.

Thursday, October 30, 2014

ဆပ်ပြာ၊ရှမ်ပူတွေဟာ အမျိုးသမီးများရဲ့သန္ဓေတည်ကိုယ်ဝန်ရမှုကို ထိခိုက်နိုင်ပါတယ်။

Unknown | 10:09 PM | Unknown | 10:09 PM |
Unknown | 10:09 PM | Best Blogger Tips

ပလတ်စတစ်နဲ့ အလှကုန် ပစ္စည်းတွေထဲမှာ တွေ့ရတတ်တဲ့ သားလိတ် (phthalates) ဓာတ်နဲ့ ထိတွေ့မှုဟာ အမျိုးသမီးတွေကို ကိုယ်ဝန်ရရှိဖို့ ပိုမို ခက်ခဲကြောင်း ဟားဗတ်လေ့လာမှု အသစ် တစ်ခု အရ သိရပါ တယ်။ လေ့လာသူတွေက ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကလေးယူရတဲ့ အမျိုးသမီး၂၃၁ ဦးရဲ့ ဆီးကို စစ်ဆေး ခဲ့ပြီး သားလိတ်ထိတွေ့မှု ပမာဏကို လေ့လာခဲ့ရာ အင်ဒိုခရိုင်းစနစ်ကို ထိခိုက်စေတဲ့ အဲဒီဓာတ်တွေကို အဲဒီ အမျိုးသမီး အားလုံးနီးပါးမှာ တွေ့ရှိခဲ့ရကြောင်း ဆိုပါတယ်။ အမျိုးသမီးတွေ အသုံးများတဲ့ ဆပ်ပြာ၊ ရှမ်ပူ၊ ကိုယ်တိုက် ဆပ်ပြာရည်နဲ့ တစ်ကိုယ်ရေသုံး သန့်ရှင်းရေး ပစ္စည်းတွေမှာ သားလိတ် အဆင့် ပါဝင် မှု မြင့် မားကြောင်း သိရပြီး ပျမ်းမျှအားဖြင့် အမျိုးသမီးတစ်ဦးဟာ နေ့စဉ် သူ့ခန္ဓာကိုယ်ပေါ်မှာ ဓာတုပစ္စည်း ၅၁၅ မျိုးခန့် တင်လေ့ရှိကြောင်း လတ်တလော လေ့လာမှုအရ သိရပါတယ်။

သားလိတ်ဓာတ်နှင့် မျိုးအောင်နိုင်စွမ်း ထိခိုက်မှု
 
* ဗီနိုင်း ပလတ်စတစ်ထဲမှာ တွေ့ရတဲ့ သားလိတ်ဓာတ်နဲ့ ထိတွေ့မှု အမြင့်မားဆုံးအမျိုးသမီးတွေဟာ ထိတွေ့မှု အနည်းဆုံးသူတွေနဲ့ ယှဉ်ရင် သန္ဓေတည်နိုင်ခြေ နှစ်ဆ လျော့နည်းကြောင်း သိရပါတယ်။
* အမျိုးသမီးတွေရဲ့ သားလိတ် ထိတွေ့မှု မြင့်မားလေလေ၊ သားဥအိမ်ရဲ့ လုပ်ငန်းဆောင်တာ ထိခိုက်လေလေ ဖြစ်ပါတယ်။ အမျိုးသားတွေကို အစောပိုင်း လေ့လာမှုအရ ဟော်မုန်း ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေဟာ သုက်ကောင် အရည်အသွေးနဲ့ ပမာဏကို လျော့ကျစေသလို အမျိုးသမီးတွေရဲ့ မျိုးဆက်ပွား ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ အီစထရိုဂျင် အတုကဲ့သို့ ပြုမူသော သားလိတ်ဓာတ် ''ဒီဓာတုပစ္စည်းတွေက အီစထရိုဂျင် လက်ခံရာ စင်တာတွေမှာ အင်ဒိုခရိုင်း အဟန့်အတား အဖြစ် ပြုမူပါ တယ်၊ အခြေခံအားဖြင့် ပြောရရင် အီစထရိုဂျင် အတုလိုမျိုး ပြုမူပါတယ်''လို့ ဟော်မုန်း ကုသမှု ဒေါက် တာဂေါ့တ်ဖရိုက် က ဆိုပါတယ်။

