.

Saturday, November 1, 2014

တက်တူးထိုးခြင်း၏ နောက်ကွယ်

Unknown | 12:22 AM | Unknown | 12:22 AM |
Unknown | 12:22 AM | Best Blogger Tips
လူငယ်များ အကြားတွင် ခေတ်စားနေသော တက်တူး ထိုးခြင်းသည်
အရေပြား ကင်ဆာ ဖြစ်ပွားမှု နှုန်းကို မြင့်တက် စေကြောင်း လေ့လာမှု
တစ်ရပ်တွင် ဖော်ပြ ထားသည်။ တက်တူး ထိုးရာတွင် အသုံးပြုသော
ဆေးရည်သည် အရေပြား ကင်ဆာကို ဖြစ်စေနိုင်သော ပစ္စည်းများ ပါဝင်
နေသည်ဟု သိရသည်။ အထူးသဖြင့် အပြာရောင်ခြယ် တက်တူး မင်သည်
တက်တူး ထိုးသူများနှင့် ထိုးနှံ ပေးသော သူများ အကြိုက် အရောင် တစ်မျိုး
ဖြစ်ပြီးကို ဘော့သတ္ထုနှင့် အလူ မီနီယမ်များ ပါဝင် နေသည်။

နယူး ဒေလီမြို့ BLK ဆေးရုံ၊ အရေပြား အထူးကုဌာနမှ Dr. D.J.S Tula 
တက်တူးနှင့် ကိုယ်ခန္ဓာ အပေါက်ဖောက်သော ကိရိယာများသည် လူ့သွေးများမှ 
တစ်ဆင့် ကူးစက်သော ရောဂါများ ရရှိနိုင်ချေ များကြောင်း၊ သွေးမှ တစ်ဆင့် 
ကူးစက် တတ်သော HIV၊ အသည်းရောင် အသားဝါ B,Cနှင့် အရေပြား ကင်ဆာ
ရောဂါ အချို့ကို ရရှိနိုင်ကြောင်း၊ အရေပြား ကင်ဆာ များတွင် မှဲ့ကင်ဆာနှင့် 
Squamous cell carcinoma တို့ ပါဝင်ကြောင်း၊ တက်တူး ထိုးသူတိုင်း အဆိုပါ
ရောဂါများကို ရရှိနိုင်သည်ဟု မဆိုလိုဘဲ အသုံးပြုသော တက်တူး မင်အမျိုးအစား၊ 
တက်တူး ထိုးသော ကိရိယာ၊ လုပ်ငန်းစဉ် များ၏ ပိုးသတ် ထားမှု ရှိမရှိက 
အဓိကကျ ကြောင်းကို ရှင်းပြ ထားသည်။
“တက်တူးထိုးတဲ့ မင်မှာ တစ်ခါတလေ အာဆင်း နစ်တွေ ထည့်သွင်း ထားတတ် 
ပါတယ်။ ထိုးနှံ သူကတော့ မသိတဲ့ အတွက် အရေပြား ကင်ဆာ ဖြစ်ဖို့ အခွင့်အလမ်းများ နေပါတယ်။ နောက်ပြီး မှဲ့ရှိတဲ့ နေရာတွေ နားမှာလည်း 
တက်တူး မထိုး သင့်ပါဘူး တကယ်လို့ တက်တူး ထိုးထားတဲ့ နေရာ အနီးတ၀ိုက်မှာ 
ပုံမှန် မဟုတ် ဘဲမှဲ့တွေ ပေါ်လာပြီဆိုရင် အရောင်၊ အရွယ် အစား၊ ပုံသဏ္ဌာန်၊ 
အနားသတ် ပုံစံတွေကို သေချာ စစ်ဆေးဖို့ လိုပါတယ်။ တကယ်လို့ သေချာ 
မကြည့်ဘဲ ပေါ့ပေါ့ဆဆပဲ ထားမယ်ဆိုရင် မှဲ့ကင်ဆာနဲ့ အခြား အရေပြား 
ကင်ဆာ တွေကို အချိန်လွန်မှ သိတာမျိုး ဖြစ်သွား နိုင်ပါတယ်ဟု ကင်ဆာ ရောဂါ 
အထူးကု ဆရာဝန် Dr.Amit Kumarက အကြံ ပေးထားသည်။
ထို့ပြင် တက်တူး ဖျက်ခြင်းတွင်လည်း ဆိုးကျိုးများ ရှိနေကြောင်း၊ အရေပြား အရောင်
 ဖျော့သွားခြင်း (hypo pigmentation)၊ ရင့်သွားခြင်း (hyper pigmentation) များ 
ရလာ နိုင်ကြောင်း သိရသည်။ ကျွမ်းကျင်သော တက်တူး ထိုးပေးသူများ ထံသာ 
သွားသင့်ကြောင်း၊ progessional tattooistသည် အော်ဂဲနစ် မင်ကိုသာ 
အသုံးပြု ကြကြောင်း၊ ဈေးပေါပေါ သုံးထားသော တက်တူးများတွင် အာဆင်းနစ်၊ 
ကိုဘော့နှင့် အလူမီနီယမ် ကဲ့သို့သော အရေပြား ကင်ဆာ ဖြစ်စေနိုင်သည့် ဓာတ်များ 
ပါဝင် နေကြောင်းကို ယခု လေ့လာမှုတွင် ဖော်ပြ ထားသည်။
သန့်စင်
Ref: IANS
Health Updates Journal
http://www.myanmarnewsnow.org/2014/02/blog-post_9062.html

No comments :

Post a Comment

Twitter Bird Gadget