.

Thursday, October 23, 2014

အင်တာနက်တွင် လိင်ဆက်ဆံရန် ကြိုးစားခဲ့သူ ၁ဝဝဝ မှ တစ်ဦးကို စတင်အရေးယူ

Unknown | 12:19 PM | Unknown | 12:19 PM |
Unknown | 12:19 PM | Best Blogger Tips


လန်ဒန် အောက်တိုဘာ ၂၁

ရန်ပုံငွေရှာသည့် အဖွဲ့အစည်း တစ်ခုမှ ပရဟိတ ဝန်ထမ်းများ
ဖန်တီးထားသည့် အသက်(၁ဝ)နှစ်အရွယ် လူသားအစစ် မဟုတ်သည့်
မိန်းကလေး အတုနှင့် အင်တာနက်တွင် Webcan မှတစ်ဆင့် တိတ်တခိုး
လိင်ဆက်ဆံရန်ကြိုးစား ခဲ့သူများစွာထဲမှ သြစတြေးလျနိုင်ငံ သားတစ်ဦး
ပထမဆုံး အကြိမ်အဖြစ် အရေးယူခံထားရကြောင်း ဘီဘီစီ သတင်းဌာနက
ယနေ့ဖော်ပြသည်။

အဆိုပါ မိန်းကလေး အတု၏ အမည် မှာ ဆွီတီဖြစ်ပြီး ပရဟိတဝန်ထမ်းများ၏
ထောင်ခြောက်မိကာ ဆွီတီနှင့် Webcan မှတစ်ဆင့် လိင်ဆက်ဆံရန် ကြိုးစား
ခဲ့သူ စုစုပေါင်း ၁ဝဝဝ ခန့် ရှိကြောင်း၊ နိုင်ငံပေါင်း ၇၁ နိုင်ငံမှ ယောက်ျားများ
ပါဝင်ကြောင်း ပရဟိတ ဝန်ထမ်းများက ပြောသည်။ လက်ရှိ အရေးယူခံထားရ
သည့် သြစတြေးလျ နိုင်ငံသားသည် ဆွီတီကို Webcan ရှေ့၌ လိင်ဆက်ဆ
ံသည့်ပုံစံမျိုး သရုပ်ဆောင် ပြရန် ပိုက်ဆံပေး၍တောင်းဆိုခဲ့ကြောင်း သိရသည်။

ဆွီတီနှင့်ပတ်သက်သူများထဲ တွင် ဗြိတိန်နိုင်ငံသား ၁၁ဝ ခန့် ပါဝင်ပြီး ၄င်းတို့၏
အမည်များကို အင်္ဂလန်အမျိုးသား စုံစမ်းထောက်လှမ်းရေးအဖွဲ့ထံသို့ ပေးအပ်
 ထားကြောင်း၊ လက်ရှိအချိန်တွင် အဖမ်း အဆီးမလုပ်သည့်တိုင် စုံစမ်းစစ်
ဆေးမှုများ ကို ထိထိရောက်ရောက်ပြုလုပ်သွားမည် ဖြစ်ကြောင်း စုံစမ်းစစ်
ဆေးရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။


အရေးယူခံထားရသည့် သြစတြေးလျ နိုင်ငံသား စကော့ရောဘတ်ဟန်ဆန်ဆို
သူသည် ဘရစ်ဘန်းတရားရုံးတွင် ပုဒ်မ သုံးခုဖြင့် တရားစွဲခံထားရပြီး ၄င်းက
ဆွီတီ ထံသို့ ကိုယ်တိုင်ရိုက်ထားသည့် အဖော် အချွတ်ညစ်ညမ်း ဓာတ်ပုံများ
ပေးပို့ခဲ့ ကြောင်း၊ ၄င်း၏ ကွန်ပျုတာထဲတွင် ကလေးများကို လိင်ပိုင်းဆိုင်ရာ
အနိုင် ကျင့်သည့် ဓာတ်ပုံများသိမ်းဆည်းထား ကြောင်း ဝန်ခံထားသည်။

၎င်း၏ ပြစ်မှုများအရ ထောင်ဒဏ် နှစ်နှစ်ကျခံရန် အမိန့်ချခံခဲ့ရသော်လည်း
နောက်ပိုင်းတွင် အကျဉ်းထောင်နှင့် ရှောင်လွှဲနိုင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ရှစ်လတာ ကာလတွင် အချုပ်ခန်းအတွင်း
နေထိုင် ခဲ့ရပြီးနောက် ၄င်းကို ၁၂ လကြာ စိတ်ပိုင်းဆိုင်ရာပြုပြင်ထိန်းသိမ်း
ရေး စခန်းသို့သွားရန် ပြောင်းလဲအမိန့်ချမှတ် ခဲ့သည်။

ထို့အပြင် လိင်ပိုင်းဆိုင်ရာ စိတ္တဇ ဝေဒနာရှင်များကုသရသည့် ကုထုံးများ ဖြင့်
ကုသခြင်းခံရန်လည်း အမိန့်ချမှတ် ခဲ့သည်။

TIP(Ref:Reuters)
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf


No comments :

Post a Comment

Twitter Bird Gadget