.

Thursday, October 30, 2014

ဟောင်ကောင်ဆန္ဒပြပွဲ တစ်လပြည့် လူအင်အားတစ်သောင်ကျော်

Unknown | 4:27 AM | Unknown | 4:27 AM |
Unknown | 4:27 AM | Best Blogger Tips

ဟောင်ကောင်မှာ ဒီမိုကရေစီ အရေး လှုပ်ရှားတဲ့ ဆန္ဒပြပွဲ တစ်လပြည့်
အထိမ်းအမှတ် အဖြစ် မြို့လယ်က အုပ် ချုပ်ရေးရုံး အနီးမှာ လူတွေ
သောင်းနဲ့ချီ စုဝေး ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက အစိုးရ ဆန့်ကျင်ရေး အမှတ် သင်္ကေတ အဖြစ်
ထီးတွေ ကိုင်ဆောင် ကြပြီး ရဲတပ်ဖွဲ့က ဆန္ဒ ပြသူတွေကို မျက်ရည်
ယိုဗုံးနဲ့ ၈၇ကြိမ် တိုက်ခိုက် ခဲ့တာကို အမှတ်ရတဲ့ အနေနဲ့ ၈၇ စက္ကန့်
အသံတိတ် ဖော်ပြ ခဲ့ပါတယ်။
ဆန္ဒပြ လှုပ်ရှားမှုတွေရဲ့ အရှိန် လျော့ကျလာတဲ့ လက္ခဏာတွေ တွေ့နေ
ရတယ်လို့ သတင်းထောက် တွေက ပြောပါတယ်။

၂၀၁၇ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့် ရှိသူတွေ အပေါ် သတ်မှတ် ထားတဲ့
စည်းကမ်း ချက်တွေနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေ အနေနဲ့ တရုတ် အစိုးရ
ဆီက လိုက်လျောမှု တစုံတရာ မရရှိခဲ့ ပေမယ့်လည်း ဟောင်ကောင် ဟာ အရင်
တုန်းက ဟောင်ကောင် မဟုတ်တော့ဘူးလို့ အများက ယုံကြည် နေကြပါတယ်။
BBC Burmese News
အထက်ပါသတင်းကို ကျွန်ုပ်ဖတ်ရှု့ရ၍  . . .
မြန်မာနိုင်ငံတွင် စစ်ခွေးကြံ့ဖွတ်တို့အား အရေခွံစုတ်သင့်ပြီဟုထင်သည်။
ယင်းတို့ရဲ့ ဘာသာရေးမှိုင်းသွင်းမှုကြောင့် (မဘသ) (၉၆၉) ဆိုသော
အသင်းအဖွဲ့များပေါ်ပေါက်လာပြီး မယောင်ရာဆီလူးနေကြသည်။
ကုလားဗမာအဓိကရုဏ်းအတွက် ရုပ်ရှင်ရိုက်နေကြသည်။
တကယ့်အရေးဖြစ်တဲ့ တရုတ်ကြီးလယ်တီသိမ်ဖျက်တာကိုတော့ အိပ်ပျှော်
နေကြသည်။
ထို့ကြောင့် ဒီသတင်းကိုဖတ်ရ၍ မြန်မာပြည်တွင် စစ်ခွေးကြံ့ဖွတ်တို့အား
ဖြုတ်ချသော လူထုအင်အားပြပွဲကြီးတစ်ရပ်အမြန်ဆုံးပေါ်ပါစေဟု ဆန္ဒုပြု
မိပါသည်။
အလင်းရှင်

No comments :

Post a Comment

Twitter Bird Gadget