.

Tuesday, October 28, 2014

ထိုင်းလူငယ်ကို လိင်ဆက်ဆံသူ ထောင်ကျ

Unknown | 9:37 AM | Unknown | 9:37 AM |
Unknown | 9:37 AM | Best Blogger Tips
ထိုင်းဆယ်ကျော်သက်လူငယ်တဦးကို မဖွယ်မရာလုပ်မှု ကျူးလွန်ခဲ့တဲ့
အသက် ၆၆ နှစ်အရွယ် ဒတ်ခ်ျအမျိုးသားတဦးကို အောက်တိုဘာ ၂
၈ ရက်နေ့မှာ ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ၃၇ နှစ် ပြစ်ဒဏ်စီရင်လိုက်ပါတယ်။
Dutch man
ဒတ်ခ်ျလူမျိုး ဝီလီယံ ဂဲရတ် နော့ပီယမ်ဟာ ၂၀၀၉ ခုနှစ်က အသက် ၁၂ နှစ်အရွယ်
ထိုင်းလူငယ်လေးကို လိင်ပိုင်းအလွဲသုံးစားလုပ်မှု ကျူးလွန်ခဲ့တာပါ။
ထိုင်းလူငယ်လေးကို ပင်လယ်ကမ်းခြေမြို့ ဟွာဟင်းက သူ့အိမ်မှာ ယောက်ျားလေး
အိမ်သန့်ရှင်းရေး လုပ်သားအဖြစ် ခေါ်ထားခဲ့တာပါ။
ထိုင်းလူငယ်လေးက နော့ပီယမ်ဟာ ၂၀၀၇ ခုနှစ်က စပြီး သူ့ကို အလွဲသုံးစားလုပ်တယ်၊
တကြိမ်တိုင်းမှာ ထိုင်းဘတ် ၁၂၀ ပေးတယ်လို့ ပြောဆိုစွပ်စွဲထားပါတယ်။
နော့ပီယမ်ကတော့ သူ့အပေါ် စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပါတယ်။
ထိုင်းလူငယ်လေးဆီက ထွက်ဆိုချက်တွေနဲ့ ထိုင်းရဲအရာရှိတွေ စုဆောင်းထားတဲ့
သက်သေတွေအရ သက်သေခိုင်လုံတယ်လို့ တရားရုံးက ပြောပါတယ်။ နိုင်ငံတော်
တရားရုံးချုပ်ဟာ ထိုင်းနိုင်ငံတွင်း အဆင့်မြင့်ဆုံးတရားရုံး ဖြစ်ပါတယ်။
http://burmese.dvb.no/archives/69065

No comments :

Post a Comment

Twitter Bird Gadget