.

Wednesday, June 4, 2014

အကုသလဆိုသောပါဠိကို အဘိဓာန်က . . .

Unknown | 5:18 AM | Unknown | 5:18 AM |
Unknown | 5:18 AM | Best Blogger Tips
Photo: အကုသလဆိုသောပါဠိကို အဘိဓာန်က . . . 
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►
demerit; sin; bad action, (adj,),unskilful.
Unskilled, unable; bad, evil, sinful, unhealthful, immoral ဟူ၍ဖွင့်
ဆိုသည်။ မလိမ္မာသော ၊ မကောင်းသော ၊ ကုသိုလ်မဟုတ်သောလို့မြန်မာ
မှုပြုထားတာကိုတွေ့ရတယ်။ 
အခုလည်း အင်တာနက်က လိုက်မကောင်းဘူး။ ဒါ အကုသလပဲ။
လိုင်းကလည်းအတော်ဆိုးသည် စစ်ခွေးအကြိုက်ဖြစ်နေသည်။
စစ်ခွေးတို့ကောင်းစားစဉ်က ကင်းပုန်းဝတ်လျှင် ထိုကင်းပုန်းဝတ်ရာ
နေရာရှိလျှပ်စစ်မီးများကို ဖျက်တောက်ထားလိုက်သည်။ 
သြော် အတော်ပင် သံဝေဃရဖွယ်ရာတွေပါတကား။ 
လျှပ်စစ်မီးအစရှိသောအလှူသည် စက္ခုကိုယ်ကာရကပြုသောအလှူဒါန
ဖြစ်သည်။ ထိုအလင်းကိုဖျက်တောက်သူသည် အပါယ်ငရဲအဆုံးဖြစ်
လေရာရာဘ၀တွင် စက္ခုနှစ်ကွင်းအလင်းမရတက်သည်ဟု ပေါရဏ
ဒီပနီကျမ်းတွင်ဖတ်ဖူးသည်။ 
အင်တာနက်ဟူသည် ကျမ်းစာစာအုပ်များကိုအလွယ်တကူကြည့်ရှု့နိုင်
သောနေရာဖြစ်သည်။ အားဝက်ဆိုက်များကိုမဆိုထားပါနှင့်ဦး၊ 
အလင်းရှင်၏ http://aungminkhoung.blogspot.com မှာပင်ပိဋကတ်သုံးပုံ
မြန်မာပြန်ရှိသည်။ လယ်တီဆရာတော်၊မင်းကွန်း၊မာန်လည်စသောအဓိပတိ
မထေရ်ကြိးများ၏ လက်ရာကျမ်းစာအုပ်ပေါင်းများစွာတင်ထားသည်။ယင်းတို့
ကိုဖတ်မည်ဆိုလျှင် ကိုယ်သေတာတောင် ယင်းကျမ်းစာအုပ်များက ဖတ်၍မ
ပြီးနိုင်အောင်ပင်။ ထို့ကြောင့် အင်တာနက်ကိုနှောက်နှေးကျန့်ကြာအောင်
တမင်စီမံခြင်းသည် ကြီးစွာသောအကုသိုလ်ပင်ဖြစ်သည်။
ထိုအင်တာနက်ကိုလိုင်းမကောင်းအောင်လုပ်ပေးထားခြင်းသည်လည်း
ပညာကိုနှောက်နှေးဟန့်တားသည်နှင့်တူသည်။
ထို့ကြောင့် ထိုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်သူတို့သည် သံသာရာတွင်
လူ့အန္ဓအဖြစ် နိဂုံးချုံ့ရရှာလိမ့်မည်။
ကုသလဟူသည် ချစ်စရာကောင်းသလောက် ယင်းကုသလကိုပြုသောသူ
အား များသောကောင်းကျိုးကိုပေးသလို အကုလဟူသည်ကြောက်စရာ
ကောင်းသလောက် ယင်းအကုသိုလ်ကိုပြုသောသူအား မကောင်းကျိုးကို
သာပေးတက်သည်။ ဒါကိုသုံးသပ်မိသော စာရေးသူသည် အတက်နိုင်ဆုံး
အကုသလကိုရှောင်ပါသည်။ ထို့အတွက်ကြောင့် အားလပ်ချိန်ကို စာရေး
ခြင်းဖြင့် ဓမ္မဒါနကိုပြုပါသည်။ ဓမ္မဟူသည် အလင်းဖြစ်သည်။ အဓမ္မဟူ
သည်အမှောင်ဖြစ်သည်။ ဓမ္မသည် အဖြူအမည်းအဆိုးအကောင်းအကြောင်း
အကျိုးကိုခွဲခြားသိမြင်နိုင်သည် တစ်ဆင့်တက်၍ စရဏတစ်ခုဖြင့်တွဲစပ်နိုင်
ပါက ယင်းဓမ္မသည် အလင်းတကာ့အလင်းပင်ဖြစ်သည်။
ယနေ့ခေတ် စစ်အစိုးရခေါ်အာဏာရူးတစ်သိုက်သည် ယင်းဓမ္မကို အဓမ္မ
အဖြစ်ပုံဖေါ်လိုက်ကြသည်။ ဗုဒ္ဓက အနတ္တ-အစိုးမရဟုဟောကြားသည်ကို
ယင်းစစ်ခွေးတစ်သိုက်က အတ္တ-အစိုးရ ဟုသုံးကာ မီးဖျက်သည်ရေဖျက်
သည်အင်တာနက်ဖျက်သည်။ကောင်းတာမှန်သမျှ ပြည်သူတွေအသုံးဝင်
တာမှန်သမျှ အကုန်ဖျက်သည်ပိတ်သည်မှိတ်သည်။ သမိုင်းဝင်ရှေးဟောင်း
ဘုရားစေတီသိမ်ကျောင်းကိုဖျက်သည်။မွတ်ဆလင်ဗလီကိုမဖျက်၊မွတ်ဆ
လင်သင်္ချိုင်းကိုမဖျက်။ ထိုသို့သော အကုသလမှန်သမျှကိုလုပ်နေသော
စစ်ခွေးတို့ရဲ့အနာဂတ်ခရီးသည် . . . . . . . ။
█ ░ အလင်းရှင် ░ █

အလင်းရှင်၏ http://aungminkhoung.blogspot.com/ မှာပင်ပိဋကတ်သုံးပုံ

No comments :

Post a Comment

Twitter Bird Gadget