.

Friday, October 24, 2014

မျက်နှာချေမွေ့လှပစေမယ့်လွယ်ကူသောနည်းလမ်း

Unknown | 7:58 AM | Unknown | 7:58 AM |
Unknown | 7:58 AM | Best Blogger Tips
ယနေ့ခေတ် ပျိုမယ်တွေအတွက် အလှအပနဲ့ ပတ်သက်ပြီး လှပချောမွေ့အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်း
ကောင်း တွေ့ရှိထားပါတယ်။  




အခုပြောပြမယ့် အကြောင်းအရာကတော့ ပျိုမယ်တွေ မျက်နှာပေါ်မှာ ၀က်ခြံပေါက်လို့ ညှစ်မိလိုက်တဲ့အခါ မျက်နှာပေါ်မှာ ကျန်ခဲ့တဲ့ အမာရွတ်၊ မျက်နှာမှာ အမည်းစက်၊ အနီစက် အစရှိတဲ့ သူတွေအတွက် ပိုက်ဆံ မကုန် လွယ်ကူပြီး လုပ်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ 



လုပ်ပုံ လုပ်နည်းကတော့... 


မုန့်ဖုတ်တဲ့အခါ သုံးတဲ့  ဆော်ဒါ လက်ဖက်ရည်ဇွန်း တ၀က်ကို ခွက်သန့် ထည့်ကိုထည့်လိုက်ပါ။ 

ပြီးတဲ့အခါ ပေါင်းခံထားတဲ့ ရေ လက်ဖက်ရည်ဇွန်းတ၀က်ကို အဲဒီ ဆော်ဒါ ထည့်ထားတဲ့ ခွက်ထဲ ထည့်ပြီး  အဲဒီနှစ်ခုကို ရော်မွှေပေးလိုက်ပါ။ 

မျက်နှာကို ဆော်ဒါရည် မလိမ်းခင် သန့်စင်အောင် မျက်နှာကို ဆေးကြောထားဖို့ လိုပါတယ်။ 

ပြီးရင် မျက်နှာပေါ်ကို ဆော်ဒါရည် လိမ်းပါ။ ၅ မီနစ် ၁၀ မီနစ် လောက်ထားရပါမယ်။ ပြီးရင်တော့ မျက်နှာ သစ်ရမယ်။ ၀ါဂွမ်းနုနုလေးနဲ့ ရေကိုသုတ်ပါ။ 

အားလုံးပြီးရင်တော့ ပျိုမယ်တိုရဲ့ မျက်နှာလေးဟာ ချော်မွှေ နူးညံ့သွားတာ အံ့သြစွာ တွေ့ရပါလိမ့်မယ်။ 

ဒီလိုမျိုး အနည်းဆုံး တပတ်တကြိမ်လောက် လုပ်ပေးနိုင်ရင်တော့ မျက်နှာမှာ ရှိတဲ့ အမာရွတ်၊ အမည်း စက်တွေဟာ သိသိသာသာ ပျောက်ကင်းသွားပါလိမ်မယ်။ 

လုပ်ရတာလွယ်ကူပြီး အချိန်မကြာတဲ့နည်းလမ်းလေးမို့ မျှဝေပေးလိုက်ပါတယ်။ 

အိမ့်သံစဉ် 
http://blog.irrawaddy.org/2014/10/blog-post_738.html

No comments :

Post a Comment

Twitter Bird Gadget