.

Saturday, November 22, 2014

သတင်း အတုအယောင်နှင့် ဆက်စပ်နေသည့် app ကို တရုတ်နိုင်ငံတွင် ပိတ်ပင်ခဲ့

Unknown | 7:26 PM | Unknown | 7:26 PM |
Unknown | 7:26 PM | Best Blogger Tips









http://alinshin.blogspot.com/2014/10/facebook_45.html
အထက်ပါလင့်ဖြစ်သောပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က တရုတ်အမျိုးသမီး တစ်ဦးသည် လိင်ကိစ္စ အလဲအလှယ်ပြု လုပ်ရန်အားလပ်ရက် အပန်းဖြေ ခရီးတစ်ခုသို့ ခေါ်ဆောင်သွားမည့် အမျိုးသားကို ရှာဖွေနေလျက်ရှိသည့် သတင်း Facebook တွင်ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းသတင်းသည် လုပ်ကြံဖန်တီးထားသည့် သတင်းတစ်ပုဒ်သာ ဖြစ်ကြောင်း သိရသည်။


တရုတ်နိုင်ငံ၏ InTouch Today မှဖော်ပြချက်အရ ကျူပန်အမည်ရသူ အမျိုးသမီးတစ်ဦးသည် ခရီးသွားဖော် ရှာဖွေရန်အတွက် Douban နှင့် Tianya ကဲ့သို့ ဒေသတွင်း ဖိုရမ်များတွင် post တင်ခဲ့သည်။ အဆိုပါ post တွင် ကျူသည် လိင်ပိုင်းဆိုင်ရာ ကိစ္စများကို ဖော်ပြထားခြင်း မရှိဘဲ စာဖတ်သူ အများစုက နားလည်မှု လွဲသွားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ မိန်းကလေးကို ဆက်သွယ်သည့် သူများကို သူမက ၎င်းအနေဖြင့် WeChat သို့မဟုတ် QQ ကိုအသုံးပြုလေ့ မရှိကြောင်း၊ ၎င်း၏ Youjia ရှိ account အမည်ကို ပြောကြားခဲ့သည်။
အဆိုပါ မိန်းကလေးသည် ခရီးသွားဖော် ရှာဖွေရန်အတွက် Reddit ဝက်ဘ်ဆိုက်ပေါ်တွင် post တင်ခဲ့ပြီး   ခရီးသွားဖော် ဟု အမည်ရသည့် စကားလုံးအား ဘာသာပြန် အချက်အလက် လွဲမှားခဲ့ရာမှ ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
၎င်းမိန်းကလေး၏ post ကိုတရုတ်နှင့် အခြားနိုင်ငံရှိ မီဒီယာများ တွေ့ရှိသည့်အခါ သတင်းအဖြစ် ဖော်ပြခဲ့ကြသည့်အပြင် လူသိများသော အင်္ဂလိပ်ဘာသာ သတင်းဆိုက်များကလည်း ဖော်ပြခဲ့ကြသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ အင်တာနက် သတင်းအချက်အလက် ရုံးကရှန်ဟိုင်း အခြေစိုက် Youjia ကုမ္ပဏီအား ပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း Shanghai Daily မှဖော်ပြခဲ့သည်။ ၎င်း Youjia လူမှုရေး မီဒီယာသည် ကြော်ငြာ အစီအစဉ်အတွက် ချဲ့ကားပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ အင်တာနက် သတင်းအချက်အလက်ရုံးမှ ထုတ်ပြန်သွားခဲ့သည်။
http://www.internetjournal.media/new/185
-စိုးထက်
Ref: TechinAsia

No comments :

Post a Comment

Twitter Bird Gadget