.

Sunday, July 20, 2014

၁ဝ နှစ်သမီးကို အစာအငတ်ထားတဲ့ မွေးစားဖခင်ကို ထောင် ၃ နှစ်ချ

Unknown | 2:01 AM | Unknown | 2:01 AM |
Unknown | 2:01 AM | Best Blogger Tips
မွေးစားဖခင်တယောက်ဟာ ၁ဝ နှစ်အရွယ် ကျောင်းသူတဦးကို အစာ အငတ်ထားတာ အပြစ်ရှိကြောင်း သိသာထင်ရှားလို့ ဗြိတိန်နိုင်ငံ Minshull Street Crown တရားရုံးကနေ ထောင်ဒဏ် ၃ နှစ်အမိန့်ချမှတ် လိုက် ပါတယ်။ 


Minshull Street Crown  တရားရုံး၊ ဓာတ်ပုံ- Google Street View

မိသားစုက အသားငါးတွေ စားနေချိန်မှာ မွေးစားသမီး ကျောင်းသူလေးဟာ သူတို့တွေနဲ့ အတူစားခွင့်လည်း မရှိခဲ့သလို စားရတော့လည်း အာလူးပြုတ် လောက်ပဲ ကျွေးခဲ့တာကို စားခဲ့ရပါတယ်တဲ့။ ဒီအပြင်  အခု 
ထောင်ဒဏ်ပေးခံလိုက်ရတဲ့ အသက် ၃၂ နှစ် အရွယ် မွေးစား ဖခင်ကလည်း သူ့ကို နှိပ်စက်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ 

၂ဝ၁၃ ခုနှစ် က ရေချိုးခန်း ကြမ်း ပြင် ကျွံကျသွားလို့ အတော်လေး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တဲ့ ၁ဝ နှစ်အရွယ်ကျောင်းသူလေးကို အရေးပေါ် လူနာ တင်ယာဉ်နဲ့ ဆေးရုံကို တင်ပို့ခဲ့ရပါတယ်။ 

မွေးစားသမီးလေး ဆေးရုံရောက်မှ ဆရာဝန်တွေက ကလေးမလေးမှာ အတော်ပဲ အာဟာရချို့တဲ့နေပြီး ဝမ်းဟောက်ပက် ဖြစ်နေတာကို တွေ့ရှိခဲ့တာပါဘဲတဲ့။ 

တရားရုံး ကြားနာမှုမှာ သူ့ရဲ့ အိမ်တွင်းဘဝ လျှို့ဝှက်ချက်အသေးစိပ်ကို ထိမ်းသိမ်းခဲ့မယ်ဆိုရင် ၁၀ နှစ် သမီးလေးရဲ့ အမေ ဖြစ်သူကတော့ နေ့တိုင်း အစာကျွေးမှာပါလို့ ကတိပေးပြီး ပူတင်းနဲ့ တခြားအာဟာရ ရှိတာတွေလည်း ကျွေးပါမယ် တဲ့။ 

မွေးစားသမီးလေးဟာ အခြား မောင်နှမတွေ ဆော့ကစားကြတဲ့ အရုပ်တွေ၊ လျှပ်စစ်ပစ္စည်းတွေကိုလည်း ယူကစားခွင့် မရ ပါ ဘူးတဲ့။ အစားအသောက် စားရာမှာတင် ခွဲခြားထားတာ မဟုတ်ပဲ မိသားစုထဲမှာပါ အစစအရာရာ ခွဲခြားဆက်ဆံခံခဲ့ရ တာ လို့ ဆိုပါတယ်။ 

 မွေးစား သမီးလေးဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း ခွဲခြား နှိပ်စက်ခြင်းတွေကို တအိမ်ထဲနေမိသားစုတွေက လုပ်ဆောင်ခဲ့တာဟာ အတော်ဝမ်းနည်ကြေကွဲဖွယ်ရာ ဖြစ်ရပ်ပဲလို့ အဲဒီအမှုကို ကိုင်တွယ်တဲ့ စုံထောက်ကလည်း မှတ်ချက်ပေးထားပါတယ်။ 

အခုလို အိမ်တွင်း ခွဲခြားမှု၊ အစာအငတ်ထားမှုတွေရဲ့ အဓိက တရားခံ ဖြစ်သူ မွေးစားဖခင်ကို ထောင်ဒဏ် ၃ နှစ်အပြစ် ပေးတယ်လို့ တရားရုံးက အမိန့်ချပြီးနောက်မှာတော့ မွေးစားသမီးလေးဟာ သူ့ဘဝရဲ့ ကျန်ရှိတဲ့အချိန်တွေမှာ ချစ်ခင်နွေးထွေး တဲ့ ပတ်ဝန်းကျင်မှာ အစာအဟာရလည်း အပြည့်စားရမယ့် ရပ်ဝန်းမှာ ရောက်ရှိနေပါပြီလို့ သတင်းက ဆိုပါတယ်။ 

ဒီသတင်းဟာ ယဉ်ကျေးတဲ့ လူ့ဘဝကြီးထဲမှာ မယဉ်ကျေးတဲ့ အိမ်တွင်း လူအများ မမြင်နိုင်တဲ့ နေရာတွေ မှာ ခွဲခြားမှုနဲ့ လူ မဆန်စွာ ပြုမူမှုတွေကို ဖော်ညွှန်းနေတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အလားတူ အဖြစ် ဆိုးမျိုးတွေ မရှိစေရေး အသိစိတ်နဲ့ ကာကွယ်တားဆီး ကြဖို့ လိုပါတယ်။

အိမ့်သံစဉ် ~
http://blog.irrawaddy.org/2014/07/blog-post_2412.html


No comments :

Post a Comment

Twitter Bird Gadget