.

Friday, October 24, 2014

ဒီလို Sex ကိစ္စ မျိုးတွေကို မြန်မာ့သားပျိုသမီးပျိုများလည်း သတိပြုမိဖို့လိုပြီထင်တယ်

Unknown | 11:59 PM | Unknown | 11:59 PM |
Unknown | 11:59 PM | Best Blogger Tips
အသက် ၂၄ နှစ်အရွယ် Daniel Decu ရဲ့ ဈာပန အခမ်းအနားကို သူ့ရဲ့ 
ချစ်သူဟောင်း မိန်းကလေး တော် တော်များများ တက်ရောက်
 လာခဲ့ကြတယ်။ အဲဒီမိန်းကလေးတွေလည်း Daniel Decu သေဆုံး
သွားတာဟာ AIDS ရောဂါ ကြောင့် ဆို တာ သိလိုက်ကြတဲ့အခါ သူတို့ 
အားလုံး တုန်လှုပ်ခြောက်ခြား ကုန်ကြပါတော့ တယ်။ 


 AIDS ရောဂါကြောင့် ကွယ်လွန်သူ ဒန်နီယယ်နဲ့ အမျိုးသမီးတဦး၊ ဓာတ်ပုံ- The Mirror

ဒါနဲ့ပဲ ဒန်နီယယ်ရဲ့ ချစ်သူမိန်းကလေးတွေလည်း အပြေးအလွှား HIV 
စစ်ဆေးကြပြီး ထွက်လာမယ့် စစ်ဆေးချက် ရလာဒ်ကို ရင် တမမ နဲ့
 စောင့်နေကြရတော့တယ်လို့ ဗြိတိန်အခြေစိုက် The Mirror ရဲ့ 
အောက်တိုဘာ ၂၄ ရက်နေ့ သတင်းတပုဒ်မှာ ရေးထားပါတယ်။
ဒန်နီယယ် နေထိုင်ခဲ့တာက ရိုမေးနီးယားနိုင်ငံ အရှေ့တောင်းပိုင်း 
Dolj County နယ်က Segarcea ဆိုတဲ့ မြို့မှာပါ။ 
သူ့ရဲ့ မိသားစု ဆရာဝန်ကလည်း ဒန်နီယယ်မှာ HIV ဗိုင်းရပ်စ်ပိုး 
ရှိနေတာကို သတိပေးဖို့ ကြိုးစားခဲ့ပါ တယ်တဲ့။ အဲဒါကလည်း သူ့ 
သမီးနဲ့ ဒန်နီယယ်တို့လည်း ချစ်သူတွေဖြစ်နေတာ သိပြီးမှပါဘဲ။
ဒန်နီယယ်ရဲ့ချစ်သူ မိန်းကလေးတွေကလည်း ဒီကိစ္စ ကို ဂရု 
မစိုက်ခဲ့ကြပုံမရပါဘူး။
ဒန်နီယယ်မှာ မိန်းကလေး ချစ်သူ ၄ဝ ကျော်တောင် ရှိခဲ့တာပါတဲ့။ 
AIDS ရောဂါနဲ့  သူ သေဆုံးပြီးတဲ့နောက်မှာ HIV လာစစ်ဆေးတဲ့ 
မိန်းကလေး စုစုပေါင်း ၄ဝ ကျော် ရှိပါ တယ် တဲ့။ 
ဒန်နီယယ်ရဲ့ ချစ်သူ မိန်းကလေးတွေထဲက တချို့ကလည်း ဒီကိစ္စ
ကြိုသိခဲ့လို့ HIV သွားစစ်ဆေးတဲ့အခါ သူတို့မှာလည်း Positive
 ဖြစ်နေတာ ဝမ်းနည်းစွာပဲ သိခဲ့ရပါတယ်တဲ့။
ရိုမေးနီးယား ဥပဒေထဲမှာတော့ လူတဦးဟာ သူ့မှာ AIDS ရောဂါ 
သိလျှက်နဲ့ တခြားသူတွေကို ပြန့် ပွားအောင် လုပ်ဆောင် ခဲ့မယ်ဆိုရင်
 ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံရနိုင်ပါတယ်။
ဒီသတင်းဖြစ်ရပ်ပေါ်ကနေ ဧရာဝတီပရိသတ်တွေလည်း ကျန်းမာရေး 
သင်ခန်းစာတွေ အများကြီး ရနိုင် မယ်လို့ မျှော်လင့်ပါတယ်။

အိမ့်သံစဉ် ~ 
http://blog.irrawaddy.org/2014/10/aids.html

No comments :

Post a Comment

Twitter Bird Gadget