.

Thursday, November 20, 2014

နျူကလီးယား စမ်းသပ်ဖို့ မြောက်ကိုရီးယား ခြိမ်းခြောက်

Unknown | 11:18 PM | Unknown | 11:18 PM |
Unknown | 11:18 PM | Best Blogger Tips
မြောက်ကိုရီးယား အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ 

ရာဇဝတ် ခုံရုံးမှာ ရုံးတင် စစ်ဆေးဖို့ ကုလသမဂ္ဂက ကော်မီတီက ဆုံးဖြတ်ချက် ချခဲ့ အပြီးမှာ

 မြောက်ကိုရီးယားက နောက်ထပ် နျူကလီးယား စမ်းသပ်မှု တစ်ခု လုပ်မယ်လို့ ခြိမ်းခြောက်
 ပြောဆိုလိုက်ပါတယ်။
ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးမှာ မြောက်ကိုရီးယား အစိုးရကို ရုံးတင် စစ်ဆေး နိုင်ရေး
အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အဆုံးအဖြတ်ကို ရယူဖို့ ကုလသမဂ္ဂ လူ့အခွင့်
အရေး ကော်မီတီက ဆုံးဖြတ်ခဲ့တာပါ။
မြောက်ကိုးရီးယား အစိုးရက ဒါဟာ နိုင်ငံရေး အရ ရန်စမှုကြီး ဖြစ်ပြီး နောက်ထပ် နျူကလီးယား 
စမ်းသပ်မှု တစ်ခု ထပ်လုပ်ရုံက လွဲလို့ တခြား နည်းလမ်း မရှိတော့ဘူးလို့ ပြောပါတယ်။
မြောက်ကိုးရီးယား အစိုးရရဲ့ ရုပ်မြင်သံကြားကနေ ကြေညာရာမှာ အခု နောက်ဆုံး ဖြစ်ခဲ့တဲ့ 
တင်းမာမှုဟာ မြောက်ကိုရီးယား နိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန် အစိုးရရဲ့ ရန်လိုတဲ့ ပေါ်
လစီကြောင့် ဖြစ်ကြောင်း၊ ဒါ့ကြောင့် မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား စမ်းသပ်မှု
အသစ် တစ်ခု လုပ်ရတော့မှာ ဖြစ်ကြောင်း၊ ဖြစ်လာမယ့် အကျိုးဆက်တွေဟာ အဲဒီ ဆုံးဖြတ်
 ပြဋ္ဌာန်းချက်ကို အဓိက ရေးဆွဲသူနဲ့ နောက်လိုက်တွေမှာပဲ တာဝန်ရှိကြောင်း ထုတ်ဖော်
 ကြေညာသွားပါတယ်။
http://www.bbc.co.uk/burmese/world/2014/11/141120_north_korea_nuclear_threat

No comments :

Post a Comment

Twitter Bird Gadget