.

Sunday, November 23, 2014

မွတ်ဆလင်သီးသန့် အလှမယ်ပြိုင်ပွဲတွင် တူနီးရှား အလှမယ် အနိုင်ရ

Unknown | 9:09 AM | Unknown | 9:09 AM |
Unknown | 9:09 AM | Best Blogger Tips

မွတ်ဆလင်များအတွက် သီးသန့်ကျင်းပသည့် အလှမယ် ပြိုင်ပွဲတွင် တူနီးရှား 
ကိုယ်စားပြု အလှမယ်က သရဖူ ဆွတ်ခူးခဲ့ကြောင်း သိရသည်။ 

အင်ဒိုနီးရှားတွင် ကျင်းပသည့် အဆိုပါ ပြိုင်ပွဲတွင် မွတ်ဆလင် အမျိုးသမီးများသာ သီးသန့်ပါဝင်ခွင့်ရှိပြီး အနောက်တိုင်း အလှမယ် ပြိုင်ပွဲများကို စိန်ခေါ်နိုင်ရန် ရည်ရွယ်ထားသည်။ ဒုတိယ အကြိမ်မြောက်အဖြစ် ကျင်းပသည့် ယင်းပြိုင်ပွဲ၏ နောက်ဆုံးအဆင့်သို့ ဆရာဝန်တစ်ဦး၊ ကွန်ပျူတာ သိပ္ပံပညာရှင် တစ်ဦးတို့ အပါအဝင် နိုင်ငံအရပ်ရပ်မှ အလှမယ် (၁၈)ဦး တက်ရောက်လာခဲ့သည်။
နောက်ဆုံးအဆင့် ရွေးချယ်ခံရသည့် အမျိုးသမီးများသည် တောက်ပစွာ တန်ဆာဆင် ချုပ်လုပ်ထားသည့် ဝတ်စုံများဖြင့် ကိုယ်ဟန်ပြကြရသည်။ အလှမယ် အားလုံးသည် မွတ်ဆလင် အမျိုးသမီးများ ဝတ်ဆင်လေ့ရှိသည့် ခေါင်းဆောင်း ခြုံလွှာများကို ဆင်မြန်းထားကြသည်။
ယခုနှစ်၏ မွတ်ဆလင် အလှမယ်အဖြစ် ရွေးချယ်ခံရသူမှာ ကွန်ပျူတာ သိပ္ပံ ပညာရှင် ဖာတမာ ဘန်ဂူဖရာချီဖြစ်သည်။ အသက်(၂၅)နှစ်ရှိ တူနီးရှားသူသည် ဆုကြေးအဖြစ် ရွှေလက်ပတ်နာရီတစ်လုံး၊ ရွှေသား ဆုတံဆိပ်တို့အပြင် မက္ကသို့ ဝတ်ပြုခရီးစဉ် သွားရောက်ခွင့်တို့ကိုပါ ရရှိခဲ့သည်။
ဆုရရှိကြောင်း ကြေညာပြီးနောက် ဖာတမာက သူမအနေဖြင့် ပါလက်စတိုင်း လွတ်မြောက်ရေးအတွက် ထောက်ခံ တောင်းဆိုကြောင်း ပြောကြားခဲ့သည်။ “ကြီးမြတ်တဲ့ ဘုရားသခင်က ကျွန်မကို ဒီပြိုင်ပွဲမှာ ကူညီစောင့်ရှောက်ခဲ့ပါတယ်။ ပါလက်စတိုင်း လွတ်မြောက်ပါစေ။ ကျေးဇူးပြုပြီး ပါလက်စတိုင်းနဲ့ ဆီးရီးယား ပြည်သူတွေ လွတ်လပ်ရေးအတွက် ကူညီပေးတော်မူပါ”ဟု သူမက ဆိုသည်။
မွတ်ဆလင် အလှမယ် ရွေးပွဲတွင် ဒိုင်လူကြီးများက အမျိုးသမီး တစ်ဦးချင်းစီ၏ အလှအပကိုသာ မကဘဲ ကိုရန်ကျမ်းစာ ကျေညက်မှုနှင့် ခေတ်သစ် ကမ္ဘာတွင် အစ္စလာမ် ဘာသာရေးနှင့် ဆက်နွယ်သော သူမတို့၏ အမြင်များကိုပါ အလေးထား စစ်ဆေးပြီးမှ အမှတ်ပေးသည်။
(၂၀၁၃)ခုနှစ်တွင် ကမ္ဘာ့ မွတ်ဆလင် အလှမယ် ပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ယင်းသည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ပြုလုပ်နေသည့် မယ်ကမ္ဘာ ပြိုင်ပွဲကို ငြိမ်းချမ်းစွာ ဆန္ဒပြရန် ရည်ရွယ်ပြီး အစပြုခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က အစ္စလာမ် ဘာသာဝင် အများစု နေထိုင်တွင် မယ်ကမ္ဘာ ပြိုင်ပွဲကို ဆန့်ကျင်မှုများ ပြင်းထန်ခဲ့ပြီးနောက် ဘီကနီဖြင့် ကိုယ်ဟန်ပြမှုများကို ကန့်သတ်စီစစ်ရန် ပွဲစီစဉ်သူများက ဆုံးဖြတ်ခဲ့ရသည်။

_Ref: Channelnewsasia
http://7daydaily.com/story/25452#.VHITxtKUd8F

No comments :

Post a Comment

Twitter Bird Gadget