ဒါ့အပြင် သားလိတ်ဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စီရုန်း ဟော်မုန်း အကြား ဟန်ချက်ညီမျှမှုကို ဟန့်တားပေး တာကြောင့် အမျိုးသမီးတွေမှာ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ အမျိုးသမီးတွေကို အစောပိုင်း လေ့ လာမှုအရ သားလိတ်ဓာတ်ဟာ မျိုးအောင်နိုင်စွမ်း ထိခိုက်မှု၊ ကိုယ်ဝန်ပျက်ကျတာနဲ့ ဆက်စပ်မှု ရှိတယ်လို့ သိရပါတယ်။ သားလိတ်ဓာတ်က အီစထရိုဂျင်နဲ့ တည်ဆောက်ပုံ တူပြီး ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူ နိုင်တာကြောင့် မျိုးအောင်နိုင်စွမ်း ကျဆင်းတတ်ပါတယ်။ သားလိတ်ဓာတ်ကို ရှောင်ရှားနိုင်ရန် ပလတ်စတစ် ခွက်ယောက်၊ ကလေးကစားစရာ ထည့်တဲ့ ပလတ်စတစ်ခွက်၊ တခိျု့ ပြုပြင်ထားတဲ့ အစာနဲ့ အမွှေးရနံ့ပါတဲ့ တခိျု့ အသုံးအဆောင်တွေ..စတဲ့ ပလတ်စတစ် ပစ္စည်းအများစုမှာ သားလိတ်ဓာတ် ပါဝင်နေတတ်ပါတယ်။ သားလိတ်ဓာတ်နဲ့ ထိတွေ့မှုကို ရှောင်ရှားနိုင်ဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

* ပလတ်စတစ်ပစ္စည်းတွေရဲ့ ပြန်လည်အသုံးပြုနိုင်စွမ်း(Recycling Codes) ကိုကြည့်ပြီး ပြန်လည် အသုံးပြုနိုင်စွမ်း ရှိတဲ့အမျိုးအစားကို သုံးပါ။
* ပလတ်စတစ်ဘူးတွေ၊ ခွက်တွေထဲမှာ ပူတဲ့ အစားအသောက်တွေကို ဘယ်တော့မှ မထည့်ပါနဲ့။ အစားအသောက်တွေကို ပလတ်စတစ်ခွက်ထဲ ထည့်မယ့် အစား ဖန်၊ ကြွေ၊ သတ္တု အမျိုးအစားကို သုံးပါ။
* ပါဝင်ပစ္စည်းထဲမှာ အမွှေးရနံ့ ပါတဲ့ အမျိုးအစားကို ရှောင်ပါ။ လေထု သန့်စင်စေတဲ့ ဖျန်းဆေးတွေကို ရှောင်ပြီး သဘာဝ လေကောင်းလေသန့်ကိုပဲ ရယူပါ။
* ဖြစ်နိုင်ရင် သြဂဲနစ် အစားအသောက်တွေကိုပဲ ၀ယ်ယူပါ။ တခိျု့ ပိုးသတ်ဆေးတွေမှာ သားလိတ်ဓာတ် တွေ့ရတတ်တာကြောင့် ပိုးသတ်ဆေး ဖျန်းမထားတဲ့ သြဂဲနစ် အစားအသောက်တွေကို ၀ယ်ယူ စားသုံးသင့်တာ ဖြစ်ပါတယ်။
FROM-MYAWADYS

No comments :

Post a Comment

Twitter Bird Gadget