.

Thursday, November 20, 2014

နိုင်ငံသားပြုခွင့် ဖြစ်ခွင့်ရသည့် ဘင်္ဂါလီများ၏သားသမီးများ သီးသန့်လျှောက်ရန်မလိုတော့

Unknown | 7:38 AM | Unknown | 7:38 AM |
Unknown | 7:38 AM | Best Blogger Tips

ဘင်္ဂါလီအမျိုးသမီးများနှင့် ကလေးငယ်များ /ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

 နိုင်ငံသားပြုခွင့်၊ ဖြစ်ခွင့် လျှောက်ထားသည့် ဘင်္ဂါလီများ၏ (၁၈)နှစ်အောက် ကလေးငယ်များမှာ
 မိဘများ၏ ခွင့်ပြုချက်ရပါက  အလိုအလျောက်ရရှိသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီလူမျိုး တစ်ထောင့်တစ်ရာခန့် ရှိသည့်အနက် ဘင်္ဂါလီ ၃၈၈ ဦးသည် နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့် လျှောက်ထားသည့် မိဘများက မွေးဖွားလာသူများဖြစ်၍ ၎င်းတို့၏ မိဘများနိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရရှိပါက အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့် ရရှိကြမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
‘‘သူတို့တွေက စိစစ်စရာ မလိုပါဘူး။ သူတို့မိဘတွေက စိစစ်ပြီးရင် နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံသားပြုခွင့် အသီးသီးဖြစ်သွားကြမယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
 မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီလူမျိုး တစ်ထောင်ကျော် ရှိသည့်အနက် ဘင်္ဂါလီလူမျိုး ၂၀၉ဦးကို ယခုနှစ် စက်တင်ဘာတွင် နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့်ပေးခဲ့ပြီး ဒုတိယအသုတ်အဖြစ် ခွင့်ပြုရန် ဘင်္ဂါလီလူမျိုး နှစ်ရာ့လေးဆယ်ကျော်ကို သက်ဆိုင်ရာ အာဏာပိုင်များက စတင်စစ်ဆေးနေပြီ ဖြစ်သည်။
‘‘ဒုတိယအသုတ်ခွင့်ပြုပေးဖို့ စတင်စစ်ဆေးနေပါတယ်။ စစ် ဆေးနေတာကတော့ ၂၄၄ ဦးပါ။ ဗဟိုက စစ်ဆေးနေတာမို့ နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့် ဘယ်နှယောက် ရနိုင်တယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး’’ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြား သည်။
ဘင်္ဂါလီလူမျိုးများနိုင်ငံသား ပြုခွင့်လျှောက်ထားမှုကို ယခုနှစ် ဇွန် ၁၅ရက်မှ စတင်ပြီး မြေပုံမြို့ နယ်ကို စမ်းသပ်ဧရိယာအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။ လျှောက်ထားသူ ၁,၀၉၄ ဦး ရှိသည့်အနက် နိုင်ငံသားဖြစ်ခွင့် ၄၀ ဦး၊ နိုင်ငံသားပြုခွင့်ရသူ  ၁၆၉ ဦးအား ပထမအကြိမ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံသား ဖြစ်ခွင့်ကို ၁၉၈၂ခုနှစ် ဥပဒေအရ  သုံးမျိုး ခွင့်ပြုလျက်ရှိပြီး ယင်းတို့မှာ နိုင်ငံသားဖြစ်ခွင့်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဟူ၍ ဖြစ်သည်။
ဘင်္ဂါလီလူမျိုးများကို နိုင်ငံသားဖြစ်ခွင့်ရွေးချယ်ရာတွင် ပြည် နယ်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် ဗဟိုအဆင့် သုံးမျိုးခွဲခြား၍ ဆောင်ရွက်မည်ဖြစ်သည်။ ထပ်မံခွင့်ပြုရန် သင့်၊ မသင့် စဉ်းစားနေသော အဆိုပါလူဦးရေသည် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ပြီးစီးနေပြီး ဗဟိုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ပြည်နယ်အဆင့်စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ဥပဒေအရာရှိ၊ မြို့နယ်ဦးစီးမှူး၊ ဒေသခံရခိုင်နှင့် ဘင်္ဂါလီကိုယ်စားလှယ်တစ်ဦးစီထားကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ပြည်နယ်မှ စိစစ်ပြီး စာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြန်လည်စိစစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန စသည့် ၀န်ကြီးဌာနလေးခု ပါဝင်သော ကော်မတီက ပြန်လည်စိစစ် ခွင့်ပြုပေးခြင်း ဖြစ်သည်။
http://www.7daydaily.com/story/25257#.VG4KkdKUeSo

No comments :

Post a Comment

Twitter Bird Gadget