.

Sunday, August 31, 2014

ဒေါ်လာတစ်သိန်းတန်သရဖူနှင့် မေမြတ်နိုးကိစ္စ

Unknown | 8:18 PM | Unknown | 8:18 PM |
Unknown | 8:18 PM | Best Blogger Tips

ကန်ဒေါ်လာတစ်သိန်းတန် သရဖူယူပြီး တိမ်းရှောင်နေသည်ဟု မေမြတ်နိုး စွပ်စွဲခံရ

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
အာရှပစိဖိတ်အလှမယ် သရဖူကို ပူပူနွေးနွေးအသိမ်းခံခဲ့ရ သည့် မြန်မာအလှမယ် မေမြတ်နိုး သည်အမေရိကန်ဒေါ်လာ တစ်သိန်းတန်ကြေးရှိ သရဖူကိုယူပြီးတိမ်းရှောင်နေသည်ဟု တောင်ကိုရီး ယား အာရှပစိဖိတ်အလှမယ်အ ဖွဲ့အစည်းက သောကြာနေ့တွင်စွပ်စွဲလိုက်သည်။
မေမြတ်နိုးကို အာရှပစိဖိတ် အလှမယ်အဖြစ်မှ ရပ်စဲလိုက်ပြီး သရဖူရုပ်သိမ်းကြောင်းကို ၂၇ ရက်က ကြေညာခဲ့ကာ သြဂုတ် ၂၈ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ရှိ အာရှပစိဖိတ်အလှမယ် အဖွဲ့ အစည်းသို့ သရဖူနှင့် စလွယ်အပ် နှံရန် ပြောကြားခဲ့သည်။ သို့သော် မေမြတ်နိုးနှင့် ၎င်း၏ မိခင်တို့သည် သြဂုတ် ၂၇ ရက် နံနက်အစောကအဖွဲ့အစည်းထံအကြောင်းကြားခြင်းမရှိဘဲ သရဖူကိုယူဆောင်၍ မြန်မာနိုင်ငံသို့ ပြန်သွားကြောင်းအဖွဲ့အစည်းဘက်မှ ထုတ်ဖော်ပြောကြားထားသည်။
(၁)
http://aungminkhoung.blogspot.com/2014/08/bbc.html
(၂)
http://aungminkhoung.blogspot.com/2014/08/blog-post_35.html
(၃)
http://aungminkhoung.blogspot.com/2014/08/blog-post_80.html


အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေးဗစ်ကင်ကို ကိုးကား၍ ဧရာဝ တီသတင်းတစ်ရပ်တွင် မေမြတ် နိုးသည် သရဖူသိမ်းဆည်းခံရမည်ကို ယခုရက်သတ္တပတ်အစောပိုင်းကတည်းက သိရှိထားကြောင်း ဖော်ပြထားသည်။
အဆိုပါ ဒါရိုက်တာကပင် တောင်ကိုရီးယားသို့ ရောက်ရှိနေ ခိုက် မေမြတ်နိုးကို ရင်သားခွဲစိတ် ပြုပြင်ရန် အမေရိကန်ဒေါ်လာ တစ်သောင်း စပွန်ဆာပေးထား ကြောင်း ပြောကြားထားသည်။
မေမြတ်နိုးအနေနှင့်လည်း တောင်ကိုရီးယားသို့ ရောက်ရှိပြီး နှစ်ရက်အကြာ သြဂုတ် ၁၈ ရက် က ဘူဆန်မြို့ရှိ ဆေးရုံတစ်ခုတွင် တောင်ကိုရီးယားရှိ အာရှပစိဖိတ် အလှမယ် အဖွဲ့အစည်းနှင့် သ ဘောတူညီထားသည့်အတိုင်း ဒေါ်လာတစ်သောင်းကုန်ကျ သည့် ရင်သားခွဲစိတ်ပြုပြင်မှုကို ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံမှ အာရှပစိဖိတ်အလှမယ် အဖွဲ့အစည်းမှသိရှိရသည်။
ထိုကိစ္စများနှင့်ပတ်သက်၍ မေမြတ်နိုးထံသို့ သြဂုတ်လ ၂၉ ရက် ညဦးပိုင်းကဆက်သွယ်မေး မြန်းခဲ့ရာ တစ်စုံတစ်ရာဖြေကြား ခြင်းမရှိဘဲလာမည့် အင်္ဂါနေ့ (စက်တင်ဘာ ၂ ရက်) တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဟုသာ ဖြေကြားခဲ့သည်။
  သို့သော် ဘီဘီစီမြန်မာပိုင်းသို့ ၎င်းအနေဖြင့်စည်းကမ်းဖောက်ဖျက်ခြင်း လုံးဝ မရှိခဲ့ဘဲ သရဖူသည် မြန်မာနိုင်ငံကိုယ်စားပြုရရှိထားခြင်းဖြစ်၍ မြန်မာလူထုက ပြန်အပ်စေလိုလျှင် ပြန်လည်
ပေးအပ်သွားမည်ဟု မေမြတ်နိုးကဖြေကြားထားသည်။
မေမြတ်နိုးအနေနှင့် မြန်မာ နိုင်ငံသို့ သြဂုတ်လ ၂၇ ရက်က ပြန်လည်ရောက်ရှိနေသော်လည်း အာရှပစိဖိတ်အဖွဲ့အစည်း၏ ထုတ်ပြန်သော  ကြေညာချက်တွင်  ပါရှိသည့်အတိုင်း မြန်မာနိုင်ငံရှိ  အာရှပစိဖိတ်အလှမယ် (မြန်မာ) အဖွဲ့အစည်းသို့ သရဖူနှင့်  စလွယ်ပြန်လည်အပ်နှံရန် သတိပေးထားသော်လည်း သြ ဂုတ် ၂၉ ရက် ညပိုင်းအထိ တစ်စုံ တစ်ရာ ဆက်သွယ်အကြောင်း
ကြားခြင်း မရှိသေးကြောင်း မြန် မာနိုင်ငံမှ အာရှပစိဖိတ်အလှမယ် အဖွဲ့အစည်း (မြန်မာ) ဒါရိုက်တာ ဒေါ်လှနုထွန်းက ပြောကြားသည်။
တောင်ကိုရီးယားရှိ အာရှ ပစိဖိတ်အလှမယ်အဖွဲ့အစည်း ဘက်က ထိုလုပ်ရပ်များအတွက် တရားဥပဒေအတိုင်း ဆောင်ရွက် သွားမည်ဟု ပြောကြားကြောင်း ဒေါ်လှနုထွန်းက ပြောကြားသည်။
တောင်ကိုရီးယားမှ အဖွဲ့အ စည်းက သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သော သရဖူရုပ်သိမ်း ကြောင်း ကြေညာချက်တွင် မေ မြတ်နိုးအနေနှင့် ရိုးသားမှုမရှိခဲ့ သလို၎င်း၏ မိခင်ဖြစ်သူကလည်း ကိုရီးယားသို့လိုက်ပါရန် တရားမ၀င် သုံးလဗီဇာပြုလုပ်ခဲ့ကြောင်းဖော်ပြခဲ့သည်။
သောကြာနေ့ညနေပိုင်းမှစကာ မေမြတ်နိုးသရဖူယူပြီး တိမ်းရှောင်နေကြာင်း နိုင်ငံတကာသတင်းဌာနများတွင်လည်း ခေါင်းကြီးအနေနှင့်ဖော်ပြခဲ့ကြသည်။
http://www.7daydaily.com/story/19499#.VAPi-kDYH0t

No comments :

Post a Comment

Twitter Bird Gadget