြစ်ပါတယ်။

မင်းသားကြီး ၀ီလီယံဟာ ကမ္ဘာကျော် ဟာသ သရုပ်ဆောင်ဖြစ်သလို ၁၉၉၇ ခုနှစ်က
 “Good Will Hunting.” ဒရမ်မာ ဇာတ်ကားနဲ့ အော်စကာ ဆုရခဲ့ပါတယ်။
http://www.ygnmedia.com/2014/11/blog-post_103.html 

No comments :

Post a Comment

Twitter Bird Gadget