.

Friday, October 31, 2014

အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်တို့ထံဖုန်းဖြင့်ဆက်သွယ် ဆွေးနွေး

Unknown | 1:49 AM | Unknown | 1:49 AM |
Unknown | 1:49 AM | Best Blogger Tips

Photo - MSNBC
အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက မြန်မာနိုင်ငံ
သမ္မတ ဦးသိန်းစိန်နှင့်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
(ဒီချုပ်) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ထံဖုန်းဆက်ပြီး
မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူ
တော်ကသတင်းထုတ်ပြန်သည်။
အိုဘားမားသည် အောက်တိုဘာ ၃၀ ရက်က သမ္မတ ဦးသိန်းစိန်ကို
တယ်လီဖုန်းနှင့်ဆက်သွယ် စကားပြောခဲ့ပြီး ရေတိုကာလ တစ်ခု
အတွင်း အလုံးစုံ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိအောင်
အစွမ်းကုန် ကြိုးစားရန် တိုက်တွန်းခဲ့သည်။
နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင် အာဆီယံအစည်းအဝေး
တက်ရောက်ရန်မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် အိုဘားမားက
ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီ လူမျိုးစုများအတွက် လူမှုရေးနှင့် နိုင်ငံရေး
ဆိုင်ရာ အခွင့်အလမ်းများ ပိုမိုထောက်ပံ့ရရှိလာအောင် ဆောင်
ရွက်ပေးရန်လည်း တိုက်တွန်း တောင်းဆိုခဲ့ကြောင်း အိမ်ဖြူတော်၏
ကြေညာချက်တွင် ဖော်ပြထားသည်။
အိုဘားမားသည် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့လည်း
ဖုန်းဖြင့်ဆက်သွယ်ပြီး စကားပြောခဲ့ကြောင်း အိမ်ဖြူတော်ကကြေညာ

သည်။ သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် 
လက်ရှိ မြန်မာ့ နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေ
အနေများနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့သလို၂၀၁၅ တွင် ကျင်းပမည့်
ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

အမေရိကန် သမ္မတက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်
မြန်မာနိုင်ငံကိုဒီမိုကရေစီစနစ် ပိုမိုထွန်းကားလာအောင်အားထုတ်
လုပ်ဆောင်နေမှုအပေါ်အသိအမှတ် ပြုခဲ့ပြီး မြန်မာနိုင်ငံကို
ပိုမိုပွင့်လင်း လွတ်လပ်ပြီး ကြွယ်ဝချမ်းသာသည့် နိုင်ငံတစ်ခု
အဖြစ် ရပ်တည်နိုင်အောင် အမေရိကန်က ဆက်လက်ကူညီသွား
မည်ဟု ကတိပြုခဲ့ကြောင်းလည်း အိမ်ဖြူတော်၏ ကြေညာချက်တွင်

ဖော်ပြထားသည်။
_Ref: Reuters
http://7daydaily.com/story/23977#.VFNMOEDDWHQ

No comments :

Post a Comment

Twitter Bird Gadget