.

Sunday, August 24, 2014

ကားရှေ့ခန်းထဲမှာ အပျိုရည်ပျက်ခဲ့ကြောင်းပြောလိုက်တဲ့ Katy Perry

Unknown | 3:54 AM | Unknown | 3:54 AM |
Unknown | 3:54 AM | Best Blogger Tips

ငယ်စဉ်အခါက ရင်သားကြီးချင်လို့ဆုတောင်းခဲ့ရကြောင်းနဲ့ အသက် ၁၆ နှစ်အရွယ်တုန်းက ကားရှေ့ခန်းထဲမှာ အပျိုရည်ပျက်ခဲ့ကြောင်းပြောလိုက်တဲ့ Katy Perry
Wednesday, January 22, 2014 GQ မဂ္ဂဇင်း ရဲ့ ၂၀၁၄ ဖေဖေါ်ဝါရီလထုတ်အတွက် မျက်နှာဖုံးအကြောင်းမှာ Katy Perry က သူမဟာ ကြီးမားတဲ့ရင်သားတွေပိုင်ဆိုင်ဖို့ ဆုတောင်းခဲ့ရကြောင်းပြောပါတယ်။


ညတစ်ညမှာ ကျွန်မ ပက်လက်လှန်ပြီးကျွန်မရဲ့ခြေထောက်တွေကိုကြည့်လိုက်တယ်။ ပြီးတော့ ဘုရားသခင်ထံဆုတောင်းတယ်။ ‘အရှင်ဘုရား။ ကျွန်မလှဲနေတုန်း ကျွန်မခြေထောက်တွေကို လှမ်းကြည့်လို့မမြင်နိုင်လောက်အောင် ကြီးမားတဲ့ရင်သားတွေပိုင်ဆိုင်ခွင့်ပေးပါလို့ဆုတောင်းခဲ့ပါတယ်’ လို့ပြောပါတယ်။
 
အခုသင်မြင်နေရသမျှအရာ (သူမရဲ့ရင်သားတွေ)ဟာ သဘာဝအတိုင်းဖြစ်တယ်လို့ဆိုပ
ါတယ်။
“ကျွန်မ ပလတ်စတစ်ဆာဂျရီမလုပ်ဖူးပါဘူး။ နှာခေါင်း၊ မေးစေ့၊ ပါး၊ ရင်သား နည်းနည်းလေးတောင်မလုပ်ပါဘူး” လို့ပြောပါတယ်။

Katy ဟာသူမရဲ့ အတွင်းရေးတစ်ခုကိုလဲဖွင့်ဟသွားပါတယ်။ သူမဟာ Nashville, Tennessee မှာ ၁၆ နှစ်သမီးတုန်းက အပျိုရည်ပျက်ခဲ့တာဖြစ်ပြီး နေရာကတော့ Volve seden ကားရှေ့ခန်းမှာဖြစ်ပါတယ်။ ပြီးတော့အဲ့ဒီ့အချိန်မှာ Jeff Buckley ရဲ့ Grace album ကိုဖွင့်ထားတာဖြစ်ပါတယ်။

‘ကျွန်မအဲဒီ့အခွေကို အရမ်းချစ်တယ်’ လို့ Katy ကနောက်ကြောင်းပြန်ပါတယ်။

Myawady News
http://gyizaw.blogspot.com/2014/01/katy-perry.html

No comments :

Post a Comment

Twitter Bird Gadget