.

Monday, April 7, 2014

မွေးနေ့နှင့်ထပ်တူ

Unknown | 4:33 AM | Unknown | 4:33 AM |
Unknown | 4:33 AM | Best Blogger Tips
Photo: မွေးနေ့နှင့်ထပ်တူ 
◄►✂•••× ✂•••× ◄►
ဒကာဒကာမအပေါင်းသဟာညီညီမအပေါင်းတို့၏ မေတ္တာကိုခံယူရရှိ၍
ရွှင်လန်းမိသည်မှာအမှန်ပင်ဖြစ်ပါသည်။ ယင်းညီငယ်ညီမငယ်များအပေါင်း
တို့သည်လည်း နှလုံးစိတ်ဝမ်းရွှင်လန်းကြပါစေဟု ဆုမွန်းကောင်းတောင်းအပ်
ပါသည်။
ပြည်သူတို့ရဲ့ အနိဋ္ဌာရုံမြင်ကွင်းများကို မြင်တွေ့နေရ၍ မိမိမွေးနေ့တွင်လည်း
ပြည်သူအတွက် စိတ်ဖြေဆည်နိုင်သည်မဟုတ်ပါ။ အထူးသဖြင့် အကြမ်းဖက်
အဖြိုခွင်းခံလိုက်ရသော မီကျောင်းကန်အစရှိသော သပိတ်စခန်းများအတွက်
အထူးစိတ်မကောင်းဖြစ်မိပါသည်။ ရာသီဥတုရဲပူပြင်းမှုတွေကို ကြံြ့ကံခံနေရ
သည့်အပြင် အခုလို အကြမ်းဖက်သည့်အစိုးရရဲ့လုပ်ရပ်ကို အလွန်ရွှံမုန်းမိ
ပါသည်။ အားလုံးသော ပြည်သူတွေ စစ်ခွေးဆိုးတို့ရဲ့ အကြမ်းဖက်သောအဓမ္မ
လုပ်ရပ်များမှအမြန်ဆုံးလွတ်ကင်းကြပါစေဟု ဆုတောင်းပါသည်။
တစ်ဖန် ဗုဒ္ဓဘာသာအေ၇းကိုသုံးသပ်ကြည့်မည်ဆိုပါကလည်း လယ်တီစေတီ
တော်နှင့်လယ်တီသိမ်တော်မြတ်တို့အတွက် အထူးအသည်းကြွေ မပဒါမြေလူး
ဖြစ်ခဲ့ရပါသည်။ 
“သံကိုသံကဖျက် သံချေးတက်” ဆိုသည့်စကားအတိုင်း ဗုဒ္ဓမြတ်စွာသာသနာကို
ယင်းဗုဒ္ဓမြတ်စွာ၏သားတော်စာရင်းဝင်ဖြစ်သော (မဟန)ဥက္ကဌခေါင်းဆောင်သော
သံဃာများကြောင့် သာသနာအသက်သိမ်တော်မြတ်သည် မြေမှုန်ဘ၀သို့ရောက်ရှာ
ရလေပြီ ။ ဗုဒ္ဓမြတ်စွာကိုယ်စားတော်ဖြစ်သည့် ဓာတုစေတီ ဓမ္မစေတီ အစရှိသည့်
စေတီလေးမျိုးတွင်ပါဝင်သည့် လယ်တီစေတီတော်မြတ်သည်လည်း ပရိနိဗ္ဗာန်စံ
လွန်တော်မူရရှာလေပြီ . . ။
ဗုဒ္ဓဘာသာညီငယ်ညီမငယ်များအား  မိမိ၏မွေးနေ့တွင် ယခုကဲ့သို့သောအနိဋ္ဌာရုံများ
ကို သံဝေဃယူစေချင်သည်။ မိမိကိုယ်တိုင်လည်း ကြီးစွာသောသံဝေဃတရားကို
ရင်ထဲတွင်ကိန်းမိသည်။ ဗုဒ္ဓမြတ်စွာကို သတ်ဖြတ်ကြသောသူများသည် အခြားသူမ
ဟုတ် သူ့ရဲ့သားတပည့် (မဟန)များပင်တည်းဟု ခေါင်းညိတ်မိသည်။ နောက်နောင်
လည်း ထိုကဲ့သို့ မိစ္ဆာအလုပ်များကို (မဟန)ဘုန်းကြီးများ မလုပ်မိကြပါစေနှင့်ဟု
ဆုတောင်းပါသည်။ မိမိသည်လည်း ယင်းကဲ့သို့ ဗုဒ္ဓမြတ်စွာအားလုပ်ကြံ့ခဲ့ကြသော
ယခုဖြစ်ရပ်မျိုးကို မမြင်မကြားရပါစေနှင့်ဟု . .  ဆုတောင်းမိပါတော့သည်။
█ ░ အလင်းရှင် ░ █

No comments :

Post a Comment

Twitter Bird Gadget