.

Thursday, October 30, 2014

Black List သတ်မှတ်ခံရသူ တရုတ်နိုင်ငံသား မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ဆေးတွေ့ရှိ

Unknown | 2:31 AM | Unknown | 2:31 AM |
Unknown | 2:31 AM | Best Blogger Tips

မန္တလေး ၊ ၂၉-၁၀-၂၀၁၄

မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် ပြည်ပဆိုက်ရောက် လ၀က ကောင်တာတွင် အောက်တိုဘာ ၂၇ ရက် ၊ မွန်းလွဲပိုင်းက လ၀က Black List သတ်မှတ် ခံရသူ တရုတ်နိုင်ငံသား တစ်ဦးအား စစ်ဆေး တွေ့ရှိသဖြင့် ပြည်ဝင်ခွင့် မပြုဘဲ တားဆီး ခဲ့ကြောင်း သိရသည်။

China Eastern Airlines မှ လေယာဉ် အမှတ် B 5270 ၊ လေယာဉ် အမျိုးအစား B-737 ၊ ခရီးစဉ် အမှတ် MU 2029 လေယာဉ်ဖြင့် လိုက်ပါ လာသော ခရီးသည်များ အနက် တရုတ်နိုင်ငံသား Mr. WuGonG က ပတ်စ်ပို့ အမှတ် E 29833031 ၊ ဗီဇာအမှတ် 746211 သည် လ၀က Black List စာရင်းတွင် ပါဝင်နေသူ ဖြစ်ကြောင်း လေဆိပ် စစ်ဆေးရေး အဖွဲ့မှ စစ်ဆေး တွေ့ရှိရသည်။ ၄င်းအား လေဆိပ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းဝင်သး ဦးစီး၍ တာဝန်ရှိ သူများသည် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် ထွက်ခွာသော China Eastern Airlines ခရီးစဉ်အမှတ် MU 2030 လေယာဉ်ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၊ ကူမင်းမြို့ သို့ ပြန်လည် စေလွှတ် ပေးခဲ့သည်။

၎င်းသည် မူလ ပတ်စ်ပို့ စာအုပ်အမှတ် G 42891709 ဖြစ်ပြီး ယခု စာအုပ်သစ် အမှတ် E 29833031 ဖြင့် ၀င်ရောက် လာခဲ့သူ ဖြစ်ကြောင်း သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/10/black-list.html
http://www.thithtoolwin.com/2014/10/black-list.html

No comments :

Post a Comment

Twitter Bird Gadget