.

Friday, April 18, 2014

လယ်တီသိမ်တော်ကြီးအား မူလပုံစံမပျက် ရွှေ့ပြောင်းပေးရန် ပြည်မြို့တွင် တောင်းဆို ဆန္ဒဖော်ထုတ်

Unknown | 10:53 PM | Unknown | 10:53 PM |
Unknown | 10:53 PM | Best Blogger Tips
လယ်တီသိမ်တော်ကြီးအား မူလပုံစံမပျက် ရွှေ့ပြောင်းပေးရန် ပြည်မြို့တွင် တောင်းဆို ဆန္ဒဖော်ထုတ်
ချမ်းမြ (မိုးမခအထောက်တော်)
ဧပြီ ၁၂၊ ၂၀၁၄

ဧပြီ ၁၁၊ ၂၀၁၄ ရက်နေ့က လယ်တီသိမ်တော်ကြီးအား မူလပုံစံမပျက် ရွှေ့ပြောင်းပေးရေးအတွက် လူအင်အား ၇၀ ခန့်ဖြင့် ရွှေဆံတော်ဘုရား အနောက်စောင်းတန်းမှ မနက် ၈ နာရီအချိန်တွင် စတင်ထွက်ပြီး ပြည်မြို့သို့ပတ်ကာ (၁) လယ်တီသိမ်တော်ကြီးအား မူလပုံစံမပျက် ရွှေ့ပြောင်းပေးရေး။
 (၂) လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ (၃) ကြေးနီစီမံကိန်းအတွင်း ဖမ်းဆီးထားသူများ ပြန်လွှတ် ပေးရေး၊ (၃) ဌာပနာဖောက်စားသည့် ဓမ္မအန္တရာယ်များမှ ကင်းလွတ်ရေး၊
 (၄) ၀မ်ပေါင်ကုမ္ပဏီ အလိုမရှိ၊ အလိုမရှိ (၅) ၀မ်ပေါင်ကုမ္ပဏီ ထွက်သွား ထွက်သွား ဟု ကြွေးကြော်သံများနှင့်အတူ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
မနက် ၁၁ နာရီအချိန်တွင်  ရွှေဆံတော်ဘုရား အနောက်ဘက်စောင်းတန်းသို့ ပြန်လည်ရောက်ရှိပြီး လူစုခွဲခဲ့ကြပါတယ်။
ဦးဆောင်ဆန္ဒဖော်ထုတ်သူ ကိုကျော်ဆွေက ဧပြီ ၄၊ ၂၀၁၄ ရက်နေ့က ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ခွင့် ခွင့်ပြုမိန့်ကို မြို့နယ်ရဲတပ်ဖွဲ့မှူးထံ စာတင်ခဲ့တယ်။ ဧပြီ ၉ ရက်နေ့မှာ ခွင့်ပြုမိန့်ပေးကြောင်း အကြောင်းကြားစာကို မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ ရရှိခဲ့တယ်ဟု ပြောဆိုခဲ့ပါတယ်။

အလင်းရှင်

မူလပုံစံအတိုင်းပုံစံမပျက်ရွှေ့လိုမရဘူး။ သံဃာတော်များမှကမ္မ၀ါစာဖတ်သမုတ်လိုက်ပြီ
ဆိုကတည်းက နှစ်သိန်းလေးသောင်းအထုရှီိသောမဟာပထ၀ီမြေကြီးအထိကို ဗုဒ္ဓအာ
ဏာစက်ကြောင့် သိမ်မြေဖြစ်သွားတယ်။ အကယ်၍ထိုသိမ်ကိုဖျက်ဆီးလိုပါကက သံဃာ
တော်များမှသိမ်နှုတ်ကမ္မ၀ါစာနဲ့ရွတ်ဖတ်လိုက်သည်နှင့် ယင်းသိမ်ဟာ ပျက်ဆီးသွားပါပြီ။
 

No comments :

Post a Comment

Twitter Bird Gadget