.
Sunday, October 19, 2014
ခရိုနီတွေကို ကျေးဇူးရှင်လို မြင်နေတဲ့ အဟိတ်တိရိစ္ဆာန်ကောင်လေးတွေဖတ်ဖို့
Unknown | 4:10 AM | Unknown | 4:10 AM |
Unknown | 4:10 AM | Best Blogger Tips
ဥူးတေဇဟာ တိုင်းရင်းသား ကချင်၊ ပလောင် (တအောင်း)၊ သျှမ်းနှင့်
ပြည်သူတွေကို နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး ခေါင်းစဉ်အမျိုးမျိုးနဲ့ 
သတ်ဖြတ်နေတဲ့ မြန်မာအစိုးရစစ်တပ် ရှေ့တန်းကစစ်သည်တွေကို 
ယခုနှစ် ဇန်နဝါ ၂ရ ရက်နေ့ က လူသိရှင်ကြား သိန်း ၇ဝဝ လှူဒါန်းခဲ့တာကို 
အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ နောက်ကွယ်မှာလည်း
နည်းလမ်းအမျိုးအမျိုးနင့် လက်နက်ပွဲစားနည်းကတစ်ဖုံ၊ တပ်မှူးတပ်ချုပ်ကြီးများ၏ 
သားသမီးများကို အလုပ်အကိုင် ပေးခြင်းနည်းကတစ်ဖုံ နည်းမျိုးစုံ စစ်တပ်ကို
ကူညီနေသူပါ (သူ့အကျိုးအတွက် အဓိကပေါ့) ။ ခရိုနီထဲမှာ တပ်နဲ့ အနီးဆုံးလူလို့
ပြောရင် မှားမည်မထင်ပါ။
နောက်ဆုံး ဆက်စပ်သတင်းတစ်ခုကို ပြောရရင် ဥူးတေဇ ကချင်ပြည် 
ပူတာအိုဒေသမှာ ရွှေတူးဖို့ ဧက ၆ဝဝ,ဝဝဝ ကျော်တောင်းဆိုထားတဲ့ ကိစ္စပါ။ 
အဲဒီမတိုင်ခင်က မြန်မာအစိုးရတပ်တွေဟာလည်း အထက်ကအမိန့်မရလို
ဘာသေနတ်သံမှ မကြားခဲ့ရပါ။ ဥူးတေဇ ကချင်ဘိုးဘွားပိုင်မြေတွေကို
 ရွှေတူးမယ်ဆိုကာမှ တပ်ကလှုပ်ရှားပါတော့မယ်။ အင်ခါဂါးရွာကို သူတို့ 
အခေါ် နယ်မြေစိုးမိုးရေးဆိုပြီး ရွာသားတွေကို နိပ်စက်ပါတော့တယ်။
တကယ်တော့ အစိုးရစစ်တပ်ဟာ ဥူးတေဇနှင့် အပေါင်းအပါ လက်တစ်ဆုပ်စာ အရင်းရှင်ခရိုနီလူတန်းစားတွေရဲ့ အကျိုးစီးပွားကို အကာကွယ်ပေးဖို့ 
အသုံးပြုနေတာပါ။ 
ဒေသခံတွေအတွက် သူတို့နယ်မြေမှာ ဘာသယံဇာတမှာ မရိုပါစေနဲ့ လို့ဘုရားတ
နေရသည့် အခြေအနေပါ။
အဖိနိပ်ခံ ကချင်တစ်ယောက်အနနဲ့ ယနေ့ မြန်မာနိုင်ငံအလယ်ပိုင်း တရုတ်နှင့် ဥူးပိုင် 
အရင်းရှင် လူတစ်စုရဲ့ အနိုင်ကျင့် ဗိုလ်ကျမှုကို ဆန့်ကျင်နေတဲ့ မြန်မာလယ်သမား၊
တောင်သူဦးကြီးများနဲ့ ကျနော်တို့ တစ်စိတ်ထဲ တစ်ဝမ်းထဲ ဖြစ်ကြောင်း ပြောလိုက်ပါရစေ။
http://hugawngkachin.blogspot.com/2013/10/blog-post.html
No comments :
Post a Comment
Twitter Bird Gadget