.

Sunday, July 20, 2014

MH 17 လေယာဉ် ပစ်ချမှုမှာ အဓိက လက်သည်ဟု ဆိုသူ

Unknown | 1:35 AM | Unknown | 1:35 AM |
Unknown | 1:35 AM | Best Blogger Tips

ယူကရိန်းနိုင်ငံမှာ တနေ့က ဒုံးကျည်နဲ့ ပစ်ချခံခဲ့ရတဲ့ မလေးရှားလေကြောင်း MH 17 လေယာဉ် ကို ပစ်ချမှုမှာ အဓိက လက်သည်လို့ သံသယဖြစ်ခံရသူကတော့ ရုရှားသမ္မတ ပူတင်နဲ့ အချိတ်အဆက်ရှိတဲ့ ဗြိတိန် ကျောင်းသားတဦးဖြစ်တယ်လို့ သိရပါတယ်။ 

 Beness Aijo ဆိုသူ (အလယ်) ၊ ဓာတ်ပုံ- The Mirror

အသက် ၂၉ နှစ်ရှိ Beness Aijo ဆိုတဲ့ ဗြိတိန်ကျောင်းသားကို လပ်ဗီးယား လုံခြုံရေးတပ်ဖွဲ့တွေ က အလွန် အန္တရာယ်ရှိသူအဖြစ် သတ်မှတ်ပြီး နေအိမ် အကျယ်ချုပ် ချထားလိုက်တယ်လို့ The Mirror သတင်း တပုဒ် မှာ ရေးပါတယ်။ 

အပြစ်မဲ့တဲ့ လူပေါင်း ၂၉၈ ဦး သေဆုံးစေခဲ့တဲ့ မလေးရှား လေယာဉ် MH 17 ကို ပစ်ချခဲ့တဲ့ ယူကရိန်း အရှေ့ ဘက် ရုရှားလိုလားသူ ယူကရိန်းခွဲထွက်ရေးသမား စစ်သွေးကြွအုပ်စုရဲ့ အဓိက ဇာတ်ကောင်လို့ လည်း သိရပါ တယ်။ 

သူဟာ ယူကရိန်းခွဲထွက်ရေး စစ်သွေးကြွခေါင်းဆောင် Igor Girkin နဲ့လည်း အနီးကပ်ဆက်ဆံရေး ရှိပါတယ် တဲ့။ 

Aijo နဲ့ ရုရှား တာဝန်ရှိသူတဦး  Kovelenko 
Beness Aijo ဟာ လန်ဒန်ကောလိပ်တခုကနေ မိုက်ခရို ဇီဝဗေဒဘာသာရပ်ကို လေ့လာခဲ့သူဖြစ်ပြီး 
aနာက် ပိုင်းမှာ လန်ဒန် ဟီသရိုးလေဆိပ်၊ တာမင်နယ် အမှတ် ၂ မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပါ တယ်တဲ့။ 

Beness Aijo ဟာ ဗြိတိန်ကနေ ထွက်ခွာသွားခဲ့တာ ၆ နှစ်လောက်ရှိပြီး ယူကရိန်းနိုင်ငံ ခရိုင်းမီးယား အရေးဖြစ်တုန်းက စီးနင်းမှုမှာ ပူတင်လိုလားသူ ယူကရိန်းခွဲထွက်ရေး စစ်သွေးကြွ အဖွဲ့နဲ့ ပူးပေါင်းပါဝင် ခဲ့တယ်လို့ ဆိုပါတယ်။ 

ယူကရိန်းခွဲထွက်ရေး စစ်သွေးကြွများ ခရိုင်းမီးယားကို တိုက်ခိုက်စီးနင်းအပြီး သူတို့ရဲ့ တင့်ကား တစီး နဲ့ နောက်ခံရိုက်ထားတဲ့ Aijo

MH 17 လေယာဉ်ပစ်ချမှုဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ Beness Aijo က သူ့ဖေ့စ်ဘုတ်စာမျက်နှာ မှာ တော်
တော် မိုက်ရိုင်းတဲ့ ယူကရိန်းအစိုးရရဲ့ လုပ်ရပ်လို့ ယူကရိန်းခွဲထွက်ရေးသမားတွေရဲ့ လုပ်ရပ်ကို လမ်းလွှဲတဲ့ အနေနဲ့ ပို့စ် တင်ခဲ့ပါတယ်။ 

တဖက်မှာလည်း လေယာဉ်ပျက်နဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို ရုရှားလိုလားတဲ့ ယူကရိန်း ခွဲထွက်ရေး စစ်သွေးကြွတွေက ဖျောက်ဖျက်ဖို့ လုပ်နေတဲ့သတင်းတွေ ဆက်တိုက်ထွက် လာနေပါတယ်။ 

ယူကရိန်းခွဲထွက်ရေးသမားများနဲ့ လေယာဉ်ပျက်က ကျန်ရှိပစ္စည်းတချို့
ယူကရိန်း ခွဲထွက်ရေး စစ်သွေးကြွတွေက ခရီးသည်တွေရဲ့ အလောင်းတွေ၊ ပစ္စည်းတွေ၊ လေယာဉ်ပျက် အပိုင်း အစတွေကို စုံစမ်းရေးသမားတွေ လာတဲ့အခါ အဖြေမှန်မထွက်ရေး၊ ရှုပ်ထွေးမှုတွေ ဖြစ်သွားအောင် မူလ အနေ အထားတွေပျက်ယွင်းအောင် လုပ်နေပြီး ဒီကိစ္စအပေါ် ဥပရောပနိုင်ငံတွေနဲ့ နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။ 


အိမ့်သံစဉ် ~
http://blog.irrawaddy.org/2014/07/mh-17_20.html


No comments :

Post a Comment

Twitter Bird Gadget