.

Saturday, April 26, 2014

အွန်လိုင်းမှာ ဝေဖန်ခံနေရတဲ့ ရွှေတိဂုံပုံတူ ကိတ်မုန့်ခွဲခြင်း

Unknown | 9:55 AM | Unknown | 9:55 AM |
Unknown | 9:55 AM | Best Blogger Tips

Saturday, April 26, 2014
အခုရက်ပိုင်း အွန်လိုင်းမှာ ဝေဖန်မှုအများဆုံး ဖြစ်နေတာကတော့ ဥရောပကနေ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို တိုက်ရိုက်ပြေး ဆွဲမယ့် လေကြောင်းလိုင်း နားလည်မှု လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ မြန်မာ့ သင်္ကတ အထွဋ်အမြတ်ထားရာ ရွှေတိဂုံ ပုံစံတူ ကိတ်မုန့်လှီး တဲ့ ကိစ္စပါဘဲ။ 

မူရင်း သတင်းမှတ်တမ်းဓာတ်ပုံများကို ဤနေရာမှ ကူးယူဖော်ပြပေးလိုက်ပါတယ်။ 



ဂျာမနီနိုင်ငံ ဖရန့်ဖတ် လေဆိပ်ကနေ ရန်ကုန် လေဆိပ်ကို မရပ်မနား တိုက်ရိုက်ပျံသန်းမယ့် Condor ဂျာမနီ လေကြောင်း လိုင်းရဲ့ ကုမ္ပဏီ အကြီးအကဲတွေ၊ လေကြောင်း အရာရှိတွေနဲ့ အတူ ဂျာမနီ ဆိုင် ရာ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်တို့က ဖဲကြိုးဖြတ်တာ၊ ရွှေတိဂုံပုံစံ ကိတ်မုန့်ကို လှီးဖြတ်ကြတာတွေ အပေါ် အွန်လိုင်းလောကသားတွေက ပြင်းပြင်းထန်ထန် ဝေ ဖန်နေကြတာပါ။ 

အဓိက ထောက်ပြ ဝေဖန်တာကတော့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေရဲ့ ရွှေတိဂုံပုံစံတူကို အခုလို 
လေကြောင်း ပျံသန်း မယ့် အထိမ်းအမှတ် ကိတ်မုန့်လုပ်ပြီး လှီးဖြတ်ကြတာကို မြန်မာသံအမတ်ကြီးကပါ ပြုံးပြုံးရွှင်ရွှင် ပူးပေါင်း ပါဝင်နေတဲ့ အပေါ် ပြင်းပြင်း ထန်ထန် ဝေဖန်ကြတာပါ။ 



မလုပ်ကောင်းတာကို လုပ်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိသလို တချို့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်
ရေး လုပ်နေသူ တွေကလည်း ဒါကို ပြင်းပြင်းထန်ထန်ထောက်ပြသင့်တယ်လို့ ဝေဖန်တာတွေလည်း ရှိပါ တယ်။ 
အိမ့်သံစဉ် ~ 

No comments :

Post a Comment

Twitter Bird Gadget