.

Wednesday, October 29, 2014

Google နှင့် Facebook တို့ ပြည်တွင်း၌ ဆာဗာများ အထိုင်ချလာဖွယ်ရှိ

Unknown | 2:06 PM | Unknown | 2:06 PM |
Unknown | 2:06 PM | Best Blogger Tips


ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီကြီးများ ဖြစ်ကြသည့် Googleနှင့် Facebookတို့က ပြည်တွင်း၌ ဆာဗာအထိုင်ချခြင်း ပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။ အဆိုပါ နည်းပညာကုမ္ပဏီကြီး နှစ်ခုမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံအတွင်း ၄င်းတို့၏ ဆာဗာများကို အထိုင်ထားခြင်း ပြုလုပ်ရန်အတွက် ဆွေးနွေးနေကြကြောင်း အဆိုပါ ဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ Google နှင့် Facebook တို့ ပြည်တွင်း၌ ဆာဗာအထိုင်ချမည် ဆိုပါက ထိုကုမ္ပဏီများ၏ ဝန်ဆောင်မှုများသည် ပြည်ပဆာဗာသို့ ဖြတ်ရန်မလိုတော့ဘဲ အင်တာနက် အသုံးပြုမှု မြန်နှုန်းများလည်း ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။ 

“အခုထက်တော့ သုံးရတာ ပိုမြန်ဆန်လာမယ်လို့ ထင်ပါတယ်။ နောက်ပြီး သုံးစွဲသူတွေရဲ့ အချက်အလက်တွေကိုလည်း အစိုးရ လိုအပ်ရင် လိုအပ်သလို တောင်းခံကြည့်ရှုမှုတွေ ပိုလွယ်ကူလာနိုင်တယ်” ဟု Google နှင့် Facebook ပြည်တွင်း၌ ဆာဗာအထိုင်ချရန်အတွက် ဆွေးနွေးနေခြင်း အကြောင်းအရာနှင့် ဆက်စပ်၍ အင်တာနက် အသုံးပြုသူ အွန်လိုင်းမန်နေဂျာတစ်ဦးက သူ၏ထင်မြင်ချက်ကို ပြောသည်။ ယခုကဲ့သို့ အဆိုပါ နည်းပညာ ကုမ္ပဏီကြီး နှစ်ခုက မြန်မာနိုင်ငံတွင် ၄င်းတို့၏ ဆာဗာအသီးသီးကို အထိုင်ချရန် ဆွေးနွေးနေကြသော်လည်း ဒေတာစင်တာ (Data Centre) သီးသန့် တည်ဆောက်ခွင့် အကြောင်းအရာနှင့် ပတ်သက်၍မူ အတိအကျ သိရှိရခြင်း မရှိပေ။ Google နှင့် Facebook နည်းပညာ လုပ်ငန်းကြီးများသာမက မြန်မာနိုင်ငံသို့ အခြေချ ဝင်ရောက်လာခဲ့လျှင် ပြည်တွင်း၊ ပြည်ပမှ Networking Engineer များအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ကွန်ပျူတာပညာရှင်အချို့က ပြောပြခဲ့သည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် Interntet ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

No comments :

Post a Comment

Twitter Bird Gadget